'Princess Hours' ဇာတ်ကားထဲက သရုပ်ဆောင် လီယောင်းဂျူ အသက် (၄၄) နှစ်မှာ ကွယ်လွန်
ရောင်နီ (NSS) - စက်တင်ဘာ ၂
'Princess Hours' နဲ့ 'Blue Tower' ဇာတ်လမ်းတွဲတွေနဲ့လူသိများခဲ့တဲ့ တောင်ကိုရီးယားမင်းသား လီယောင်းဂျူဟာ အသက် (၄၄) နှစ်အရွယ်မှာ နှလုံးရပ်တန့် ခြင်း(cardiac arrest) ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို မင်းသားနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက သြဂုတ် (၂၉) ရက်မှာ လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြု ရေးသားခဲ့တာ ဖြစ်ပါတယ်။ မင်းသား လီယောင်းဂျူ ဟာ ၂၀၁၃ ခုနှစ်ကတည်းက မျိုးရိုးလိုက် နှလုံးကြွက်သားထူတဲ့ရောဂါအခံ (Hypertrophic cardiomyopathy) ရှိခဲ့သူဖြစ်ပြီး အဲဒီ ရောဂါကြောင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ မော်ဒယ်အဖြစ် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူ လီယောင်းဂျူ ဟာ ၂၀၀၆ ခုနှစ်ထွက် 'Princess Hours' ဇာတ်လမ်းတွဲမှာ အိမ်ရှေ့စံရဲ့သူငယ်ချင်း ဂျောင်ဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ကာ ပရိသတ်သတိပြုမိလာခဲ့ပြီး 'Unstoppable Marriage'၊ 'Rude Miss Young-ae'၊ 'Let’s Eat' နဲ့ 'Blue Tower' စတဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ခဲ့ပါတယ်။
နာရေးအခမ်းအနားကို ဂယောင်းဂီပြည်နယ်၊ ဆောင်းနမ်မြို့ရှိ Bundang Jesaeng ဆေးရုံမှာ ပြုလုပ်ခဲ့ပြီး သြဂုတ် (၃၁) ရက် နံနက်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှာ ကိုဗစ် ၁၉ ပြန်လည်ကူးစက်ပြန့်ပွားလာတဲ့ လက္ခဏာတွေကြောင့် နှာခေါင်းစည်းနဲ့ စစ်ဆေးရေးကိရိယာတွေ ရောင်းအားပြန်တက်လာ
RELATED POSTS
05 Sep 2026 | အနုပညာ,နိုင်ငံတကာ
02 Sep 2026 | အနုပညာ,နိုင်ငံတကာ
