ဦနေဝင်း၏မြေးများမိသားစု စီမံခန့်ခွဲခဲ့ဖူးသောမြေနေရာကို Swiss Challenge ခေါ်မည်ဖြစ်ပြီး တန်ကြေး ဘီလျံ (၇၀ဝ) ကျော်ရှိနိုင်
ပုလဲ (NSS) - စက်တင်ဘာ ၁
ဦးနေဝင်းမြေးများမိသားစု စီမံခန့်ခွဲခဲ့ဖူးသော အင်းစိန်လမ်းမကြီးပေါ်ရှိ နဝရတ်ဟိုတယ်နှင့် မြေ အတွက် ငှားရမ်းခကို တစ်သမတ်တည်းမလုပ်ဘဲ (၁၀)နှစ်တစ်ကြိမ် ခေတ်နှင့်လျော်ညီသည့် ဈေးနှုန်း ပြောင်းလဲသင့်ကြောင်း စီးပွားရေးသုံးသပ်လေ့လာသူ သတင်းရင်းမြစ်တစ်ဦးက NP News မှတစ်ဆင့် သုံးသပ်ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်း စိန်လမ်းမကြီး၊ မြေ(၅)ဧကနှင့်အဆောက်အအုံကို ငှားရမ်းခြင်း၊ မြေ (၄ ဒသမ ၂၇၄)ဧကကို BOT စနစ် ဖြင့်ငှားရမ်းခြင်းတို့ကို (၃၀ နှစ်+ ၅ နှစ် + ၅ နှစ်) လုပ်ကိုင်ခွင့်ပြုမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များအနေဖြင့် Swiss Challenge တင်ဒါ အဆိုပြု လွှာ တင်သွင်းနိုင်ရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ဖိတ် ခေါ်ထားသည်။

ထိုသို့ တင်ဒါခေါ်ယူထားသည့်နေရာ၊ နဝရတ်ဟိုတယ်နေရာသည် ယခင်က ဦးနေဝင်းမိသားစု နှင့်ဆက်နွှယ်သည့် ပိုင်ဆိုင်မှုတစ်ခုအဖြစ် လူသိများခဲ့ပြီး လက်ရှိတွင် အင်းစိန်လမ်းမကြီးရှိ မြေဈေးများ သည် ၁ ှဆ ၤအ လျှင် နေရာအလိုက်၊ ဧကအလိုက် ငွေကျပ်(၁၅)သိန်းမှ သိန်း(၂၀)ကျော်အထိ ပေါက် ဈေးရှိနေရာ တင်ဒါခေါ်ယူထားသည့် မြေ (၉)ဧကကို 1 Sq Ft လျှင် သိန်း (၂၀)ကျပ်နှုန်းဖြင့်တွက်ချက်ပါ က(၇၈၄)ဘီလျံခန့် ပေါက်ဈေးရှိကြောင်း သိရသည်။
မြေဈေးနှုန်းများသည် နှစ်အလိုက်အတက်ဈေးဖြင့်သာရှိနေရာ ထိုသို့ ကျပ်ငွေဘီလျံ (၇၈၄)ခန့် တန်ဖိုးရှိနေသည့်မြေနေရာကို နှစ်(၄၀)ငှားရမ်းမည်ဆိုပါက နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ငှားရမ်းခ များရရှိစေရန်၊ အခွန်များ နစ်နာဆုံးရှုံးမှုမရှိစေရန် လာမည့် နှစ်(၄၀)တွင်ဖြစ်ပေါ်လာမည့် ပေါက်ဈေးနှုန်း များကိုလည်း တွက်ချက်၍ငှားရမ်းသင့်ကြောင်း၊ (၅)နှစ်တစ်ခါ သို့မဟုတ် (၁၀) နှစ်တစ်ခါ ပြန်လည် သုံးသပ်၍ ခေတ်ကာလပေါက်ဈေးနှင့် လျော်ညီသည့် ဈေးနှုန်းများနှင့်အညီ ပြန်လည်ချုပ်ဆိုရန်အတွက် လည်း ထည့်သွင်းစဉ်းစား၍ငှားရမ်းသင့်ကြောင်း အထက်ပါသတင်းရင်းမြစ်က သုံးသပ်၍ အကြံပေး ပြော ကြားထားသည်။

“ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံပိုင်မြေတွေကို ပုဂ္ဂလိကပိုင်အဖြစ် ထုခွဲရောင်းချသေး တယ်။ အဲဒီတုန်းက မြေကွက်တစ်ကွက်ကို ဥပမာ သိန်း (၅)သောင်းဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက် ပြီးလို့ အခု (၁၀)နှစ်ကျော်ပြီး ဦးမင်းအောင်လှိုင်လက် ထက်ရောက်လာတဲ့အခါ အဲဒီမြေကွက်က အနည်း ဆုံး သိန်းပေါင်း (၅)သိန်းဖြစ်ပြီ။ (၁၀)ဆမကတက်တယ်။ ငှားပဲငှားလိုက်ရင် နှစ်(၂၀)တို့၊ နှစ် (၃၀)တို့ ငှား လိုက်ရင် ဒီနေ့အချိန်မှဆိုရင် ဒီနေ့ ပေါက်ဈေးရမှာ။ အဲဒီတုန်းက လိုအပ်လို့ရောင်းခဲ့ရတယ်ဆိုပေမယ့် အခုဆို (၁၀)ဆမကပြန်ရနိုင်တယ်။ ဒါကိုလည်း ပြန်တွက်ချက်ဖို့လိုတယ်။ နှစ်(၄၀)ကြာသောအခါ ဖြစ် လာမယ့်မြေဈေးကိုပါ ထည့်တွက်သင့်တယ်။ လက်ရှိ ဘီလျံ (၅၀ဝ)ထက်မနည်း တန်ကြေးရှိတဲ့ မြေကွက် ကို နှစ် (၃၀)ငှားရင် နိုင်ငံတော်က ဘယ်လောက်ရသင့် လဲ။ အခုငှားမယ့်ဈေးနှုန်းတွေကိုလည်း နှစ် (၄၀) စာ တစ်သမတ်တည်းမလုပ်ဘဲနဲ့ (၅)နှစ်တစ်ကြိမ်၊ (၁၀)နှစ်တစ်ကြိမ် ခေတ်ကာလနဲ့ လျော်ညီတဲ့ ဈေး နှုန်းလုပ်ပြီးတော့ ငှားရမ်းသင့်တယ်။ နှစ် (၃၀) ပြည့်တဲ့နောက်မှာလည်း နိုင်ငံတော်က Review ပြန်လုပ် သင့်တယ်။ သူတို့လုပ်မယ့် Project အပေါ်ကနေ မြေငှားရမ်းခ ချည်းပဲမဟုတ်ဘဲနဲ့ Project Share အမြတ်ငွေကို နိုင်ငံတော်က လိုအပ်ရင်ရယူသင့်တယ်။ အဲဒီလို လုပ်သင့်တယ်လို့ မြင်တယ်” ဟုပြော သည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၄)ရက်က အဆိုပြုလွှာများ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး လာမည့် စက် တင်ဘာလ (၈)ရက်အထိ ရောင်းချပေးမည်ဖြစ်ကာ စက်တင်ဘာလ (၉)ရက် နောက်ဆုံးထား ပြန်တင် သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတွင် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ပြန်လည်တင်ပြထားကြောင်း ယခင် က ပိုင်ရှင်အဖြစ်လူသိများသည့် ဦးကျော်နေဝင်းက ပြောသည်။
“ကျွန်တော်တို့က စာချုပ်အတိုင်းပဲသွားမယ်။ စာချုပ်သက်တမ်းပြည့်တယ်။ ပြည့်တဲ့အတွက် ကြောင့် ဟိုတယ်ခရီးကနေ စာချုပ်အတိုင်းလုပ်တာပါ။ ကျွန်တော်တို့ကတော့ ဆက်လုပ်နိုင်တဲ့ဟာ ဆက် လုပ်ချင်တဲ့ဟာ တင်ပြပြီးပါပြီ။ အားလုံးက ပုံစံတကျ၊ နည်း လမ်းတကျတော့ လုပ်ထားပါတယ်။ ဒါ တစ် ချက်ပေါ့နော်။ ဒါတွေအကုန်လုံးကလည်း သူများတွေကတင် တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့် အနေနဲ့ ဘာတွေလုပ်မယ်ဆိုတာတော့ တင်ဒါအားလုံးပိတ်သွား ရင်တော့သိလို့ရပါတယ်}ဟု ဦးကျော်နေ ဝင်းက NP News သို့ပြောသည်။
အဆိုပါနေရာတွင် ယခင်က နဝရတ်ဟို တယ်အဖြစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုနည်းကာ ပြည်တွင်းခရီးသွားများ ကိုသာ အားကိုးလုပ်ကိုင်ရသည့်အတွက် ဟိုတယ်လုပ်ငန်း အစား အခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်သင့် ကြောင်း လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြား ထား သည်။
“ဝန်ကြီးများရုံးလိုမျိုးပေါ့။ အဲဒါမျိုးဆိုရင် တော့ကိုက်တယ်။ ကိုယ့်ရဲ့လုပ်ကွက်တွေရှိရင်တော့ ရလိမ့်မယ်။ အစုံလုပ်ရမှာပေါ့။ ကိုယ်ပိုင်ကတော့ အကောင်းဆုံးပေါ့။ ကိုက်တဲ့လူတော့ရှိပါတယ်။ Shopping Mall တွေ၊ Hotel တွေကတော့ အေးနေသေးတယ်။ အင်းစိန်မြေဈေးကတော့ ကောင်းနေတာ ပဲ။ 1 Sq Ft ကို (၁၅၊ ၂၀)သိန်းကတော့ ပြေးမလွတ်ဘူး။ ဝေဇယန္တာအိမ်ရာတွေထဲတောင် (၁၀)သိန်း ပေါက်နေတာကိုး။ အတွင်းထဲမှာ။ ဒီနေရာတွေက (၂၀)ပြေးမလွတ်ဘူးပေါ့။ ငှားရင်လည်း ကိုယ်က မျိုးစုံ လုပ်နိုင်မှရမှာ။ အချိန်တန်ရင်ပြန်ပေးရမှာလေ။ ဝယ်တာကတော့ တစ်နှစ်ပြီးတစ်နှစ် ဈေးတက်လာမှာ လေ။ အဲဒီလိုကွာတယ်။ ဝယ်နိုင်တာကို ဝယ်လိုက် တာအကောင်းဆုံးပဲ။ ဆိုးတော့မဆိုးပါဘူး။ (၉)ဧက ဆိုတာအကျယ်ကြီးပါ”ဟု အခြား လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အဆိုပြုလွှာများကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားòန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၃၃)တွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ (၉)ရက် နံနက်(၁၀)နာရီတွင် ဖွင့်ဖောက်စစ် ဆေးသွားမည်ဖြစ်ကြောင်းလည်း တင်ဒါ ကော်မတီက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်နေမှုအားသတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
