မော်လမြိုင်ရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူ(၄)ဦးကို သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ
NSS - စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူ (၄) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဓားတိုက်ခံရမှုသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်၊ နံနက် (၄) နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇) ရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ကျူးလွန်သူများက မျက်နှာဖုံးနှင့် လက်အိပ်အနက်ရောင်များဝတ်ဆင်ထားသည့် ငြမ်းပေါ်မှတစ်ဆင့် နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်များဖြင့် ခြိမ်းခြောက်၍ မီးခံသေတ္တာနှင့်စာရွက်စာတမ်းများအပါအဝင် ငွေကြေးများလုယက်သွာခဲ့ခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။


ထို့နောက် စက်တင်ဘာ (၁) ရက်တွင် ကျူးလွန်သူများဖြစ်သည့် အသက် (၃၄) နှစ်အရွယ် ကျော်တင့်(ခ)ဖိုးကျော်၊ အသက် (၂၅) နှစ်အရွယ် မင်းကိုကို၊ အသက် (၂၄) နှစ်အရွယ် မင်းထက်သာနှင့် အသက် (၃၈) နှစ်အရွယ် စောတင်ရဲအောင်(ခ)ကတုံး(ခ) ကရင်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ကျူးလွန်သူများမှာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ကနဦး သိရသည်။

ထို့ပြင် ၎င်းတို့လုယက်ယူဆောင်သွားခဲ့သည့် မီးခံသေတ္တာအတွင်းမှ ရွှေ (၁၀) ကျပ်သား ရွှေတုံး(၄၀) တုံးနှင့် (၁၃) ကျပ်သား ရွှေပိုက်ဆံအိတ် အပါအဝင် ရွှေထည်နှင့် လက်ဝတ်လက်စားများကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယားလွှတ်တော်တွင် တန်ဖိုးသင့်အိမ် ဆောက်လုပ်၊ နေရာချပေးရန် အဆိုအောင်သည့်အပေါ် ပြည်သူများ မျှော်လင့်နေ
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
