အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ထိုင်းနိုင်ငံကို လာရောက်ရခြင်း ဘာကို ရည်ရွယ်သလဲ
HtayOung (NSS)- ဩဂုတ် ၂၈
လာမယ့် စက်တင်ဘာ လဆန်းပိုင်း အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟင်လင် ကွန်းနဲ စစ်သင်္ဘောအုပ်စုရဲ့ ထိုင်းနိ်ုင်ငံကို လာရောက်မယ့်သတင်းနဲ့ ပတ်သက်ပြီး အွန်လိုင်း မြန်မာစာအသုံးပြု သူများကြား အမျိုးမျိုးထင်ကြေးပေးလျက်ရှိကြပါတယ်။
အဲ့ဒီစစ်သင်္ဘောတွေဟာ ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက အမေရိကန် စန်ဒီယာဂိုဆိပ်ကမ်းမှ ထွက်ခွာ လာပြီး အရှေ့အလယ်ပိုင်း (အီရန်နဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးတွေ) မှာ တာဝန်ထမ်းဆောင်ခဲ့တာ အခုဆိုရင် ၉ လကျော် ကြာမြင့်ခဲ့ပါပြီ။ သင်္ဘောသားတွေဟာ ဆိပ်ကမ်းမကပ်ဘဲ ပင်လယ်ပြင်ထဲမှာ ရက်ပေါင်း ၂၅၀ ကျော် (စံချိန်တင်) ဆက်တိုက် ဖြတ်သန်းခဲ့ရပါတယ်။ ပုံမှန် ၆-လထက် ကျော်လွန်လာခြင်းကြောင့် သင်္ဘောပေါ်မှာ အစားအသောက်၊ ရေပြတ်လပ်မှုများ ဖြစ်ပေါ်ခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်လာခြင်းနဲ့ ရေထဲ ခုန်ချဖို့ ကြိုးစားမှု တွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အမေရိကန်လွှတ်တော်အမတ်တွေက ပင်တာဂွန် (စစ်ဌာ နချုပ်) ကို ဝေဖန်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီသင်္ဘောပေါ်ပါလာတဲ့ စစ်သည်အင်အား ၅,၀၀၀ ကျော် ဟာ ပတ္တရားမြို့မှာ စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ အပန်းဖြေနားနေခွင့် (Rest and Recuperation) ရရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ စစ်သားတွေ အပန်းဖြေဖို့နဲ့ အစားအသောက် အထောက်အပံ့တွေ ပြန်ဖြည့်ဖို့ ဖြစ်ပြီး ရေတပ်ဝေါဟာရအရ "Liberty" (သို့မဟုတ် Shore Leave) လို့ ခေါ်ပါတယ်။
စိတ်ဖိစီးမှုများပြားလွန်းတယ်လို့ ဝေဖန်နေကြတဲ့ စစ်သင်္ဘောအုပ်စုရဲ့ အိမ်ပြန်ခရီးအတွက် ထိုင်းနိုင်ငံမှာ တစ် ထောက်နားစေခြင်းဟာ ပြုံးစရာ အတော်ကောင်းပါတယ်။ ထိုင်းပင်လယ်ကွေ့ (ကမ္ဘောဒီးယားဖက်ခြမ်း) ပတ္တ ရားကမ်းခြေ၊၊ လမ်ချာဘန်ဆိပ်ကမ်းဟာ အပျော်အပါးအလွန်များပြားကြောင်း ကိုယ်တိုင်အကြိမ်ကြ်မ် ရောက်ဖူး လို့ ကောင်းကောင်း သိပါတယ်။
