ထိုင်းနိုင်ငံရဲ့သင်္ကေတ မွေထိုင်းနဲ့တုတ်တုတ်ကို သီချင်း MV ထဲမှာ ထည့်သွင်းပြသလာတဲ့ Blackpink အဖွဲ့ဝင် လီဆာ
ရောင်နီ (NSS) - စက်တင်ဘာ ၂
ကမ္ဘာကျော် K-pop မိန်းကလေးအဖွဲ့ Blackpink ရဲ့အဖွဲ့ဝင် ထိုင်းနိုင်ငံသူ အဆိုတော်လီဆာ ဟာ သူမရဲ့ Single သီချင်းသစ် “SaWaDiKa” ရဲ့ပရိုမိုးရှင်းပုံရိပ်တွေမှာ မွေထိုင်း (ထိုင်းရိုးရာလက်ဝှေ့)နဲ့ သုံးဘီးကား(တုတ်တုတ်) တို့ကိုပေါင်းစပ်ပြီး ခေတ်မီဆန်းသစ်တဲ့ ဖက်ရှင်စတိုင်နဲ့ ပြသလိုက်ပါတယ်။
သီချင်းသစ်အတွက် ပရိုမိုးရှင်းဓာတ်ပုံတွေမှာ လီဆာကို “LISA” လို့ စာတမ်းထိုးထားတဲ့ ခါးပတ်ပါဝင်တဲ့ မွေထိုင်း ဝတ်စုံဆန်းနဲ့မြင်တွေ့ရပါတယ်။ ဒါအပြင် အပြာနဲ့ အနီရောင် သုံးဘီးကားပေါ်မှာ သားရေ ဝတ်စုံနဲ့ ဒေါက်မြင့် ဘွတ်ဖိနပ်တို့ကို တွဲဖက်ဝတ်ဆင်ထားတဲ့ ပုံရိပ်တွေလည်းတွေ့မြင်ရပါတယ်။
သီချင်းခေါင်းစဉ်ဖြစ်တဲ့ "SaWaDiKa” ဟာလည်း ထိုင်းဘာသာစကားနဲ့ နေ့စဉ် သုံးစွဲနေတဲ့ နှုတ်ခွန်းဆက်စကား “Sawasdee Ka” ကို အမည်ယူထားခြင်း ဖြစ်ပြီး ထိုင်းယဉ်ကျေးမှုကို ကမ္ဘာ့ဂီတစင်မြင့်ဆီ ပိုမို ထင်ရှားစေစွာ ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

သီချင်းသစ် “SaWaDiKa” ကို စက်တင်ဘာ ၃ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အဲဒီသီချင်းဟာ အောက်တိုဘာ (၂၃) ရက်မှာ ထွက်ရှိလာမယ့် သီချင်း (၆) ပုဒ်ပါဝင်တဲ့ သူမရဲ့ "PRESS PLAY” အမည်ရှိ Mini Album (EP) ရဲ့ပထမဆုံး ခေါင်းစည်း Single သီချင်းလည်းဖြစ်လာမှာဖြစ်ပါတယ်။
လီဆာဟာ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “LALISA” နဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Rockstar” သီချင်းမှာလည်း ထိုင်းယဉ်ကျေးမှုနဲ့ ဘန်ကောက်မြို့ရဲ့ မြို့ပြပုံရိပ်တွေကို ကမ္ဘာသိအောင် ပုံဖော်ရိုက်ကူးခဲ့ဖူးပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လောင်းတွင် ငွေကျပ် (၁ ဒသမ ၇၂ ဘီလျံ)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
05 Sep 2026 | အနုပညာ,နိုင်ငံတကာ
02 Sep 2026 | အနုပညာ,နိုင်ငံတကာ
