ရန်ကုန်ရှိ ရပ်ကွက်(၃၁)ခုတွင် လူနေအိမ်ခြေနည်းပါးခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်၍ မရဟုဆို
ပုလဲ (NSS) - သြဂုတ် ၃၁
ရန်ကုန်ရှိ ရပ်ကွက် (၃၁)ခုတွင် လူနေအိမ်ခြေ နည်းပါးခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်၍ မရကြောင်း ယနေ့ (သြဂုတ်လ ၃၁ ရက်) တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီဝင်းတင့်က ပြောကြားထားသည်။
ယနေ့ အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၁) ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့်အညီ အုပ်ချုပ်ရေးမှူးများကိုပြန်လည်ရွေးချယ်ရန် အစီအစဉ်ရှိမရှိကြောင်းမေးမြန်းထားပြီး လက်ရှိ မြေပြင်တွင် အုပ်ချုပ်ရေးမှူးများ အဆင်မပြေခြင်းကြောင်း မဟုတ်ဘဲ ဥပဒေအရ ပြဌာန်းထားချက်ကို မေးမြန်းလိုခြင်းကြောင်း ပြောကြားထားသည်။
ထိုသို့မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ကွက် ၇၄၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂၁ စု ၊ စုစုပေါင်း ရပ်ကွက်ကျေးရွာအုပ်စု ၁၃၆၄ ခု ရှိရာ ၃၁ ရပ်ကွက်တွင် လူနေအိမ်ခြေ နည်းပါးခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်၍ မရသော ရပ်ကွက်များ ဖြစ်ပြီး လက်ရှိတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း (၁,၃၃၃) ဦး ရှိကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီဝင်းတင့်က ပြန်လည်ဖြေကြားထားသည်။

ယင်းတို့အနက်မှ လုံခြုံရေး အသိ၊ လုံခြုံရေးအမြင်ရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး၊ လက်ရှိ ရရှိပြီးသော ယုံကြည်စိတ်ချရမှု၊ ရပ်ရွာအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို အရှိန်အဟုန် မပျက်စေရေးတို့အတွက် တည်ဆဲရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ စိစစ်လျက်ရှိပါကြောင်းနှင့် စိစစ်တွေ့ရှိမှုအပေါ်မူတည်၍ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။
“ လက်ရှိတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း (၁,၃၃၃) ဦး ရှိရာ ယင်းတို့အနက်မှ လုံခြုံရေး အသိ၊ လုံခြုံရေးအမြင်ရှိသူ၊ ရပ်ရွာဒေသက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး၊ လက်ရှိ ရရှိပြီးသော ယုံကြည်စိတ်ချရမှု၊ ရပ်ရွာအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို အရှိန်အဟုန် မပျက်စေရေးတို့အတွက် တည်ဆဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့်အညီ စိစစ်လျက်ရှိပါကြောင်းနှင့် စိစစ်တွေ့ရှိမှုအပေါ် မူတည်၍ တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်" ဟု ပြန်လည်ဖြေကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိတွင် အမြန်လမ်းအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဒေသခံပြော
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
