ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဒုတိယသမ္မတဦးညိုစောနှင့် ရုရှားဒုဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် တို့ဆွေးနွေး
သန့်ဇင်(NSS)-စက်တင်ဘာ ၂
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဒုတိယသမ္မတဦးညိုစောနှင့် ရုရှားဒုဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် တို့ ယမန်နေ့(စက်တင်ဘာ ၁ ရက်) မွန်းလွဲ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရေးကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရယ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်း ရေးမှူး မစ္စတာ အန်တွန်ကိုဗျာကော့ဗ်၊ ရော့စ်ကွန်ဂရက်စ်ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးရှတီရော့ဗ်တို့နှင့် ဗလာဒီဗော့စတော့မြို့၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာသံ အမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းယူနိုက်တက်နှင့်ပြိုင်ပွဲအတွင်း ဆဲဆိုခဲ့သည့် အောင်ကောင်းမာန်ကို YCFC က ဒဏ်ကြေးငွေသိန်း (၃၀) ချမှတ်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