အဲဒီလေယာဉ်တင်သင်္ဘောဟာ နျူကလီယာစွမ်းအင်သုံး ဖြစ်ပြီး လောင်စာဆီထပ်ဖြည့်စရာမလိုဘဲ အနှစ် ၂၀ ကျော် ဆက်တိုက် မောင်းနှင်နိုင်ပါတယ်။ ယခုလို စစ်ဆင်ရေးထွက်လျင် ၎င်းနဲ့အတူ လေကြောင်းရန်ကာ ကွယ်ရေး ခရူဇာစစ်သင်္ဘော (၁) ရေငုပ်သင်္ဘောနဲ့ ဒုံးကျည်ကာကွယ်ရေး ဖျက်သင်္ဘော- ၂ စီးမှ ၃ စီး၊ ရေအောက် လုံခြုံရေးအတွက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော- ၁ စီးမှ ၂ စီး၊ ခဲယမ်း၊ အစားအသောက်နဲ့ ဆီ ဖြည့်တင်းရန် ထောက်ပံ့ရေး သင်္ဘော ၁ စီး တို့ လိုက်ပါလေ့ရှိပြီး လေယာဉ်တင် တိုက်ခိုက်ရေးအုပ်စု Carrier Strike Group (CSG) လို့ခေါ်ပါတယ်။
ဒီတစ်ခေါက် လာရောက်ခြင်းဟာ အာရှအနောက်ပိုင်း ပင်လယ်ပြင်မှာ ရက် ၂၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ ရတဲ့ စစ်သည်တွေ အပန်းဖြေဖို့ သက်သက်သာဖြစ်ပြီး (မြန်မာနိုင်ငံ အပါအဝင်) မည်သည့်ဒေသတွင်းနိုင်ငံကိုမှ ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ ဆိပ်ကမ်း ရပ်နားခြင်း သက်သက်သာ ဖြစ်ပြီး ထိုင်းရေတပ်နဲ့ပါ ပူးတွဲစစ်ရေး လေ့ ကျင့်မှုတွေ ပြုလုပ်မှာ မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းထားတယ်လို့ မလေးရှား စတား (26 August 2026) က ရေးတယ်။
ထိုင်းနိုင်ငံမှာ ၅-ရက်ကြာ အပန်းဖြေပြီးနောက် လေယာဉ်တင်သင်္ဘောအုပ်စုဟာ အရေိကန်အနောက်ဖက်ကမ်း ခြေ စင်ဒီယာဂိုမြို့ကို ဆက်လက်ထွက်ခွာပါလိ်မ့်မယ်။ ထိုင်းနိုင်ငံမှာ ဆိုက်ကပ်ထားစဉ် (အဖြောင့်တိုင်းလျင်) မြန်မာနိုင်ငံ ပုလောမြိုမှ မိုင် ၁၅၀ ခန့်၊ ရန်ကုန်မှ မိုင် ၄၀၀ ခန့် နေပြည်တော်မှ မိုင် ၅၅၀ ခန့်အကွာမှာ ရှိပါ မယ်။ လေကြောင်းရန် အကွာအဝေး စိုးရိမ်စရာ မရှိပေမယ့် လေယာဉ်တင်သင်္ဘောပေါ်မှာပါတဲ့ F/A-18 တိုက် လေယာဉ်တွေဟာ မိုင် ၅၀၀ ကျော်အထိ ပျံသန်း တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် ကပ္ပလီပင်လယ်ပြင်အနီး စစ်သင်္ဘောကြီး ဖြတ်သန်းချိန်မှာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသအချို့ဟာ သူတို့ရဲ့ လေကြောင်းပျံသန်းမှု ဧရိယာအောက်ထဲရောက်ရှိနေနိုင်ပေမယ့် လက်တွေ့မှာတော့ ဘာစစ်ရေး လှုပ်ရှားမှုမှ ရှိလာမှာ မဟုတ်ပါဘူး။ အနှစ်ချုပ်ရရင် အမေရိကန် စစ်သင်္ဘောအုပ်စုဟာ မြန်မာ့ပင်လယ်ပြင်ရဲ့ တံခါးဝဖြစ်တဲ့ မလက္ကာရေလက်ကြားအနီးအထိ ရောက်ရှိလာမှာဖြစ်လို့ အကွာအဝေးအရ နီးစပ်ပေမယ့် မြန်မာ့ နိုင်ငံရေး၊ စစ်ရေးအခြေ အနေတွေနဲ့ တိုက်ရိုက်ပတ်သက်မှု လုံးဝ မရှိနိုင်ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BL၊ GL စာအုပ်များ ရောင်းချနေသည့် Facebook Page များကို ဥပဒေနှင့်အညီ အရေးယူမည်ဟု သတိပေး
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
