ကယားလွှတ်တော်တွင် တန်ဖိုးသင့်အိမ် ဆောက်လုပ်၊ နေရာချပေးရန် အဆိုအောင်သည့်အပေါ် ပြည်သူများ မျှော်လင့်နေ
သုတကျော် (NSS) - စက်တင်ဘာလ ၂
ကယားပြည်နယ် ပြန်လည်ထူထောင်ရာ၌ တန်ဖိုးသင့်အိမ် ဆောက်လုပ်၊ နေရာချပေးရန် အဆိုအောင်သည့်အပေါ် ပြည်သူများမျှော်လင့်နေကြောင်း ကယားပြည်နယ်အရေးနှင့်ပတ်သက်၍ သိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်စည်းဝေးကို ဩဂုတ်လ (၁၄) ရက်မှ (၁၇)ရက်အထိပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် အဆို (၁) ခု ၊ နည်းဥပဒေပြင်ဆင်ချက် အဆို (၁) ခုနှင့် ကြယ်ပွင့်ပြမေးခွန်း (၁၅)ခုတို့ကို တင်သွင်း၊ မေးမြန်းခဲ့သည်။ ယင်းအစည်းအဝေးကာလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ် ငန်းချမှတ်ဆောင်ရွက်ရာ၌ ဒေသနှင့်ကိုက်ညီသော တန်ဖိုးသင့်/နည်းအိမ်ရာများ ဆောက်လုပ်နိုင်ရေးအ တွက် နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ လျာထား ချက်တင်သွင်းစဉ်တွင် လိုအပ်သော ဘဏ္ဍာရန်ပုံငွေ ကို ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းပါဝင်စေပြီး ခွင့်ပြုရရှိသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်သူ့ နေအိမ်များဆောက်လုပ်ပေးခြင်းနှင့် နေရာချထားပေး ခြင်းတို့ကို စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်ပေးရန် ကယားပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်(၅)ဦးက ထောက်ခံဆွေးနွေးခဲ့ ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်လှက သ ဘောထားရှင်းလင်းတင်ပြရာ အဆိုရှင် လွှတ်တော် ကိုယ်စားလှယ်၏သဘောထားကိုမေးမြန်း၍ လွှတ် တော်အဆုံးအဖြတ်ရယူရာ ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လွှတ်တော်က အတည်ပြု ကြောင်းကြေညာခဲ့သည်။
“ပြောမယ်ဆိုဗျာ တကယ်ပျက်စီးသွားတဲ့ (လွိုင်ကော်မြို့က) နောင်ယား(က)တို့၊ ဈေးပိုင်းတို့ ဆို အဓိက အပျက်အစီးအများဆုံး။ အဲဒီမှာက လမ်းခင်းတယ်၊ လမ်းဘေး ဝဲ၊ ယာ ကျောက်စီရေ မြောင်းတွေလုပ်တယ်။ အဲဒီတော့ စဉ်းစားကြည့်ဗျာ။ လမ်းမိုင်လေး တစ်မိုင်၊ သုံးဖာလုံ၊ လေး ဖာလုံလောက် ဆို သိန်းထောင်ချီပေးရတာ။ ရေမြောင်းဆိုလည်း ရေမြောင်းတူးတယ်၊ ကျောက်စီတယ်၊ မြောင်းဖုံးတွေ နဲ့။ ဘေးအိမ်တွေကိုကြည့်လိုက်တော့ အိမ်တွေက မီးလောင်ပျက်စီးပြီးတော့ အုတ်ရိုးပဲကျန်တယ် မဖြစ် သင့်ဘူးလေ။ ကိုယ်စားလှယ်တွေကလည်း အဆိုတင် တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ တွင် ဆောက်လုပ်ပေးမည့်နေအိမ်အပေါ် ကြိုတင် လျာထားဆောင်ရွက်ပေးရန် မျှော်မှန်းနေကြခြင်းမျိုး လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပင်စင်စားတွေ ဦးစားပေးပေါ့ဗျာ။ ပြန်မလုပ်နိုင်တဲ့သူတွေပေါ့။ ပြည် နယ်အစိုးရက လုပ်ပေးဖို့မျှော်လင့်တာပေါ့။ ပြည်နယ် အစိုးရကလည်းလုပ်မှာပါ။ အဆိုဖြစ်တဲ့အတွက် အ ကောင်အထည်ဖော်ပေးရမယ့်တာဝန်က ရှိကိုရှိ သွား ပြီ”ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ကြောင့်ပျက်စီးခဲ့သောအမြန်လမ်း ဒုဋ္ဌဝတီတံတား နှစ်မကုန်မီ ပြန်ဖွင့်နိုင်မည်ဟု သိရ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
