Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုနှစ် M League အတွက် ကစားသမားခေါ်ယူရာတွင် လက်မှတ်ထိုးကြေး သိန်း (၁၅၀ဝ) နှင့် လစာ သိန်းရာချီရသည့် ကစားသမားများရှိဟုဆို

သန့်ဇင် (NSS) - စက်တင်ဘာ ၁

ယခုနှစ် M League အတွက် ကစားသမား ခေါ်ယူရာတွင် လက်မှတ်ထိုးကြေးသိန်း(၁၅၀ဝ)နှင့် လစာ သိန်းရာချီရသည့် ကစားသမားများရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြီးခဲ့သည့် ဩဂုတ်လ (၂၄)ရက်က ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင်ကျင်းပသည့် မြန်မာ နေရှင်နယ်လိဂ်၏ ကော်မတီအစည်းအဝေးနှင့် Logo အသစ်မိတ်ဆက်ပွဲ၊ Official Partnership Signing Ceremony ၌ ပြောကြားခဲ့သည်။


ယခုနှစ်တွင်ကျင်းပမည့် M League အတွက် ပြည်ပကလပ်များတွင် ထွက်ခွာကစားနေသည့် ကစားသမားများလည်း ပြန်လည်ပါဝင် ကစား မည်ဖြစ်ရာ နိုင်ငံခြားတွင်ပြသခဲ့သည့် ခြေစွမ်းများ နည်း တူ ကစားပေးစေလိုကြောင်း ဦးဇော်ဇော်က ဆို သည်။ ထို့ပြင် ယခုနှစ် M League အတွက် ကလပ် အသင်းများမှ ပြည်တွင်း၊ ပြည်ပကစားသမားသစ်များခေါ်ယူရာတွင် လက်မှတ်ထိုးကြေးပင် သိန်း (၁၅၀ဝ)နှင့် သိန်း(၁၀ဝဝ)ရရှိကြသည့် ကစားသမားများရှိကြောင်း ဦးဇော်ဇော်က ဆိုသည်။

“ဘောလုံးကန်လို့ ပြည့်စုံပါ့မလား။ ဘောလုံးကန်လို့ အဆင်မပြေပါဘူးလေ ဆိုတဲ့လူတွေကို ကျွန်တော်ဒီနေရာကနေ Message တစ်ခုပေးချင်ပါတယ်။ ဒီနှစ်မှာ sign agreement မှာကိုပဲ သိန်း (၁၅၀ဝ)လောက်ရတဲ့ Player ရှိပါတယ်။ သိန်း (၁၀ဝဝ)ရတဲ့ Player ရှိပါတယ်။ တချို့တွေဆိုရင် လစာ (၇၅)သိန်း (၁၅၀)ရတဲ့သူရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်ကြိုးစားရင် နိုင်ငံခြားထွက် ကစားလို့ ရှိရင် ဒီထက်လည်း အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ Player တွေအားလုံးကိုလည်း ကိုယ့်ကိုယ် ကိုယ် နေရာတစ်ခုရောက်အောင် မင်းတို့ပိုကြိုးစားလေ ပိုကောင်းလေပါ”ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြော ကြားခဲ့သည်။


ထို့ပြင် မြန်မာဘောလုံးကလပ်အသင်းများ အနေဖြင့် မပြည့်စုံသည့်ကြားမှ ကစားသမားများ အဆင်ပြေစွာကစားနိုင်ရန် ဖန်တီးပုံဖော်ပေးနေ ရခြင်းဖြစ်ပြီး မည်သည့်ရပိုင်ခွင့်မှမရှိဘဲ ပေးဆပ်နေ ရခြင်းသာဖြစ်ကြောင်း ဦးဇော်ဇော်က ဆိုသည်။

“ငါတို့ဒီဟာကိုမဖြစ်မနေ လုပ်ရတဲ့အပိုင်းမှာ ဒီကလပ်အသင်း ပိုင်ရှင်တွေက ဘာတစ်ခုမှ ပြန် မရဘူး။ ဒါပေမဲ့ သူတို့ပေးဆပ်တယ်။ အဲဒီအတွက်လည်း ကျွန်တော့်အနေနဲ့ ဒီနေရာကနေပြီးတော့ ကလပ်အသင်းထောင်ပေးတဲ့သူတွေအကုန်လုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်”ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

အလားတူ မြန်မာ့ဘောလုံးလောကရပ်တည်ရန်အတွက် တစ်နှစ်လျှင် ငွေကျပ်(၃၅) ဘီလျံသည် မဖြစ်မနေလိုအပ်ပြီး ဘောလုံးအဖွဲ့ချုပ်၏ အသုံးစရိတ်သည်လည်း တစ်နှစ်ကျပ် (၅) သန်းအထိ သုံးစွဲရ ကြောင်း ဦးဇော်ဇော်က ဖွင့်ဟခဲ့သည်။ 

“ပြင်ဆင်စရိတ်နဲ့ ကျန်တဲ့အပိုင်းတွေက ပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့အတွက်ကြောင့် ကျွန် တော်တို့အနေနဲ့ ဒီဘောလုံးအဖွဲ့ချုပ်မဟုတ်ဘဲနဲ့ League ပြိုင်ပွဲကျင်းပတာချည်းပဲကို (၁)နှစ်ကို (၃၅) ဘီလျံလောက်မရှိရင် ကျွန်တော်တို့ လုပ်လို့မရပါဘူး။ ဒါကျွန်တော်တို့အနေနဲ့ League ပဲပြောတာ Federation ကလည်း အသုံးစရိတ်က တစ်နှစ်ကို ကျွန်တော်တို့အနေနဲ့ (၅)သန်း(၄) သန်းလောက်သုံး ရပါတယ်။ ကျွန်တော်တို့ (၃၅) ဘီလျံလောက်မရှိရင် ဘောလုံးလောက ရပ်တည်လို့ လုံးဝမရပါဘူး။ ဒီ (၃၅) ဘီလျံက U-12 ၊ U-13 ၊ U-15 ၊ အကယ်ဒမီ Women ၊ U-17 ၊ U-19 ၊ U-22 ၊ U-23 နဲ့ လက်ရွေးစင် Men ၊ Women ၊ ဖူဆယ် အားလုံး ပြိုင်ပွဲကို လည်ပတ်ပြီးတော့သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ တစ်နှစ်အသုံးစရိတ်က (၃၅) ဘီလျံ လောက်ရှိတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ယခုနှစ်တွင် Football For School Project ကို စတင်အကောင်အထည်ဖော်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ပြိုင်ပွဲများ ကျင်းပပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဦးဇော်ဇော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က လိဂ်တွေလို့ပြောလို့ရှိရင် U-15 လိဂ် ရှိပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ Football For The School Project ကို စလုပ်ပါတယ်။ ဒါလေးကို အားလုံးကို Sharing လုပ်တာပါ။ ကျွန်တော်တို့နိုင်ငံမှာ အားကစားကို (၁၃) နှစ်နဲ့ကစား တဲ့အချိန်မှာ နိုင်ငံအတော်များများက (၆) နှစ် (၈) နှစ်လောက် စပြီးကစားတယ်။ ဒီနှစ် ရက်(၁၀ဝ) စီမံကိန်းထဲမှာလည်း Football For School ဆိုတဲ့ ပရောဂျက်ထည့်ထားပြီးတော့ လုပ်ဖြစ်ပါတယ်။ Under 15 School Football ကျွန်တော်တို့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ပြိုင်လို့ရတဲ့အထိ ကျောင်းသားတွေကို ဘောလုံးကစားစေချင်ပါတယ်”ဟု ဦးဇော်ဇော် က ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းသည် ကလေးငယ်များ ဘောလုံးကစားခြင်းမှ စုစည်းစွာနေထိုင်တတသည့် စိတ်ဓာတ်နှင့် ဥပဒေအောက်တွင် နေထိုင်တတ်သည့် စိတ်ဓာတ်များရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်းလည်း MFF ဥက္ကဋ္ဌက ဆိုသည်။

“ကျွန်တော်တို့ရအောင် ကျွန်တော်တို့ကလေးတွေကို နောက်ပြီးရှုံးသွားလည်း နောက်တစ်နေ့ ပြန်ကစားလို့ရအောင် ကျရှုံးသွားတိုင်းလည်း လဲမသွားတဲ့စိတ်ဓာတ်မျိုးကို ကျွန်တော်တို့ လူငယ်တွေမှာ ရပါမယ်။ ဒါကြောင့် ဘောလုံးအားကစားကို ကျောင်းတွေမှာ ပြန်ကစားဖို့အတွက် ကျွန်တော်တို့ တိုက် တွန်းထားပါတယ်”ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

လက်ရှိပြည်တွင်းလိဂ်များတွင် ကစားကြသည့် ကစားသမားအချို့သည် လစာအ နေဖြင့် ကျပ်သိန်း (၅၀)၊ ကျပ်သိန်း(၇၀)နှင့် ကျပ် သိန်း(၁၀ဝ)ရရှိသူများလည်းရှိသည့်အတွက် ဘဝအာမခံချက်ရှိရာ လူငယ်များ စံနမူနာယူထိုက်သူ များအဖြစ် ဆက်လက်ကြိုးစားသွားရန်လည်း ဦး ဇော်ဇော်က တိုက်တွန်းခဲ့သည်။

ယခုနှစ်တွင် ယခင်မြန်မာနေရှင်နယ်လိဂ် ကို ြ ူနေါကန  အဖြစ်ပြောင်းလဲခြင်း၊ ပြည်ပကစား သမားများအား ခေါ်ယူအားဖြည့်ခြင်းနှင့် မိတ်ဆက် ခြင်းများကိုလုပ်ဆောင်လာခဲ့သည်ကို တွေ့ရပြီး ပြိုင်ပွဲကစားမည့် ကွင်းများကိုလည်း အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း သိရသည်။                          


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆောက်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ထွက်ပေါ်လာခဲ့သော်လည်း အကောင်အထည်ဖော်နိုင်မှုကို စောင့်ကြည့်သင့်

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved