တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ကျားပေါက် (၄) ကောင် မွေးဖွား

စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ကျန်းမာသန်စွမ်းသော ကျားပေါက် (၄) ကောင်ကို ဩဂုတ်လ (၃၁) ရက်နှင့် စက်တင်ဘာ (၁) ရက်တို့တွင် အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း ယနေ့ (စက်တင်ဘာလ ၁ရက်) တွင် Yangon Zoo၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကျားပေါက် (၄) ကောင်ကို ကျားထီး ဂျက်ဆင် နှင့် ကျားမ ဝိုင်းချစ် တို့မှ မွေးဖွားပြီး (၂) ကောင်ကို ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) ည (၁၀) နာရီ (၆) မိနစ်နှင့် ည (၁၀) နာရီ (၅၃) မိနစ်တွင် မွေးဖွားခဲ့ကာ ကျန် (၂) ကောင်ကို ယနေ့ (စက်တင်ဘာ ၁ရက်) နံနက် (၄) နာရီ (၉) မိနစ်နှင့် နံနက် (၅) နာရီတွင် အသီးသီး မွေးဖွားခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်များ မွေးဖွားခြင်းသည် သဘာဝဖြစ်စဉ်တစ်ရပ်ဖြစ်သော်လည်း တိရစ္ဆာန်ဥယျာဉ်များအတွင်း မျိုးပွားမှု၊ ကျန်းမာရေးနှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် စနစ်တကျ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် Htoo Zoos & Gardens Business Unit အနေဖြင့် နိုင်ငံခြားပညာရှင်များ၏ Workshop နှင့် Training များမှ ရရှိသည့် အသိပညာ၊ နည်းပညာများနှင့် SEAZA Guidelines များကို အသုံးချကာ တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် Animal Collection Plan များ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပြီး တိရစ္ဆာန်များ၏ သဘာဝအလေ့အထနှင့် မျိုးပွားမှုဆိုင်ရာ စောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင်လည်း ဩဂုတ် (၃၀) ရက် နေ့လယ် (၁၁) နာရီ (၁၅) မိနစ်က ရေမြင်းပေါက်တစ်ကောင် ကျန်းမာစွာ မွေးဖွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ် ခရီးသွားနေရာများတွင် ပေါ်တာဆွဲဖမ်းဆီးနေသည်ဆိုခြင်းမှာ သတင်းတု၊ သတင်းမှားဟု ဆို
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
