ရှမ်းယူနိုက်တက်နှင့်ပြိုင်ပွဲအတွင်း ဆဲဆိုခဲ့သည့် အောင်ကောင်းမာန်ကို YCFC က ဒဏ်ကြေးငွေသိန်း (၃၀) ချမှတ်
သန့်ဇင်(NSS)-စက်တင်ဘာ ၂
ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းတို့ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀) ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာလိဂ်ပြိုင်ပွဲအတွင်း ဆဲဆိုခဲ့သည့် အောင်ကောင်းမာန်ကို မိခင်အသင်း YCFC က ဒဏ်ကြေးငွေသိန်း (၃၀) ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အတွင်း မြန်မာလိဂ်ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်စီးတီးအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီ မှ စက်တင် ဘာလ ၁ ရက်နေ့တွင် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်စီးတီးအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်းတစ်သင်း၏ စံနှုန်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကုန်စီးတီးအသင်း ကစားသမား အောင်ကောင်းမာန် ၏ အပြုအမူနှင့် ပတ်သတ်ပြီး ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်း ရေးကော်မတီဖြင့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဆဲရေးခဲ့သည်ကို သိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် အလားတူဖြစ်စဉ်များ နောက် ထပ်မံမဖြစ်ပွားစေရန် နှင့် စည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားရန်အတွက် ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ကစားသမား အောင်ကောင်းမာန် အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်ကောင်းမာန်လက်ရှိကစားနေသည့် မိခင် ရန်ကုန်စီးတီးအသင်းကလည်း ပြင်းထန်စွာသတိပေးခြင်း နှင့် ဒဏ်ကြေးငွေ သိန်း ၃၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပြစ်ဒဏ်ချမှတ်ခံသည့် အောင်ကောင်းမာန်သည် မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်ပြီး လက်ရှိတွင် အသက် (၂၈) နှစ်ရှိပြီဖြစ်ကာ ယခင်က ပြည်တွင်းပြည်ပ ကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲမှာ အမေရိကန်ကသုံးစွဲခဲ့တာတွေနဲ့ယှဉ်ရင် အီရန်စစ်ပွဲက ဘာမှဟုတ်မနေဘူးလို့ ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
07 Sep 2026 | အားကစား,နိုင်ငံတကာ
06 Sep 2026 | အားကစား,နိုင်ငံတကာ
04 Sep 2026 | အားကစား,နိုင်ငံတကာ
03 Sep 2026 | အားကစား,ပြည်တွင်း
