(၂၀၂၆) ခုနှစ်၏ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးလေး Jinny Lu
Pika (NSS) - စက်တင်ဘာ ၁
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင်ကျင်းပခဲ့သောနှစ်ပတ်လည်ပွဲတစ်ခုတွင် အသက်(၆)နှစ်အရွယ် စက်အမျိုးအစားခွေးလေးက ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးဆုကိုရရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ်ကကျင်းပခဲ့သောပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သော Jinny Lu ဆိုသည့်ခွေးလေးသည် ဆန်တာရိုဆာမြို့ Sonoma County Fairgr ounds တွင် ကျင်းပခဲ့သော (၂၀၂၆)ခုနှစ် ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲတွင်အနိုင်ရရှိသူအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ခွေးများ၏ထူးခြားသည့်အလှအပကို ဂုဏ်ပြုကာ မွေးစားခြင်းကိုမြှင့်တင်ရန်ရည်ရွယ်သည့် နှစ်ပတ်လည်ပွဲသည် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း(၅၀)ပြည့်သွားပြီ ဖြစ်ကြောင်း လည်းသိရသည်။ Sonoma-Marin စိုက်ပျိုးရေးအသင်း၏ စီအီးအို Mandy Clendenen က “နှစ်ပေါင်း (၅၀)အတွင်း ဒီပွဲတော်က ခွေးတိုင်းရဲ့ထူးခြားမှုကိုဂုဏ်ပြုခဲ့ပြီး စာနာမှု၊ ကယ်တင်မှုနဲ့ လက်ခံမှုဆိုင်ရာအရေးကြီးတဲ့သတင်းစကားတွေကို မျှဝေနိုင် ခဲ့ပါတယ်” ဟု ပြောခဲ့သည်။

Jinny Lu ဆိုသည့်ခွေးလေးသည် တောင်ကိုရီးယားနိုင်ငံရှိ ခွေးသားရောင်းသည့် ဈေးကွက်မှ ကယ်တင်ခံလာရသည့်ခွေးလေးဖြစ်ပြီး ကယ်လီဖိုးနီးယားကယ်ဆယ်ရေးအဖွဲ့က မွေးစားရန်အတွက် အမေရိကန်သို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Jinny Lu ကို လွန်ခဲ့သည့်အချိန် (၄)နှစ် ခန့် က Ukiah မြို့တွင်နေထိုင်သည့် မီချယ် လီဂရက်ဒီက မွေးစားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
(၂၀၂၆)ခုနှစ် ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် Jinny Lu နှင့် ၎င်း၏ သခင် ဖြစ် သူမီချယ်လီဂရက်ဒီတို့သည် ဆုကြေးအနေဖြင့် အမေရိကန်ဒေါ်လာ(၅၀ဝဝ)နှင့် ဆုဖလားတစ်ခုတို့ကို ရရှိ ခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ဘူးအရေအတွက် အကန့်အသတ်ဖြင့်သာထုတ်လုပ်မည့် Mug root beer ဘူးများတွင်လည်း Jinny Lu က ခွေးလေး၏ ဓာတ်ပုံပါလာမည်ဖြစ်ကြောင်းလည်း သိရသည်။ ပင်ကီ ဟုခေါ်သော Chihuahua နှင့် Pomer anian မျိုးစပ် အဖြူရောင်ခွေးလေးက (၂၀၂၆)ခုနှစ် ကမ္ဘာ့ရုပ် အဆိုးဆုံးခွေးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ(၃၀ဝဝ) ရရှိခဲ့ကာ အော်တိုဟုခေါ်သော ချီဟွာဟွာမျိုးစပ်ခွေးလေးက တတိယဆုရရှိခဲ့ကာ အမေရိကန်ဒေါ်လာ (၂၀ဝဝ)ရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာ (၁) ထရီလီယံတန် အာဖဂန်သတ္တုတွင်းများတွင် အမေရိကန် လာရောက် လုပ်ကိုင်ရန် တာလီဘန် ဖိတ်ခေါ် (နိုင်ငံတကာရေးရာ ဆောင်းပါး)
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
