နိုင်ဂျာတွင် တန်ပြန်အာဏာသိမ်းရန် ကြိုးပမ်းမှုကို နှိမ်နင်းလိုက်ဟု ဆို
Htay Oung (NSS) - သြဂုတ် ၃၁
ဩဂုတ်လ (၂၉) ရက် နံနက်စောစော အနောက်အာဖရိက နိုင်ဂျာနိုင်ငံ မြို့တော်နီယာမီမှာ တပ်တွင်းပုန်ကန်သူ တပ်ဖွဲ့ဝင်များက သမ္မတနန်းတော်၊ ဒီရိုရီဟာမန်နီအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အမှတ် (၁၀၁) လေတပ်အခြေ စိုက်စခန်းတို့ကိုတစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းဖြင့် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း၊ နာရီပေါင်းများစွာ ကြာအောင် ပစ်ခတ်ပေါက်ကွဲသံများကြားခဲ့ရပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ရေဒီယိုထုတ်လွှင့်မှုများလည်း ခေတ္တရပ်ဆိုင်းသွားခဲ့တယ်။ နောက်ပိုင်းမှာ အစိုးရတပ်များက အဓိကနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာတယ်လို့ Reuters က သြဂုတ်လ(၂၉)ရက်မှာ ရေးသားခဲ့ပါတယ်။
၂၀၂၃ ဇူလိုင်လ နိ်ုင်ဂျာနိုင်ငံမှာ အဲ့ဒီအချိန် သမ္မတမိုဟာမက်ဘာဇိုရမ်ကို ဗိုလ်ချုပ်ကြီး အက်ဗ်ဒူရာ၏ ဟာမိန်း တီယာနီ ဦးဆောင်စစ်တပ်က ဖြုတ်ချကာ အာဏာရယူခဲ့တယ်။ တီယာနီအစိုးရက အာဏာသိမ်းရခြင်း အဓိက အကြောင်းရင်းမှာ နိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့များရဲ့အကြမ်းဖက်မှုကို ထိထိ ရောက်ရောက် မနှိမ်နင်းနိုင်ခြင်းကြောင့်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် အာဏာရလာပြီး သုံးနှစ်ခန့်အကြာမှာပဲ ISIL နဲ့ အယ်လ်ကိုင်ဒါ အစွန်းရောက်အကြမ်းဖက်ဆက်နွယ်အဖွဲ့များရဲ့တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လ်ု့ အယ်လ်ဂျာဇီးယား က သြဂုတ်လ(၂၉) ရက်မှာ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ရှေ့တန်းဒေသရောက် တပ်သားများအကြား လူအင်အားနဲ့စစ်လက်နက်ပစ္စည်း မလုံလောက်မှု၊ တိုက်ပွဲများမှာ ထိခိုက်သေဆုံးသူများပြားလာမှုနဲ့အစိုးရရဲ့လုံခြုံရေးမူဝါဒအပေါ် မကျေနပ်မှုများက ယခုလို တပ်တွင်းပုန်ကန်ရတဲ့အဓိကအကြောင်းရင်းများအဖြစ် လေ့လာသူများက သုံးသပ်ကြတယ်။
တစ်ချိန်တည်းမှာပဲ ၂၀၂၃ နောက်ပိုင်း နိုင်ဂျာဟာ ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်နဲ့ အနောက်နိုင်ငံများ ကို စွန့်ခွာလာတယ်။ ရုရှားနဲ့ဆက်ဆံရေး ပိုမိုနီးကပ်တဲ့ မာလီ၊ ဘူကီနာဖက်ဆို အာဏာသိမ်းအစိုးရတို့နဲ့ ဆာ ဟဲဒေသနိုင်ငံများ မဟာမိတ် (AES) ကို ဖွဲ့စည်းခဲ့တယ်။ ယခင် ဝဂ္ဂနာကို ရုရှားစစ်တပ်လက်အောက် ထည့် သွင်းထားတဲ့ “အာဖရိကတပ်ဖွဲ့” ကလည်း နိုင်ဂျာမှာ အခြေစိုက်ထားတယ်။ အခုတပ်တွင်းပုန်ကန်မှုကို နှိမ်နင်းရာမှာ ရုရှားရဲ့အာဖရိကတပ်က စစ်အစိုးရဘက်မှ ကူညီခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေတယ်လို့ AP က ရေးတယ်။
ဆာဟဲဒေသလို့ခေါ်တဲ့ ဆာဟာရသဲကန္တာရ တောင်ဖက် ဝဲယာတန်းစီလျက်ရှိတဲ့ မာလီ၊ ဘူကီနာဖက်ဆို၊ နိုုင်ငံများဟာ အာဖရိကတိုက် အနောက်ပိုင်းခပ်ကျကျမှာ တည်ရှိပြီး ပြင်သစ်ကိုလိုနီဟောင်းများ ဖြစ်ကြတယ်။ လူဦးရေ (၂၅-၃၀) သန်းဝန်းကျင်ရှိကြပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထက် (၈)ဆခန့်၊ ဘူကီနာဖက်ဆိုပင်လျင် ရှမ်း ပြည်နယ် ထက် (၂)ဆနီးပါး ကျယ်ဝန်းတယ်။
ဂျီဒီပီ ဒေါ်လာ (၂၃) ဘီလီယံမျှရှိကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရွှေတူးဖော်ရေးတို့ကို မှီခိုနေရတယ်။ ပင်လယ် ကမ်းရိုးတန်း မရှိ၊ ကုန်းတွင်းပိတ် ဖြစ်တဲ့အတွက် ရေတပ်မရှိပါ။ မာလီနဲ့ နိုင်ဂျာမှာ မြစ်တွင်းသွားကင်းလှည့် ရေ ယာဉ်အနည်းငယ်နဲ့ လေတပ်မှာ တူရကီဒရုန်းများ၊ ရုရှားလုပ် အမောင်းသင်တိုက်လေယာဉ်အနည်းငယ်ကို တိုက်ခိုက်ရေးမှာသုံးတယ်။ စစ်တပ်တွေမှာ ပြည်သူစစ်နဲ့ အရန်အင်အား ၁၂,၀၀၀ မှ (၄)သောင်းအထိသာရှိပြီး အစ္စလာမစ်စစ်သွေးကြွများကို နှိမ်နင်းရန် အင်အား မလုံလောက်ပါ။
ကာလရှည်ကိုလိုနီဘဝမှ လွတ်မြောက်သည့်တိုင် ငွေကြေးစနစ်နဲ့ အမြတ်ထုတ်ခံရခြင်း၊ မိုးခေါင်ရေရှားခြင်း ကုန်းတွင်းပိတ်ဖြစ်တဲ့အတွက် သွင်းကုန်-ထုတ်ကုန်များ စရိတ်ကြီးုမြင့်ခြင်း၊ ရာသီဥတုပြင်းထန်ပြီး မိုးခေါင်ခြင်းဈ နိုင်ငံရေးမတည်ငြိမ်ပဲ အာဏာသိမ်းမှု မကြာခဏဖြစ်ခြင်းတို့ကြောင့် ဆင်းရဲမွဲတေသူ ရာနှုန်းများပြားပြီး အဟာ ရချို့တဲ့နေကြတယ်။
ကမ္ဘာအရပ်ရပ်အယ်လ်ကိုင်ဒါနဲ့ အိုင်စစ်တို့ကို လိုက်လံချေမှုန်းနေတဲ့ အမေရိကန်ဟာ ၂၀၂၄ ခုနှစ်အထိ နိုင်ဂျာကို ဆာဟဲဒေသ အကြမ်းဖက်မှုတိုက်ဖျက်ရေး အဓိကအခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့တယ်။ အထူးသဖြင့် ဒရုန်းစောင့်ကြည့်ရေးနဲ့ အကြမ်းဖက်တန်ပြန်ချေမှုန်းရေးလုပ်ငန်းတွေအတွက် လေတပ်အခြေစိုက်စခန်းဖွင့်လှစ်ခဲ့ပြီး နိုင်ဂျာတပ်ဖွဲ့တွေကိုလည်း လေ့ကျင့်ပေးခဲ့တယ်။
ဒါပေမယ့် တီယာနီဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် အမေရိကန်–နိုင်ဂျာ စစ်ရေးဆက်ဆံရေး ပြတ် တောက်လာတယ်။ နိုင်ဂျာစစ်အစိုးရက အမေရိကန်တပ်တွေ ဆက်ရှိနေဖို့ သဘောမတူတော့တာကြောင့် အမေ ရိကန်က တပ်ဖွဲ့အားလုံးကို ရုပ်သိမ်းပေးခဲ့ရတယ်။ အဲဒီနောက် ရုရှားရဲ့ အာဖရိကတပ်ဖွဲ့က အမေရိကန်ထွက် ခွာသွားတဲ့ လုံခြုံရေးနေရာကို တဖြည်းဖြည်း ဝင်လာခဲ့တယ်။
အမေရိကန်ထွက်သွားပြီးနောက် အကြမ်းဖက်အဖွဲ့တွေ အလိုအလျောက် အားကောင်းသွားတာ မဟုတ်ပါဘူး။ တစ်ဖက်မှာ ရုရှားဝင်လာပေမယ့် ဂျီဟဒ်ဝါဒီတွေကို ထိရောက်စွာအမြစ်ဖြတ်နိုင်မှု မရှိသေးခြင်းက ယနေ့ ဆာဟဲဒေသရဲ့အဓိကပြဿနာတစ်ခုဖြစ်နေတယ်။
#HtayOung #OungMarine
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
