FIFA U-15 World Cup and Festival အတွက် မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်း ပဏာမကစားသမား (၃၂) ဦး၏ စာရင်းထုတ်ပြန်

ထိုက်စံ(NSS)-ဩဂုတ် ၃၀
အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် FIFA U-15 World Cup and Festival ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်းအတွက် ပဏာမ (၃၂) ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ယမန်နေ့(ဩဂုတ် ၂၉ ရက်)က ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ပဏာမ စာရင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ Open Try Out စနစ်ဖြင့် ရွေးချယ်ထားသူများ၊ တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ရန်ကုန်ဇုန် FIFA/MFF U-15 LEAGUE 2026 နှင့် နေပြည်တော် (RTC) တို့မှ လူငယ်ကစားသမားများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် MFF Academy Selection Team (YGN) နှင့် MFF Academy Selection Team (MDY) တို့မှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားများအပါအဝင် စုစုပေါင်း ကစားသမား (၃၂) ဦးကို ပဏာမအဆင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ခံရသည့် ပဏာမ ကစားသမား (၃၂) ဦးသည် လာမည့်(စက်တင်ဘာ ၃ ရက်)အရောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး အဇာဘိုင်ဂျန်ခရီးစဉ်အတွက် လေ့ကျင့်ရေးစခန်းသွင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ လေ့ကျင့်ရေးစခန်းမှတစ်ဆင့် အပြီးသတ် ကစားသမားများကို ဆက်လက် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ် (၁၀၅) မိုင်ဂိတ်အနီးတွင် အရပ်သားတစ်ဦးကို MNDAA နှင့် AA ပူးပေါင်းအဖွဲ့က ပစ်ခတ်သတ်ဖြတ်
RELATED POSTS
07 Sep 2026 | အားကစား,နိုင်ငံတကာ
06 Sep 2026 | အားကစား,နိုင်ငံတကာ
04 Sep 2026 | အားကစား,နိုင်ငံတကာ
03 Sep 2026 | အားကစား,ပြည်တွင်း
