မူဆယ် (၁၀၅) မိုင်ဂိတ်အနီးတွင် အရပ်သားတစ်ဦးကို MNDAA နှင့် AA ပူးပေါင်းအဖွဲ့က ပစ်ခတ်သတ်ဖြတ်
စိမ့်စမ်းရေ (NSS) - ဩဂုတ် ၃၀
မူဆယ် (၁၀၅) မိုင်ဂိတ်အနီးတွင် အရပ်သား ကားသမားတစ်ဦးကို MNDAA နှင့် AA ပူးပေါင်းအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၉ရက်) က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မှ (၁၀၅) မိုင်ဂိတ်အထွက် လမ်းပိုင်းရှိ MNDAA နှင့် AA ပူးပေါင်းအဖွဲ့ဂိတ်တစ်ခုတွင် အရပ်သားကားသမားတစ်ဦးကို အဆိုပါ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ကားသမားတွင် သေနတ်ဒဏ်ရာများရရှိကာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရပြီး ခရီးသွားလာသည့် အရပ်သားများအနေဖြင့် MNDAA နှင့် AA ပူးပေါင်းအဖွဲ့ဂိတ်တွင် မဖြစ်မနေ စစ်ဆေးမှုခံယူနေရန် ခြိမ်းခြောက်ထားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါသေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငသိုင်းချောင်းတွင် လှေတိမ်းမှောက်၍ ရေနစ်ပျောက်ဆုံးခဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို (၂)ရက်ခန့်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိ
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
