မြန်မာ့ငှက်သိုက်ကို တရုတ်သို့ GACC ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ရရှိပါက မူလဈေးနှုန်းထက် (၅) ဆအထိ တိုးမြင့်ရလာနိုင်
သန့်ဇင် (NSS) - စက်တင်ဘာလ ၂
မြန်မာနိုင်ငံမှထွက်ရှိသည့် ငှက်သိုက်ကို တရုတ်သို့ GACC ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ရရှိပါက မူလဈေးနှုန်းထက် (၅) ဆအထိ တိုးမြင့်ရရှိလာနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myan Trade) ထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရ သည်။
မြန်မာ့ငှက်သိုက်ထုတ်လုပ်ရေးလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံသို့ ငှက်သိုက်တရားဝင် တင်ပို့ခွင့်ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်နေသကဲ့သို့ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ တရားဝင် တင်ပို့ခွင့် ရရှိရေးလည်း လုပ်ဆောင်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငှက် သိုက်ဝယ်လိုအား အကြီးမားဆုံးဈေးကွက်ဖြစ်ရာ မြန်မာ့ငှက်သိုက်များ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC ၏ တရားဝင်တင်ပို့ခွင့်ရရှိပါက စီးပွားရေးအရ ထိရောက်သောအခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း ငှက်သိုက်ရောင်းဝယ်ရေးဈေးကွက်တွင် အတန်အသင့်သန့်စင်ပြီး ငှက် သိုက်ကုန်ကြမ်းတစ်ပိဿာလျှင် ပျမ်းမျှငွေကျပ် (၅၅) သိန်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ ထို့ ကြောင့် မြန်မာ့ငှက်သိုက်အများအပြားသည် အရည် အသွေးကောင်းမွန်သော်လည်း ထိုက်သင့်သည့် တရားဝင်ဈေးနှုန်းမရရှိပါသဖြင့် ဒေသတွင်းပို့ကုန် နိုင်ငံများ၏ အတွေ့အကြုံအရ တရုတ်နိုင်ငံ၊ GACC ၏ခွင့်ပြုချက်ရှိပါက ငှက်သိုက်ပို့ကုန်တန်ဖိုးသည် အနည်းဆုံး(၃)ဆမှ(၅)ဆအထိ တိုးတက်လာလေ့ ရှိသဖြင့် မြန်မာနိုင်ငံအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ပိုမိုရရှိလာနိုင်ကြောင်း လည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆို သည်။
ထို့ပြင် Traceability စနစ်ပါဝင်သည့် အရည်အသွေးမြင့် ငှက်သိုက်များကို တရုတ်နိုင်ငံ၏ ကြီးမားသော e-Commerce Platform နှင့် ကျန်းမာရေးဖြည့်စွက်စာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်မည့်အခွင့်အလမ်းများ ရရှိလာမည်ဖြစ် ကြောင်းလည်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ပြောကြားထားသည်။

ဈေးကွက်အခွင့်အလမ်းများအနေဖြင့် တရုတ်နိုင်ငံ၏ အဓိကဆေးဝါးနှင့် ကျန်းမာရေးကုမ္ပဏီ ကြီးများနှင့် တိုက်ရိုက် B2B စာချုပ်များ ချုပ်ဆိုနိုင် မည်ဖြစ်ပြီး ကုန်ကြမ်းအပြင် သန့်စင်ပြီး ငှက်သိုက်နှင့် အသင့်သောက် ငှက်သိုက်ရည်ထုတ်လုပ်သည့် တန် ဖိုးမြင့် (Value-added) စက်ရုံများလည်း ထပ်မံပေါ် ပေါက်လာနိုင်ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။
ထို့ပြင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်တွင်း အရည်အသွေးထိန်းချုပ်မှုစနစ်များကို မြှင့်တင်နိုင်မည်ဖြစ်ကာ သန့်စင်ထုတ်လုပ်မှုကဏ္ဍတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆိုသည်။
သို့သော် တရားဝင် ဈေးကွက်ဝယ်လိုအား ကို ရယူထိုးဖောက်နိုင်ရန်အတွက် တရုတ်နိုင်ငံ၊GACC ၏ ကြက်ငှက်တုပ်ကွေးနှင့် ရောဂါကင်းစင်ရေး စံချိန်စံညွှန်းများ၊ Traceability စနစ်များနှင့် မြန်မာနိုင်ငံရှိ ငှက်သိုက်သန့်စင်စက်ရုံများ တရားဝင် စာရင်းသွင်း စစ်ဆေးမှုခံယူနိုင်ရေးနှင့် ငှက်သိုက်ထုတ်လုပ်သည့်စက်ရုံများကို GACC အသိအမှတ်ပြုရရှိရေး စနစ်ကျသည့်အစီအမံများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်နေကြောင်းလည်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က NP News သို့ ပြန်လည်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နီပေါဖြစ်ရပ်ဆိုးက ရာသီဥတုဖောက်ပြန်မှုဆိုင်ရာသတိပေးချက်တစ်ခုဖြစ်တယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
