Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိ

ပုလဲ (NSS) - စက်တင်ဘာ ၂ 

ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိ ဒေသများ ဘေးကင်းလုံခြုံမှုရှိပြီး ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ 

အောက်ပေါင်းလောင်းရေလှောင်တမံသည် လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီထိန်းသိမ်းဆောက်ရွက်လျက်ရှိသကဲ့သို့ ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်း သိရသည်။

ထို့ပြင် ရေလှောင်တမံသည် မူလကန်ရေပြည့် ရေလှောင်ပမာဏ (၅ ဒသမ ၄၉) သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တံခါးရွက် (၂၀) တပ်ဆင်၍ ရေလှောင်ပမာဏဧကပေ (၂၁,၀၀၀) ခန့် ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ် ရေအားလျှပ်စစ် ယူနစ်ရှစ်သန်းပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် (၉၁၉) သန်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ နေပြည်တော် ဇေယျာသီရိမြို့နယ် အောက်ပေါင်းလောင်းရေလှောင်တမံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ယမန်နေ့ (စက်တင်ဘာ ၁ ရက်) တွင် သွားရောက်၍ တမံအတွင်းရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တမံလုံခြုံရေးနှင့် တမံဘေးကင်းလုံခြုံမှုအချက်ပြ အလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်းလည်း သိရသည်။

အောက်ပေါင်းလောင်း ရေလှောင်တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ် တာကာလအတွင်း ရေပိုလွှဲမှ (၁၈) ကြိမ် ရေကျော်စီးဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ပြီး ဒေသတွင်း ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအခြေအနေအရဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း နှင့် ရေသိုလှောင် ပမာဏများပြားသော တမံများ၏ အခြေအနေကို သက်ဆိုင်ရာဒေသအသီးသီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လမြိုင်ရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူ(၄)ဦးကို သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved