Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Boycott လုပ်နေသူတွေကို ပြန်အရွဲ့တိုက်ကပြတဲ့ ထွန်းအိန္ဒြာဗိုလ်

အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့အပတ်စဉ် အနုပညာကဏ္ဍကနေ “ထွန်းအိန္ဒြာဗိုလ်က  Boycott များကို အရွဲ့တိုက်ကပြ၊   တောင်ပြုန်းပွဲတော်မှာ ဇာတ်မင်းသားစမ်းရေမိုး ကပြဖျော်ဖြေ” အစရှိတဲ့    အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေး သွားပါမယ်။

အိဖြူ (NSS) - သြဂုတ် ၃ဝ 


Boycott လုပ်နေသူတွေကို ပြန်အရွဲ့တိုက်ကပြတဲ့ ထွန်းအိန္ဒြာဗိုလ်

နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်လျက်ရှိတဲ့ ပြည်ပအခြေစိုက် PVTV သတင်းဌာနက “နယူးဇီလန်နိုင်ငံကို ရောက်ရှိနေတဲ့ အဆိုတော်ထွန်းအိန္ဒြာဗိုလ်ကို Boycott လုပ်ကြဖို့” တိုက်တွန်း‌ရေးသားခဲ့ပါတယ်။ 

ထွန်းအိန္ဒြာဗိုလ်အတွက် နယူးဇီလန်နိုင်ငံခရီးစဉ်က ခင်ပွန်းသည်နဲ့အတူ အပန်းဖြေခရီးစဉ်တစ်ခုဖြစ်ပြီး နယူးဇီ လန်ရဲ့လှပတဲ့ရှုခင်းများနဲ့ သန့်ရှင်းတဲ့လေကို ရှုရှိုက်ရင်း စိတ်ချမ်းသာပျော်ရွှင်လျက်ရှိကြောင်း သူ့ရဲ့ပရိသတ်တွေကို ဓာတ်ပုံတွေနဲ့တကွ အသိပေးဖော်ပြခဲ့ပါတယ်။ အဆိုတော်ထွန်းအိန္ဒြာဗိုလ်ရဲ့အနုပညာပရိသတ်အစစ်အမှန်တွေက သူတို့ ဇနီးမောင်နှံ ပျော်ရွှင်နေမှုပုံရိပ်တွေကိုကြည့်ရင်း ထပ်တူဝမ်းသာ ပေးနိုင်ကြပေမယ့် နိုင်ငံတော်ပုန်ကန်လျက်ရှိပြီး ပြည်ပြေးနေထိုင်လျက်ရှိတဲ့လူတစ်စုအတွက် အဆိုပါပုံရိပ်တွေက စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်စေခဲ့ပုံပါ။ 

ထွန်းအိန္ဒြာဗိုလ်ရဲ့ပို့စ်တွေအောက်မှာ Comment ရေးတာတွေ မပြုလုပ်ကြဖို့ PVTV သတင်းဌာနက တစ်ဖက် သတ်ရေးသားထားပြီး၊ အဆိုပါသတင်းဌာနရဲ့ဖော်ပြချက်မှာ အဆိုတော်ထွန်းအိန္ဒြာဗိုလ်က ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာသက်သက်ခိုင်ရဲ့အစ်မတော်စပ်ခြင်း၊ တပ်မတော်အပေါ် အားပေး ထောက်ခံသူတစ်ဦးဖြစ်ခြင်း တို့ကြောင့် PVTV စာရင်းဝင်တစ်ဦးဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ “Boycott များကို ကြိုဆိုပါ၏။ လာပါ ပျော်ပျော်ပါးပါး အတူတူ ကရအောင်လေ” ဆိုတဲ့ စာသားနဲ့အတူ ထွန်းအိန္ဒြာဗိုလ်က ကပြနေတဲ့မြင်ကွင်းများနဲ့တုံ့ပြန်ပေးခဲ့ပါတယ်။ 


ပြည်ပရောက်အဆိုပါအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံမှာ “လွတ်လပ် ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်” ရရှိရေး ဆိုတဲ့ အကြောင်းပြချက်ကောင်းတစ်ခုကို အသုံးချရင်း ၎င်းတို့ရဲ့ လက်သုံးစကားဖြစ်တဲ့ “Boycott” “လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း}} လုပ်ရပ်ကို (၂၀၂၁) ခုနှစ် တပ်မတော် အာဏာထိန်းမှုစတင်ချိန်မှာ တပ်မတော်အသိုင်းအဝိုင်းနဲ့နီးစပ်သူ တွေ၊ ၎င်းတို့အဖွဲ့အစည်းအပေါ်အားပေးထောက်ခံမှု မပြုလုပ်သူတိုင်းအပေါ် သုံးနှုန်းခဲ့တဲ့လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခု အဆိုတော်ထွန်းအိန္ဒြာဗိုလ်ကို  “Boycott” အဖြစ် ကြေညာခြင်းက မူမပျက်ကျင့်သုံးတဲ့ လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း မြင်မိပါတယ်။

“တစ်စုတစ်ဖွဲ့တည်းက လက်ဝါးကြီးအုပ်စိုးထားခြင်းမရှိဘဲ လွတ်လပ်ပြီးတရားမျှတတဲ့ တန်းတူညီမျှမှုရှိတဲ့ လူ့အခွင့်အရေး လွတ်လပ်မှုအတိုင်းနေထိုင်ခွင့်ရရှိရေး” အတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း ပြောဆိုနေကြသူတွေက တစ်ပါးသူရဲ့လွတ်လပ်စွာနေထိုင်ခွင့်ကို ပိတ်ပင်လျက်ရှိကာ “ငါနဲ့မတူ ငါ့ရန်သူ” အဖြစ် ဒီနေ့အချိန်ထိတိုင် ဝေဖန်ခြိမ်း ခြောက်လျက်ရှိနေကြဆဲဖြစ်ပါတယ်။


တောင်ပြုန်းပွဲတော်မှာ ဇာတ်မင်းသားစမ်းရေမိုး ကပြဖျော်ဖြေခဲ့

ဇာတ်မင်းသား စမ်းရေမိုးက တောင်ပြုန်းပွဲတော်မှာ ကပြဖျော်ဖြေဖို့အတွက် လမိုင်းပွဲပေးခဲ့ပြီး လမိုင်းပွဲမှာတင် ပရိသတ်တွေ ရုံပြည့်ရုံလျှံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေကလည်း တောင်ပြုန်းပွဲတော်မှာ  ကပြဖျော်ဖြေမယ်ဆိုတဲ့ သတင်းကြားကတည်း ဝမ်းသာခဲ့ကြပြီး၊ ပွဲတော်အတွင်း ဖျော်ဖြေကပြခဲ့မှုမှာလည်း ပရိသတ်တွေရဲ့အားပေးမှုက အားရစရာမြင်ကွင်းဖြစ်ခဲ့ပါတယ်။ 

“တောင်ပြုန်းပွဲတော် ဆိုတာ ဇာတ်သဘင်တွေရဲ့ဇာတိမြေဖြစ်ကြောင်းနဲ့ နာမည်ကြီးလာတဲ့ ဇာတ်သဘင်တိုင်း ကလည်း တောင်ပြုန်းပွဲတော်ကမှ ဇာတ်မည်မယ်” လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။

စမ်းရေမိုးရဲ့ဇာတ်ဆရာ ဦးအောင်ကျော်ထွန်းကလည်း စမ်းရေးမိုးဇာတ်အဖွဲ့နဲ့ပတ်သက်တဲ့သတင်းတွေကို အဆက်မပြတ်ဖော်ပြခဲ့ပြီး၊ တပည့်ဖြစ်သူအတွက် ကျေနပ်ပီတိဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

(၂၀၂၆) ခုနှစ်အတွက် တောင်ပြုန်းမင်းနှစ်ပါးပွဲတော် (အရှင်နှစ်ပါးပွဲတော်) ကို ဝါခေါင်လဆန်း (၈) ရက်ဖြစ်တဲ့ ဩဂုတ်လ (၂၁) ရက်ကနေ (၂၈) ရက်နေ့အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါ တယ်။ ပွဲတော်ဖွင့်ပွဲကို ဩဂုတ်လ (၂၁) ရက်မှာ ပွဲလာဧည့်ပရိသတ်အများအပြားနဲ့ကျင်းပခဲ့ကြကာ ဩဂုတ်လ (၂၄) ရက်မှာ ချိုးရေတော်သုံးအခမ်းအနားပြီးစီးခဲ့ပြီဖြစ်ပြီး၊ ရိုးရာဓလေ့ ကိုးကွယ်သူတွေနဲ့ အလွန်စည်ကားခဲ့ပါတယ်။ 

ပွဲတော်ရက်တွေအတွင်း နတ်ကနားပွဲတွေနဲ့ ရိုးရာဓလေ့ပွဲတွေ ဆက်လက်ကျင်းပခဲ့ကြပြီး။ ပွဲတော်နောက် ဆုံးရက် ဖြစ်တဲ့ ဩဂုတ်လ (၂၈) ရက်မှာ (ကနားခွဲ၊ ပွဲသိမ်း) ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်။ 

တောင်ပြုန်းပွဲ‌တော်ဆိုတာ “တောင်ပြုန်းနတ်နှစ်ပါးကို ရည်ရွယ်ပြီး နှစ်စဉ် ပွဲအခမ်းအနားသုံးခုကျင်းပ လေ့ရှိပါ တယ်။ ၎င်းတို့မှာ နတ်တော်မှာ စစ်ထွက်၊ တပေါင်းလမှာ စစ်ပြန်၊ ဝါခေါင်လမှာ ကန်တော့ခံ” ဆိုပြီး ဖတ်ရှုမိပါတယ်။  နောက်ဆုံးဖော်ပြထားတဲ့ကန်တော့ခံအခမ်းအနားမှာ အရေးပါတာကြောင့် လူသိန်းချီလာရောက်ကြကာ လာရောက်သူ တွေထဲမှာ နတ်ကတော်တွေ အပါအဝင် မိရိုးဖလာအရ မဖြစ်မ နေလာရောက်သူတွေ၊ ပူဇော်ပသဖို့ လာရောက်သူတွေနဲ့ အပျော်အပါးအတွက် လာရောက်သူတွေ စသဖြင့် မိမိရည်ရွယ်ချက်နဲ့မိမိ လာရောက်ကြသူတွေဖြစ်ကြပါတယ်။ 

ပွဲတော်ကို ဝါခေါင်လဆန်း ရှစ်ရက်မှသည် လပြည်နေ့ (သို့) လပြည့်ကျော်တစ်ရက်နေ့အထိ ကျင်းပလေ့ရှိခဲ့ ကြရာ ပွဲတော်ရက်မှာ စုစုပေါင်း (၈) ရက် (သို့) (၉) ရက်ကြာမြင့်လေ့ရှိပါတယ်။ 

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

" မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ ရှုမြင်ပုံ ဆောင်းပါးအမှတ်စဉ် (၃၂) " အသားဝါလူမျိုးများ(အာရှတိုက်သားများ) သည် လူဦးရေများပြားပြီး တစ်ချိန်က ကမ္ဘာ့မြေဧရိယာ၏ ထက်ဝက်ကို ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါတွင် အဘယ်ကြောင့် မြေဧရိယာ အနည်းငယ်သာ ပိုင်ဆိုင်ရသနည်း။

RECENT POSTS
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved