ဒေါ်လာ (၁) ထရီလီယံတန် အာဖဂန်သတ္တုတွင်းများတွင် အမေရိကန် လာရောက် လုပ်ကိုင်ရန် တာလီဘန် ဖိတ်ခေါ် (နိုင်ငံတကာရေးရာ ဆောင်းပါး)

HtayOung (NSS)- စက်တင်ဘာ ၁
၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာပြီး တာလီဘန်တို့ အာဏာပြန်လည်ယူခဲ့ပါတယ်။
အဲ့ဒီနောက် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံနဲ့ ဆက်ဆံရေးကိစ္စမှာ စစ်ရေးအစား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘက်ကို ပြောင်းလဲနိုင်ဖို့အတွက် တာလီဘန်အစိုးရက ကြိုးပမ်းလာနေတယ်။
အမေရိကန်ကုမ္ပဏီတွေကို အာဖဂန်ရဲ့ သတ္တုတူးဖော်ရေး၊ အခြေခံအဆောက်အအုံနဲ့ စိုက်ပျိုးရေးကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး နှစ် (၂၀) ကြာ စစ်ပွဲအစား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်ဆံသင့်ကြောင်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီး က ပြောတယ်လို့ Business Insider(31 August 2026) က ရေးတယ်။
တာလီဘန်ရဲ့ အဆိုအရ အာဖဂန်မှာ ကြေးနီ၊ သံသတ္တု၊ လစ်သီယမ်၊ မြေရှားသတ္တု၊ ရွှေစတဲ့ အရေးကြီး သတ္တု အရင်းအမြစ်များ ဒေါ်လာ (၁) ထရီလီယံခန့် တန်ဖိုးရှိနိုင်ပြီး ၂၀၂၁ နောက်ပိုင်း သတ္တုတူးဖော်ရေး သဘောတူညီ ချက် ဒေါ်လာ (၇) ဘီလီယံကျော် ရရှိထားတယ်လို့ သိရှိရတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ အရေးကြီးသတ္တုများအတွက် တရုတ်အပေါ် မှီခိုမှုလျှော့ချရန် ကွန်ဂို ဒီမို ကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ ကြေးနီနဲ့ ကိုဘော့ကဏ္ဍကို ပိုမိုဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်းနေတယ်။
DRC က အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေအတွက် မဟာဗျူဟာမြောက် သတ္တုစီမံကိန်းအချို့မှာ ဦးစားပေး လုပ် ကိုင်ခွင့် ကမ်းလှမ်းထားတယ်။
ကွန်ဂိုဟာ ကမ္ဘာ့အကြီးဆုံး ကိုဘော့ထုတ်လုပ်သူဖြစ်ပြီး လည်ပတ်နေတဲ့ သတ္တုတွင်းများနဲ့ သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းရှိတဲ့အတွက် အာဖဂန်ထက် လက်တွေ့ရင်းနှီးမြှုပ်နှံနိုင်မှု ပိုမိုမြင့် မားတယ်။
၂၀၂၁ နောက်ပိုင်း တာလီဘန်ဟာ နိုင်ငံ့ဧရိယာအများစုကို လုံခြုံရေးအရ ထိန်းချုပ်ထားနိုင်ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှု၊ စီးပွားရေးအထီးကျန်မှုနှင့် အခြေခံအဆောက်အအုံချို့တဲ့မှုတို့ကြောင့် အာဖဂန်ရဲ့ ဧရာမ သတ္တုအရင်းအမြစ်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲနိုင်ရန် အခက်အခဲများစွာ ရှိနေဆဲတယ်။ လမ်း၊ လျှပ်စစ်၊ သတ္တုသန့်စင်စက်ရုံနဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေများ လုံလောက်တည်ငြိမ်မှု မရှိသေးတဲ့ အပြင် တာလီဘန်အစိုးရရဲ့ အမျိုးသမီးအခွင့်အရေးကိစ္စများက အနောက်နိုင်ငံရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးများ ဖြစ်နေတယ်။
တာလီဘန် (Taliban) ကို ၁၉၇၉–၁၉၈၉ ဆိုဗီယက်ကျူးကျော်မှု တွန်းလှန်ရေး အာဖဂန်စစ်ပွဲကာလမှာ တိုက် ရိုက်ဖွဲ့စည်းခဲ့တဲ့ မူဂျာဟီဒင်အဖွဲ့လို့တော့ မဆိုနိုင်ပါ။
