ပင်လောင်းတွင် ငွေကျပ် (၁ ဒသမ ၇၂ ဘီလျံ)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်မင်းအိမ် (NSS) - စက်တင်ဘာ ၂
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် တွင် ငွေကျပ် (၁ ဒသမ ၇၂ ဘီလျံ)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဩဂုတ် ၂၄ ရက်)၊ နံနက် (၁၁) နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် လိန်းလီရွာအနီး၌ ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာနေ အသက်(၅၅) နှစ်အရွယ်ရှိ ဇော်ဇော်အောင် မောင်းနှင်လာသည့် NISSAN DUMP အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြာင်း သိရသည်။
ထိုသို့ရှာဖွေရာ မဟာအောင်မြေမြို့နယ် ဇော်မင်းရပ်ကွက်နေ ပိုင်သူကျော် (ခ) ပိုင်သူ (၃၁) နှစ် လိုက်ပါလာပြီး၎င်းတို့နှင့်အတူ ၎င်းဒေသတန်ဖိုးငွေတစ်ပြားလျှင် ငွေကျပ် (၅၀၀) နှုန်းဖြင့် ကျပ် (၁ ဒသမ ၇၂) ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြား (၃၄ ဒသမ ၄) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံမူးယစ်ေဆးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ပြီးခဲ့သည့် (ဩဂုတ် ၂၉ ရက်) ညနေ (၄) နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရန်ကုန်တိုင်းေဒသကြီး ကမာရွတ်မြို့နယ် (၅) ရပ်ကွက် စံပါယ်မာဃလမ်းအတိုင်း လမ်းလျှောက်လာသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နေ အသက်(၃၈)နှစ်အရွယ် အောင်မျိုးမင်း (ခ) ကိုမျိုးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဒေသတန်ဖိုး တစ်ပြားလျှင် ငွေကျပ် (၂၀၀၀) နှုန်းဖြင့် ငွေကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၀၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း လည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိ
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
