တောင်ကိုရီးယားမှာ ကိုဗစ် ၁၉ ပြန်လည်ကူးစက်ပြန့်ပွားလာတဲ့ လက္ခဏာတွေကြောင့် နှာခေါင်းစည်းနဲ့ စစ်ဆေးရေးကိရိယာတွေ ရောင်းအားပြန်တက်လာ
ရောင်နီ (NSS) - စက်တင်ဘာ ၂
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာတဲ့လက္ခဏာတွေ တွေ့ရှိနေရတာကြောင့် ပြည်သူတွေအကြား နှာခေါင်းစည်းတွေနဲ့ရောဂါစစ်ဆေးတဲ့ကိရိယာတွေကို ဝယ်ယူမှုပြန်လည် မြင့်တက်လာတယ်လို့ သိရပါတယ်။
တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးအေဂျင်စီ (KDCA) ရဲ့ စာရင်းဇယားတွေအရ ဩဂုတ်လဆန်းပိုင်းအတွင်း ဆေးရုံတက်ရောက်ကုသရတဲ့ ကိုဗစ်-၁၉ လူနာအရေအတွက်ဟာ ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် (၆) ဆနီးပါးအထိ သိသိသာသာမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရောဂါကူးစက်မှုမြင့်တက်လာခြင်းနဲ့ အတူ ဆေးဆိုင်တွေနဲ့ကုန်တိုက်ဆိုင်တွေမှာ ရောဂါစစ်ဆေးတဲ့ကိရိယာတွေ ရောင်းအားသိသိသာသာမြင့်တက်ခဲ့ပြီး အချို့နေရာတွေမှာ ပစ္စည်းပြတ်လပ်မှုတွေတောင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အွန်လိုင်းစျေးဝယ်ဆိုက်တွေမှာလည်း နှာခေါင်းစည်း ဝယ်ယူမှုနှုန်း ထက်ဝက်ကျော်ခန့် ထပ်မံမြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေက အခုလိုရောဂါပြန်လည်ကူးစက်လာရခြင်းဟာ နွေရာသီ အဲကွန်းသုံးစွဲမှုများပြားကာ လေဝင်လေထွက် မကောင်းခြင်းနဲ့အတူ အိုမီခရွန်မျိုးကွဲသစ် KP.3 ပြန့်ပွားလာခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆေးရေးကိရိယာတွေနဲ့ ကုသဆေးဝါးတွေ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့ လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရဲ့သင်္ကေတ မွေထိုင်းနဲ့တုတ်တုတ်ကို သီချင်း MV ထဲမှာ ထည့်သွင်းပြသလာတဲ့ Blackpink အဖွဲ့ဝင် လီဆာ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
