ခြေချောင်း(၂၉)ချောင်းဖြင့်မွေးဖွားလာသည့် ကမ္ဘာ့ခြေချောင်းအများဆုံးကြောင်လေး
Pika (NSS) - သြဂုတ် ၃ဝ
အမေရိကန်နိုင်ငံ ဝစ်ကွိုင်ဆင်ပြည်နယ်မှ ကြောင်လေးတစ်ကောင်သည် ခြေချောင်း(၂၉)ချောင်းဖြင့် မွေးဖွား လာခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Kendra Vanden bloomer နှင့် Hunter Nett တို့၏ Maine coon ကြောင်အမျိုးအစား Erebus Anomaly သည် ကြောင်တစ်ကောင်တွင် ခြေချောင်းအများဆုံးရှိမှု အတွက် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
Erebus Anomaly ၏ ခြေချောင်းစုစု ပေါင်းမှာ(၂၉)ချောင်းရှိပြီး ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က တရားဝင်ရေ တွက်မှုများလုပ်ဆောင်ခဲ့ပြီး နောက်ကမ္ဘာပေါ်တွင် ခြေချောင်းအများဆုံးကြောင်လေးအဖြစ် ဂင်းနစ်စံချိန်ကိုရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် Erebus Anomaly ကြောင်လေး၏ ခြေချောင်း များသည် ပုံမှန်အိမ်မွေးကြောင်တစ်ကောင်ထက် (၁၁)ချောင်းပိုမျာကြောင်းလည်းသိရသည်။

Polydactyly ဟုခေါ်သော ကြောင်မျိုး စိတ်တွင် ခြေချောင်းအပိုများပါလာစေသည့် မျိုးရိုး ဗီဇလက္ခဏာကို Maine coon ကြောင်အမျိုးအစား များတွင် တွေ့ရလေ့ရှိသော်လည်း Erebus Anomaly ၏ ခြေချောင်းအရေအတွက်မှာ မှတ်တမ်း တင်ဖူးသမျှထဲတွင် အများဆုံးဖြစ်ကြောင်းလည်းသိရသည်။ ခြေချောင်းအများဆုံးကြောင်စံချိန်ကို (၂၀ဝ၂) ခုနှစ်၌ ဂျိတ်ဟုခေါ်သော ကနေ ဒါကြောင်လေးတစ်ကောင်က တင်ခဲ့ခြင်းဖြစ်ပြီး အဆို ပါစံချိန်ကို ယခုနှစ်အစောပိုင်းတွင် မီချီဂန်ပြည်နယ်ရှိ တိုဘီဟုခေါ်သော ကြောင်လေးက ထပ်မံချိုးဖျက်ခဲ့ ကြောင်းသိရသည်။ သို့သော်လည်း နောက်ပိုင်း တွင် Erebus Anomaly ကြောင်လေး၏ ခြေချောင်းအရေ အတွက်က ဂျိတ်နှင့်တိုဘီတို့၏ ခြေချောင်းအရေ အတွက်ထက် ပိုများနေခဲ့ပြီးနောက် ကမ္ဘာ့ခြေချောင်း အများဆုံးကြောင်လေးအဖြစ် ဂင်းနစ်စံချိန်ကို တရား ဝင်သိမ်းပိုက်သွား ခဲ့ခြင်းလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးမြေနေရာများကို အခြားနည်းဖြင့် သုံးစွဲခြင်းမရှိအောင် စနစ်တကျကြပ်မတ်ရန် နိုင်ငံတော်သမ္မတ ပြောကြား
RELATED POSTS
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
21 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
19 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
14 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
