လာမည့်လတွင် သီချင်းသစ်ထွက်ရှိလာတော့မည့် BLACKPINK အဖွဲ့ဝင် ဂျီဆိုး
Pika (NSS) - စက်တင်ဘာ ၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဆိုး၏ သီချင်းအသစ်တစ်ပုဒ်မှာ လာမည့် စက်တင်ဘာလ(၄)ရက်တွင် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသီချင်းသည် ပြီးခဲ့သည့်နှစ်အောက် တိုဘာလတွင် One Direction အဖွဲ့ဝင်ဟောင်း Zayn နှင့်ပူးတွဲထွက်ရှိလာခဲ့သော Eyes Closed သီချင်းအပြီး အချိန် (၁၁) လခန့် အကြာတွင် ထွက်ရှိလာမည့် ဂျီဆိုး၏ ပထမဆုံးသီချင်းအသစ်လည်း ဖြစ်သည်။ ထို့ပြင် ယင်းသီချင်းအသစ်က ဂျီဆိုး၏ ပထမဆုံး တစ် ကိုယ်တော်အယ်လ်ဘမ်အတွက် ကြိုတင်ထွက်ရှိလာမည့် သီချင်းတစ်ပုဒ်ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂီတလောကသတင်းရင်းမြစ်များ၏အဆိုအရ ဂျီဆိုးသည် သီချင်းအသစ်ကို စက်တင်ဘာလ (၄)ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ပြီး ပွဲဦးထွက်တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ပြင်ဆင်မှုများ ကိုစတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သီချင်း၏ခေါင်းစဉ်နှင့်အမျိုး အစား အပါအဝင် အသေးစိတ်အချက်အလက်များကို တရားဝင်လူသိရှင်ကြားထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ထို့ပြင် ဂျီဆိုး၏ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ရှိလာမည့်ရက်ကိုလည်း လက်ရှိ အချိန်အထိ ဆုံးဖြတ်ရခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ဂျီဆိုး၏ သီချင်းအသစ်အတွက် ဗီဒီယိုကို ဂရမ် မီ ဆုရှင် တေးဂီတဗီဒီယိုဒါရိုက်တာ ဂျိုးဆက်ဖ်ခန်းက ရိုက်ကူးပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ရိုက်ကူးရေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂျိုးဆက်ဖ် ခန်း သည် နာမည်ကျော်အဆိုတော်များဖြစ်သည့် တေလာဆွစ်ဖ်၊ ဘရစ်တနီစပီးယား၊ လေဒီဂါဂါ၊ အမ်မီနမ် တို့ကဲ့သို့သော အနုပညာရှင်များနှင့် လက်တွဲအလုပ်လုပ်ဖူးသည့် ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ် M League အတွက် ကစားသမားခေါ်ယူရာတွင် လက်မှတ်ထိုးကြေး သိန်း (၁၅၀ဝ) နှင့် လစာ သိန်းရာချီရသည့် ကစားသမားများရှိဟုဆို
RELATED POSTS
05 Oct 2026 | အနုပညာ,နိုင်ငံတကာ
