နီပေါဖြစ်ရပ်ဆိုးက ရာသီဥတုဖောက်ပြန်မှုဆိုင်ရာသတိပေးချက်တစ်ခုဖြစ်တယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - စက်တင်ဘာလ ၂
တိဘက်-နီပေါနယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ရေခဲတောင်ပြိုကျမှုဟာ လူပေါင်းများစွာကို အသက်ဆုံးရှုံးစေခဲ့တဲ့ရေကြီးမှုတွေကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး နီပေါနိုင်ငံအတွက် ရာသီဥတုဖောက်ပြန်မှုအန္တရာယ်တွေ ကြီးထွားလာမှုရဲ့ သတိပေးတဲ့အချက်ပြမှုတစ်ခုဖြစ်တယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးရှီဆာကာနယ်က ပြောကြားခဲ့ပါတယ်။
နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာကာနယ်က "ဒီသဘာဝဘေးအန္တရာယ်က ရာသီဥတုပြောင်းလဲမှုတွေက နီပေါနိုင်ငံအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေတယ်ဆိုတာကိုသတိပေးတဲ့အချက်ပြမှုတစ်ခုလို့ ကျွန်တော်တို့ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
တိဘက်-နီပေါနယ်စပ်မှာ ဆိုးရွားတဲ့ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူပေါင်း(၁၀၀၀)ကျော်သေဆုံးထားပြီး အခြားလူ(၄,၅၀၀) ဦးနီးပါက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ပရဟိတလုပ်ငန်းတွေထက် ရာသီဥတုဆိုင်ရာတရားမျှတမှုကို အခြေခံတဲ့နိုင်ငံတကာအကူအညီတွေကို ရှီဆာကာနယ်က ဖိတ်ခေါ်ခဲ့တယ်လို့လည်းသိရပါတယ်။
ရှီဆာကာနယ်က "ဟိမဝန္တာဒေသက ရာသီဥတုပြောင်းလဲလာမှုကို အရေးကြီးတဲ့ရှုထောင့်တစ်ခုကနေ ရှုမြင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့တောင်းဆိုပါတယ်”လို့ ပြောခဲ့ပါတယ်။
နီပေါနိုင်ငံအတွက် ထောက်ပံ့မှုအကူအညီတွေ ဒါမှမဟုတ် ပရဟိတရှုထောင့်ကနေသာမက ရာသီဥတုဆိုင်ရာတရားမျှတမှုရှုထောင့်ကနေလည်း ရှုမြင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရှီဆာကာနယ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှီကျင့်ဖျင်၏ အိန္ဒိယ၊ အမေရိကန် ခရီးစဉ်များနဲ့ ကမ္ဘာ့အခြေအနေကို လေ့လာခြင်း
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