၁၉၈၉ ဆိုဗီယက်တပ်များ ဆုတ်ခွာပြီးနောက် အချင်းချင်း ပြန်လည်တိုက်ခိုက်တဲ့ အာဖဂန်ပြည်တွင်းစစ်အတွင်း မူဂျာဟီဒင်အဖွဲ့တွေကွဲပြားသွားကြတယ်။
၁၉၉၄ ခုနှစ် ကန်ဒါဟာဒေသမှာ တာလီဘန်တို့ ပေါ်ပေါက်လာပြီး၊ အဖွဲ့ဝင်အများစုဟာ ယခင်ဆိုဗီယက်ဆန့်ကျင်ရေး မူဂျာ ဟီဒင်များ၊ အစ္စလာမ်ဘာသာရေးကျောင်းသားများနဲ့ စစ်ပွဲမျိုးဆက်သစ်တွေ ဖြစ်ကြပါတယ်။
၉/၁၁ အကြမ်းဖက်မှု ကျူးလွန်သူ အိုစမာဘင်လာဒင်နဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင်များကို ပေးအပ်ရန်ငြင်း ဆန်ကြောင်း အကြောင်းပြချက်နဲ့ အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်များက ၂၀၀၁-ခုနှစ်မြှ အာဖဂန်ကို ကျူးကျော်ပါတယ်။
၂၀၂၁ အမေရိကန်တပ်တွေ ဆုတ်ခွာပြီး တာလီဘန်တို့ ပြန်လည်အာဏာရလာချိန်ကစပြီး ယခင်ကလို “မြောက်ပိုင်းစစ်ဘုရင်များ” က အာဖဂန်နိုင်ငံရဲ့ ဒေသကြီးများကို သီးခြားအာဏာပိုင်အဖြစ် ထိန်း ချုပ်နေတဲ့ အခြေအနေ မရှိတော့ပါ။
တာလီဘန်ဟာ နိုင်ငံ့နယ်မြေအများစုကို စစ်ရေးအရ ထိန်းချုပ်ထားပြီး အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ အခွန်/အကောက်ခွန်စနစ်တွေကိုလည်း ဗဟိုချုပ်ကိုင်ထားပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမှာ တာလီဘန်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေ ရှိနေသေးပေမယ့် ယခင်မြောက်ပိုင်းမဟာ မိတ်များလောက် နယ်မြေကျယ်ပြန့်စွာ အုပ်ချုပ်နိုင်တဲ့ စစ်အင်အားမျိုး မဟုတ်တော့ပါ။
လုံခြုံရေးအရ ၂၀၂၁ မတိုင်မီလို နိုင်ငံအနှံ့ ပြည်တွင်းစစ်ကြီးမျိုး မဖြစ်တော့ဘဲ တာလီဘန်က အာဏာကို ခိုင်မာစွာ ထိန်းထားနိုင်ပါတယ်။
ခိုရမ်ဆန်ပြည်နယ် အခြေစိုက် IS-K အစ္စလာမ်မစ်စတိတ်စစ်သွေးကြွတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တာလီဘန်ဆန့်ကျင်ရေး အဖွဲ့ငယ်များတော့ ဆက်လက်တည်ရှိနေတယ်။
၂၀၂၁ နောက်ပိုင်း နိုင်ငံတကာ အကူအညီဖြတ်တောက်မှု၊ နိုင်ငံခြားငွေကြေးပြဿနာနဲ့ ဆင်းရဲမွဲတေမှုကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အခွန်/အကောက်ခွန်ဝင်ငွေ၊ ဒေသတွင်းကုန်သွယ်ရေးနဲ့ သတ္တု တူးဖော်ရေးတို့ကြောင့် အနည်းငယ် ပြန်လည်တည်ငြိမ်လာပါတယ်။
ပါကစ္စတန်နဲ့ အီရန်တို့ဟာ အာဖဂန်အတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်းများဖြစ်ပြီး တရုတ်၊ အာရှအလယ်ပိုင်းနိုင်ငံများနဲ့လည်း ဆက်သွယ်မှု တိုးလာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များထက် သိသိသာသာ ပိုမိုလက်တွေ့ကျလာပြီး တရုတ်၊ ရုရှား၊ အီရန်၊ အာရှအလယ်ပိုင်းနိုင်ငံများနဲ့ စီးပွားရေး/လုံခြုံရေးဆက်ဆံရေး တိုးလာပါတယ်။ ၂၀၂၅ ဇူလိုင်မှာ ရုရှားက တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံအများစုကတော့ တရားဝင်အသိအမှတ်ပြုခြင်း မပြုသေးဘဲ အမျိုးသမီးအခွင့်အရေးနဲ့ အကြမ်း ဖက်အဖွဲ့များဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ဆက်လက်ဖိအားပေးနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်၊ ဆော်ဒီနှင့် တူရကီတို့ "နေတိုး" ပုံစံ စစ်ရေးမဟာမိတ်ဖွဲ့၊ ပူးတွဲစစ်ဌာနချုပ်နှင့် အတွင်းရေးမှူးရုံး တည်ထောင်မည်
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
