အိန္ဒိယမှာ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး (၈) ဦးအပါအဝင် လူ (၁၁) ဦး သေဆုံး
ရောင်နီ (NP News) - စက်တင်ဘာ ၂
အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ အက်တာပရာဒေ့ရှ် ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ရုံမှာ ဩဂုတ် (၃၁) ရက်နေ့က ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ကလေး (၈) ဦး အပါအဝင် လူ (၁၁) ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြချက်အရ သိရပါတယ်။

အဆိုပါပေါက်ကွဲမှုဟာ အက်တာပရာဒေ့ရှ်ပြည်နယ်၊ ကောရှမ်ဘီ ခရိုင်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲအား ပြင်းထန်မှုကြောင့် စက်ရုံအနီးဝန်းကျင်ရှိ နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ရပါတယ်။ သေဆုံးသူအများစုဟာ အဲဒီနေအိမ်တွေမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် (၄) နှစ်မှ (၁၃) နှစ်အရွယ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် အခြားသူအများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိ ဆက်နာရာရန်ပရာဂျာပတ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ ချက်ချင်းအတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းတွေကို လိုက်နာမှုအားနည်းခြင်းနဲ့ ကြပ်မတ်မှု လျော့နည်းခြင်းတို့ကြောင့် ယခုလို စက်ရုံ/လုပ်ငန်းခွင် မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အိန္ဒိယအနောက်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုကြောင့် လူ (၁၇) ဦး သေဆုံးခဲ့ပြီး၊ ဧပြီလကလည်း မီးရှူးမီးပန်းဂိုဒေါင်တစ်ခု မီးလောင်မှုကြောင့် လူ (၈) ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Apple ရဲ့စီအီးအိုသစ်အဖြစ် ဂျွန်တာနက်စ် တာဝန်ယူ
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
