Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတကြီးအနေနဲ့ ဘယ်လောက်ပဲ ဦးဆောင် ဦးဆောင် နောက်က ယန္တရားကြီးကပါမလာရင်လည်း နိုင်ငံတော်အတွက် ဆုံးရှုံးတာပဲ

စော (NSS) - သြဂုတ်လ ၂၇

(ယခင်တစ်ပတ်မှအဆက်)

နိုင်ငံတကာမှာ ‌တော်ရုံတန်ရုံ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်သူမှ အဲဒီလိုမျိုးငွေချေမှုစနစ်မလုပ်ဘူး။ သင်္ဘောကထွက်သွားပြီလေ။ သင်္ဘော စထွက်မယ်ဆို တော့မှ ငွေစပေးရမယ်ဆို ‌တော်ရုံ ဘယ်သူမှမယုံကြည် ဘူး။ ဒါက အရမ်းယုံတဲ့ Trust ရှိမှ Business Part­ner ဖြစ်နေမှသာလျှင် ပေးမှာ။ အဲဒီလိုဖြစ်တဲ့အခါကျ တော့ တကယ်ပစ္စည်းဝယ်ရင် စရန်ပေးရတယ်။ အဲဒီ စရန်က (၃၀)ဖြစ်ရင်ဖြစ်မယ်၊ (၄၀)ဖြစ်မယ်၊ တချို့ ဆို (၅၀)။ အဲဒီ (၅၀)ကို ကြိုလွှဲပေးရတာ။ ကြိုလွှဲပေး တော့ တရားဝင်လွှဲရတာမဟုတ်ဘဲနဲ့ အောက်လမ်း ကလွှဲရတဲ့အဆင့်တွေဖြစ်ရေ။ာ နိုင်ငံ‌တော်က ဘာလဲ ဆိုတော့ ဒေါ်လာကြိုလွှဲရင် အလိမ်ခံရမှာစိုးလို့ သူ့ ဟာနဲ့သူရှိပေမယ့် စီးပွားရေးဥစ္စာမျိုးစဉ်းစားရင် စရန် ငွေပေါ့။ အင်္ကျီတစ်ထည်အပ်ရင်တောင်မှ စရန်ငွေ မပေးရင် မရဘူး။ အဲဒီတော့ စရန်ငွေကို လွှဲလို့မရဘူး။ အဲဒီတော့ အောက်ကမှောင်ခိုနဲ့ စရန်ငွေလွှဲလိုက်ရော (၅၀)လောက်။ ပစ္စည်းထွက်လာတဲ့အခါကျရင် တ ကယ်တမ်းပေးရမှာ နောက်ထပ်(၅၀)။ အဲဒီမှာ (၁၀ဝ)ဖြစ်နေတယ်။ ဒီမှာက အစိုးရ (၁၀ဝ) လုံးလွှဲ ခိုင်းတာအဲဒီအချိန်။ လက်ရှိက (၅၀)လွှဲထားပြီးပြီဆို တော့ အဲဒီ (၁၀ဝ)ကိုလွှဲဖို့အတွက် ကိုယ်ဝယ်တဲ့ကုမ္ပ ဏီထဲကိုလွှဲလိုက်ရင်လည်း ဒီ (၅၀) ပြန်တောင်းလို့မရ ဘူး။ မရတော့ နောက်ထပ်တစ်ခါ ယုံကြည်ရတဲ့ အမည်ခံကုမ္ပဏီတစ်ခုကို ခံရပြန်ရော။ ခံတော့ အဲဒီ ကိုလွှဲလိုက်ကော လွှဲပြီးတော့မှ အဲဒီကနေ (၅၀)ကို ဟိုဘက်ကိုပေး၊ ဒီ (၅၀)က ဒီဘက်ကို ပြန်လာရမယ် ပြန်လာဖို့ တစ်ခါ ဟွန်ဒီလမ်းကြောင်းနဲ့ မှောင်ခိုလမ်း ကြောင်းနဲ့ပြန်လာရတဲ့အခါကျတော့ အဲဒီလမ်း ကြောင်းမှာ ကုန်ကျသွားတဲ့စရိတ်တွေက  ကုန်ပစ္စည်း တွေပေါ်မှာ သွားပေါင်းသလိုဖြစ်နေတာ။ အဲဒီလိုဟာ မျိုးမူဝါဒတွေကို ပြန်ပြင်ကိုပြင်ရမှာဆိုတော့ သူရဲ့စာ ချုပ်ရှိမယ်။ (၅၀)ရာခိုင်နှုန်း စရန်ပြန်ပေးရမယ်ဆိုရင် (၅၀)ရာခိုင်နှုန်းစရန်ပေးတာကို အစတည်းက အစိုး ရကခွင့်ပြုပေးသင့်တယ်။ ဦးသိန်းစိန်လက်ထက်မှာ အဲဒီလိုဟာမျိုးတွေရှိတယ်။ ခွင့်ပြုတယ်။ ခွင့်ပြုတဲ့အ တွက်ကြောင့်မို့လို့ စာချုပ်အတိုင်းပေးတာ။ Payment  အတိုင်း လိုက်ကိုပေးသင့်တယ်။ အဲဒီလိုမျိုးစီးပွားရေး ကို လုပ်သာကိုင်သာရှိအောင် ဖြေကိုဖြေလျှော့ပေးရ မယ်။ စီးပွားရေးဆိုတဲ့ဟာမျိုးက စီးပွားရေးကိုနားလည် တဲ့ စီးပွားရေးသမားကိုပေးပြီးတော့ ပြုပြင်ပြောင်းလဲ ရေး လုပ်ကိုလုပ်ရမှာ။ ဦးသိန်းစိန်လက်ထက်မှာဆို လည်း ကုန်သည်ကြီးများအသင်းက ဦးဝင်းမြင့်က ဝန် ကြီး စဖြစ်တယ်။ ဝန်ကြီးဖြစ်တဲ့အချိန်မှာက သူက ပြု ပြင်ပြောင်းလဲပြီး အဲဒီနောက်မှာ ဦးတင်နိုင်သိန်းဖြစ် တယ်။ ဖြစ်တဲ့အခါမှာ သူတို့တွေက ဒီရှေ့ကဥစ္စာတွေ Practice တွေရသွားတာဖြစ်တဲ့အတွက်ကြောင့် လူ တွေက ဆက်ထိန်းသွားတယ်။ ထိန်းသွားတဲ့အတွက် ဦးသိန်းစိန်လက်ထက်မှာ စီးပွားရေးက အကောင်းဆုံး ပဲ၊ လုပ်ငန်းရှင်တွေက လုပ်သာကိုင်သာအရှိဆုံးပဲ၊ အလုပ်လုပ်ချင်ဆုံးပဲ။ အဲဒီလို အလုပ်လုပ်ချင်တဲ့စနစ် ပြန်ကိုဖြေပေးမှရမှာ။ စောနက သမ္မတကြီး ထိန်းချုပ် တယ်ဆိုတာက အခြေအနေတစ်ရပ်မှာ ထိန်းချုပ်ရ တယ်ဆိုတာ လက်ခံတယ်။ အခုက အဲဒီအခြေအနေမ ဟုတ်တော့ဘူး။ နောက်တစ်ခုကကျတော့ (၂၀၂၁) နဲ့ (၂၀၂၅) အတွင်းမှာ ငွေတွေကိုထိန်းချုပ်ခဲ့တယ်။ Inflationတွေဖြစ်တယ်ဆိုတာ နိုင်ငံရေးကစားတဲ့ ဂိမ်းတွေကြောင့်ဖြစ်သွားတဲ့ Inflation ။ ခုချိန်မှာ နိုင်ငံ ရေးဂိမ်းလုပ်ဖို့ဆိုတာ လွှတ်တော်ကြီးက နိုင်ငံရေးပြန် ကစားလို့ရတယ်။ ထိန်းလို့ရတယ်။ အဲဒီလိုအခြေအနေ တွေဖြစ်နေပြီဖြစ်နေတဲ့အချိန်မှာ ဒီဟာတွေကိုလိုက် ပြီး ထပ်ပြီးထိန်းချုပ်တာကြီးက မလုပ်သင့်တော့ဘူး။ Inflation ဖြစ်စရာလည်း ဒီလောက်ကြီးမရှိဘူး။ ဖွင့် ပေးလိုက်လို့ စောနကပြောသလို အခုလက်ရှိ Inflation  ဖြစ်နေတယ်ဆိုတာက ကုန်ပစ္စည်းတွေသွင်းမရလို့ ပစ္စည်းပြတ်လို့ဈေးကြီးတာ။ မှောင်ခိုလမ်းကြောင်းက ဝင်လို့ ဈေးကြီးနေတာ။ တရားဝင်လမ်းကနေပြီးတော့ မယုံရင်စမ်းဖွင့်ပေးကြည့်လိုက်။ တစ်လလောက်ပဲ အစမ်းသဘောမျိုးပဲ ပြန်ပြီးတော့ဖွင့်ပေးကြည့်လိုက်။ အဲဒီထဲမှာ ဝုန်းဆိုပြီး ကုန်ဈေးနှုန်းတွေမကျသွားဘူး ဆိုရင် ဒေါ်လာဈေးတွေကျမလာဘူးဆိုရင် ကြိုက်သ လိုပြော။ အဓိက စီးပွားရေးလုပ်သာကိုင်သာရှိအောင် ဖန်တီးပေးဖို့လိုနေတာ။ ဒီနိုင်ငံမှာ အခုလိုနေတာ။ လူငယ်တွေ နိုင်ငံခြားထွက်တယ်ဆိုတာလည်း စစ်မှုမ ထမ်းမနေရကြောင့်တစ်ခုတည်းလည်း မဟုတ်ဘူး။ ဒီမှာအလုပ်လုပ်လည်း ငတ်နေတဲ့အတွက်ကြောင့် နိုင်ငံခြားထွက်တာ။ ဒီမှာအလုပ်မရှိတဲ့အတွက်ကြောင့် မို့လို့ အခြေအနေအဆင်မပြေလို့ နိုင်ငံခြားထွက်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါပဲ။ အခုဟာက မိသားစု တစ်စုမှာ တစ်ယောက်က (၅)သိန်းရတယ်။ အဲဒီ(၅)သိန်းက (၁၀)ရက်၊ (၁၅)ရက် တစ်ယောက်စာ လောက်ငရင်တောင် ကံကောင်း။ မနည်းထိန်းသုံးနေရ တာလူတွေက။ အဲဒီလိုဖြစ်ကုန်တာ။ ဆိုတော့ အဲဒီလို မျိုးအခြေအနေတွေမှာ ဒါမျိုးတွေက ပြင်ကိုပြင်ရ တော့မယ့်စီးပွားရေးပေါ်လစီက မပြင်ဘဲ ဒီအတိုင်း မှန်တယ်လို့ထင်ရင် မှားလိမ့်မယ်။ ဒီစနစ်တွေက ဒေါ် လာတွေ ဘယ်လောက်ဆီကိုကန့်သတ်လိုက်လို့ ဘယ်လောက်ပေါ်လာတယ်ဆိုတဲ့ဟာ အဲဒီနိုင်ငံခြား ငွေ တစ်ဘီလျံ တစ်နှစ်အတွက် ပိုလာတာမှန်ပေမယ့် အဲဒီတစ်ဘီလျံကို အလုပ်ထဲမှာထည့်လိုက်လို့ ပြန်ရ လာမယ့် Profit နဲ့ဟာကို  တကယ်ကမတွက်တာ။ အဲဒီတစ်ဘီလျံ ဘာကြောင့်ချွေတာလိုက်ရလဲဆိုတာ စက်သုံးဆီထိန်းလိုက်တဲ့အတွက်ကြောင့်မို့လို့ တချို့ တွေ ကားစီးတဲ့လူက ရထားစီးလားမေးရင် မစီးသေးဘူး။ ကားပဲပြန်စီးရုံပဲ။ ဟုတ်တယ်မလား။ ဆိုတော့ အဲဒီတစ်ဘီလျံဖိုးဆီကို လုပ်ငန်းတွေမှာသုံးရင်လည်း သုံးလိမ့်မယ်။ ဒီဆီက ကားတွေမှာထည့်လို့လျော့သွား တယ်လို့ဆိုပေမယ့် ဒီဆီက ပြည်တွင်းမှာလည်း လုပ် ငန်းတွေမှာသုံးနေတဲ့ဟာတွေလည်းရှိတယ်။ လုပ်ငန်း သုံးတဲ့လူတွေက ဆီ ဝယ်မရတော့ဘူး။ တစ်ဘီလျံ သက်သာသွားပေမယ့် ကုန်ထုတ်လုပ်ငန်းပိုင်းမှာကျ တော့ ဒီဆီကိုသုံးပြီးလာလုပ်တာဖြစ်ခဲ့ရင် အများကြီး ရှုံးပြီ။ ဒီတစ်ဘီလျံမကဆုံးရှုံးသွားပြီ။ အဲဒီဒေါ်လာ တစ်ဘီလျံလောက်ပိုတာကို ပိုတယ်လို့တွက်နေတာ၊ မြတ်တယ်လိုထင်နေတာ၊ ချွေတာနိုင်တယ်လို့ထင် တာ။ မဟုတ်ဘူး ပြည်တွင်းမှာ ဆုံးရှုံးသွားတဲ့ဟာတွေ အများကြီးရှိတယ်။ လုပ်အားတွေ ဆုံးရှုံးသွားတယ်၊ အလုပ်တွေ ဆုံးရှုံးသွားတယ်။ အဲဒီဟာက ပိုကြီးတာ။ အဲဒီလိုမျိုးပြန်စဉ်းစားရမှာ၊ ချိတ်ဆက်ပြီးစဉ်းစားရမှာ။ 

မေး။ ။ အခုလိုမျိုးပေးဖို့အတွက် အကုန်လုံးပေးရမှာ လား။ မပေးနိုင်ခဲ့ရင် ဘယ်ကဏ္ဍကို ဦးစားပေးသင့်လဲ။

ဖြေ။ ။ အဲဒီလို Sector ပြန်ခွဲမယ်ဆိုရင် အလုပ်အကိုင် များများပေးတဲ့ Sector မျိုးတွေရှိတယ်။ ဥပမာ ဆောက်လုပ်ရေးတို့ ဒါပေမဲ့ အားလုံးကလိုနေတာနော်။ ကျွန်တော်ပြောသလို ရုံးတစ်ရုံးမှာလိုအပ်တဲ့ Printer  ဒီနိုင်ငံမှာထုတ်နိုင်တာမဟုတ်ဘူး။ အဲဒီ Printer  မသွင်းရဘူး။ Copier မသွင်းရဘူး။ သူနဲ့ဆက်စပ်အပိုပစ္စည်းပျက်သွားလို့ အပိုပစ္စည်းသွင်းမရဘူးဆိုရင် လုပ်ငန်းတွေ အကုန်ရပ်သွားတာ။ အရေးကြီးတာက အားလုံးအရေးကြီးတယ်။ လုပ်ငန်းရှင်တွေက မလို အပ်ဘဲ ဘယ်သူမှမသွင်းဘူး။ ပစ္စည်းကို အရှုံးခံပြီး တော့ လိုအပ်တဲ့ပစ္စည်းကိုသွင်းနေတာဖြစ်တဲ့အတွက် ပါမစ်က Free  ပေးကို ပေးရမယ်။ သူထိန်းချုပ်ရမှာ ဘာတွေလဲဆိုတော့ အန္တရာယ်ရှိတဲ့ Chemical တွေ ရှိတယ်။ နောက် တချို့ပစ္စည်းတွေ လုံခြုံရေးနဲ့သက် ဆိုင်တဲ့ပစ္စည်းတွေရှိတယ်။ အဲဒါတွေကတော့ ထိန်း ကိုထိန်းချုပ်ရမယ်။ ကျန်တဲ့ဟာတွေ သွင်းကို သွင်း နေရမှာ။ ဥပမာ လုပ်ငန်းတစ်ခုလုပ်ချင်တယ်။ ဘီစ ကစ်စက်ရုံလုပ်ချင်တယ်။ အဲဒီ ဘီစကစ်မုန့်လုပ်ဖို့အ တွက်က ဂျုံလိုတယ်။ ပြည်တွင်းမှာ သကြား အလုံအ လောက်မထွက်သေးဘူးဆိုရင် ထိုက်သင့်တဲ့သကြား တော့ပေးရမယ်။ နောက်တစ်ခါကျတော့ အဲဒီ ဘီစ ကစ်လုပ်တဲ့စက်၊ ထုပ်ပိုးမှု၊ အဲဒါနဲ့ပတ်သက်တဲ့စက် တွေကမလိုဘူးလား လိုတယ်လေ။ လိုတော့ ဘယ် ဟာကို အဓိကရွေးချယ်ရမလဲ အဲဒီလိုမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ကို အရောင်းအဝယ်လုပ်လို့ရ အောင် ပေးကိုပေးရမယ်။ ပါမစ်ဆိုတဲ့ဟာက မရှိ အောင်ထားရမှာ။ နိုင်ငံတကာမှာဆို ပစ္စည်းတစ်ခုကို ပေးသွင်းလိုက်တယ်ဆိုရင် သူ့မှာ အရမ်းထိန်းချုပ် ထားတဲ့ပစ္စည်းပဲ ပါမစ်လျှောက်ရတာ။ ကျန်တဲ့ပစ္စည်း ကို လွတ်လွတ်လပ်လပ်ပေးထားတယ်။ အဲဒီပစ္စည်းက ဆိပ်ကမ်းရောက်ရင် ကာစတန်မှာပဲ ကာစတန်နဲ့တိုက် ပြီးတော့ အဲဒါပြီးသွားပြီ။ နိုင်ငံခြားမှာ ကာစတန်က မေးမယ်။ ဆိပ်ကမ်းရောက်ရင် အဲဒီကာစတန်ကစစ် တယ်။ နောက်တစ်ခုကကျတော့ ဒီမှာ တရားဝင်ခွင့်ပြု လိုက်တဲ့ဟာတွေရှိတယ်။ တချို့က ပါမစ်ထွက်တာ နောက်ကျတယ်။ ပစ္စည်းတွေကြိုရောက်တယ်။ ပစ္စည်း ကြိုရောက်ရင် ကုမ္ပဏီတွေကိုBlacklist ထည့်တယ်။ အရေးယူတဲ့အဆင့်အထိလုပ်တယ်။ တကယ်က အဲ ဒါမှားနေတာ။ တကယ်က သွင်းကုန်ပါမစ်မရှိသေးခင် မှာ လျှောက်ထားဆဲ။ ပစ္စည်းက ကြိုရောက်လာတယ် ဆိုရင် ဘာဖြစ်လဲဆိုရင် သံတစ်တန်မှာလိုက်တယ်။ ဒီဘက်မှာ ပါမစ်လျှောက်ထားဆဲ ဟိုဘက်ကုမ္ပဏီက ကုန်ထုတ်လုပ်ပြီးသွားရင်သူ့ဆီမှာထားရင် တစ်ရက် ကို ဘယ်လောက် Charges ပေးရတယ်။ ‌‌အဲဒါတွေ ပေးရတာ ဈေးကြီးတဲ့အခါကျတော့ ဘာလုပ်လဲဆို တော့ ကုမ္ပဏီတွေက သင်္ဘောနဲ့တင်လိုက်ကော မထင်မှတ်ဘဲစော‌ရောက်လာတာရှိတယ်။ စောရောက် လာလို့ဆိုရင် ပစ္စည်းလည်းသိမ်းတယ်။ ကုမ္ပဏီလည်း Blacklist သွင်းတယ်။ တကယ်လုပ်ရမယ့် နိုင်ငံတ ကာရဲ့ Practice  မှာက အဲဒီလိုရောက်လာရင်   ဆိပ် ကမ်းတွေမှာ ဂိုထောင်တွေရှိတယ်။ အဲဒီဂိုထောင် တွေမှာထည့်လိုက်။ အဲဒီထဲမှာထိန်းသိမ်းစောင့်ရှောက် ခ၊ ပါမစ်မကျခင် စောင့်ရှောက်ခရတယ်။ ဂိုဒေါင်လုပ် စားတဲ့လူတွေကလည်း အရမ်းကိုက်တယ်။ ဒီမှာ လည်း အဲဒါလုပ်မယ်ဆိုလုပ်လို့ရတယ်။ တကယ့် Practice ကိုမလုပ်ဘဲနဲ့ ဒါကြိုရောက်လာတယ် ရာဇ ဝတ်မှုကြီးလို အရေးယူတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်။ တကယ်ရာဇဝတ်မှုမှ မဟုတ်တာ။ မှောင်ခိုသွင်းတယ် ဆို ရာဇဝတ်မှုလေ။ တရားဝင်သွင်းတယ်။ ပါမစ် လျှောက်ထားတယ်။ မကျခင်စပ်ကြားလေးပဲ ဒီမှာ ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် တရားဝင် စီးပွား ရေးလုပ်ငန်းလုပ်နေတာ အဲဒါကို ရာဇဝတ်မှုလိုမျိုးကြီး အရေးယူတယ်ဆိုရင် ဘယ်လုပ်ငန်းရှင်က အလုပ် လုပ်ချင်တော့မှာလဲ။ အလုပ်လုပ်တယ်ဆိုတာ တစ် ဖက်နဲ့တစ်ဖက် အချိတ်အဆက်လေးတွေ လိုတာ လေးတွေရှိတယ်။ Language barrier  လေးတွေ ကြောင့်မို့လို့ တစ်ယောက်နဲ့တစ်ယောက် မတူတာ တွေရှိတယ်။ 

မေး။ ။ လက်ရှိ ဒီလိုမျိုးသာဆက်သွားနေမယ်ဆိုရင် ဘယ်လိုဆုံးရှုံးမှုကို အကြီးမားဆုံးကြုံတွေ့ရမလဲရှင့်။


ဖြေ။ ။ အခု ကျွန်တော်တို့သိသလောက်လေး (၆‌)နှစ် တာကာလရယ်။ ဒေါ်အောင်ဆန်းစုကြည် အနှောင်း ပိုင်းကာလ လုပ်ငန်းတွေ လုပ်လို့ကိုင်လို့ခက်လာတဲ့ အချိန်မှာ လုပ်ငန်းရှင်တော်တော်များများ ဘယ်လို လုပ်လာလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုလွယ်တဲ့ ကမ္ဘော ဒီးယားကိုလည်း တချို့လုပ်ငန်းရှင်တွေ ရောက်ကုန် တယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြတယ်။ ဗီ ယက်နမ်ရောက်သွားကြတယ်။ တချို့ Export လုပ် ငန်းတွေဆိုရင် မြန်မာပြည်နဲ့မလုပ်တော့ဘဲနဲ့ ဒူဘိုင်းနဲ့ သွားပြီးတော့လုပ်လို့ရတဲ့နိုင်ငံလေးတွေမှာ သွားလုပ် ကြတယ်။ အဲဒီအခါမှာ တရားမဝင်ပိုင်ဆိုင်မှုလွှဲပြောင်း သွားပြီးတော့ သွားလုပ်ကြတာဖြစ်ကုန်တာပေါ့။ အဲဒါ မျိုးတွေ အလုပ်လုပ်ချင်တဲ့လုပ်ငန်းရှင်ကြီးတွေ အ တော်များများလည်း အလုပ်မလုပ်တော့ဘဲ စင်ကာပူ သွားပြီးတော့ ပိုင်ဆိုင်မှုတွေလွှဲတယ်။ စင်ကာပူသွား နေတဲ့လူတွေလည်းရှိတယ်။ တချို့ဆို လုပ်ငန်းရပ်ပြီး တော့ကို (၂၀၂၁) နဲ့ (၂၀၂၅) အတွင်းမှာ သွားနေတဲ့ လူ အများကြီးဖြစ်လာတယ်ပေါ့နော်။ နောက် အလုပ် အကိုင်တွေမရှိတဲ့အတွက် လုပ်သားအင်အားတွေဆုံး ရှုံးတယ်။ လူငယ်လုပ်သားအင်အားတွေ ဆုံးရှုံးတယ်၊ အဲဒီလိုဆုံးရှုံးတဲ့အတွက် နိုင်ငံတော်မှာ အလုပ်လုပ်ဖို့ အတွက်ကို ပြန်မလာကြဘူး။ ပြန်လာဖို့အတွက်ကို စောနကပြောတဲ့အခွင့်အလမ်းပေါ့။ နိုင်ငံမှာ အလုပ် လုပ်နိုင်တဲ့လုပ်ငန်းရှင်တွေမရှိသေးဘူးဆိုတာ သိနေ တဲ့အတွက် ဘယ်သူမှပြန်မလာရဲကြဘူး။ ဘယ် လောက်ပဲ လုပ်သားရှားပါးမှုပြဿနာကြုံတွေ့နေ တယ်။ တချို့လုပ်ငန်းတွေဆိုရင် ရှုံးတယ်ဆိုတာ ပစ္စည်းတွေဝယ်မရလို့၊ ဝယ်ရတဲ့အချိန်မှာ ဈေးတွေ တက်လို့၊ ဒီနေ့ဝယ် နောက်နေ့မှာမပေးနိုင်တာမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းရှင်တွေနဲ့ ဌာန ဆိုင်ရာတွေကြား၊ လုပ်ငန်းရှင်နဲ့လုပ်ငန်းရှင်အချင်း ချင်းကြားမှာလည်း အမှုအခင်းတွေဖြစ်လာတယ်။ ပေးရမယ့်ကာလမှာ မပေးဘူး။ အဲဒါမျိုးတွေရှိတာဖြစ် တဲ့အတွက်ကြောင့်မို့လို့ ဒါတွေက အပြင်ပုဂ္ဂလိကဖြစ် နေတယ်ဆိုရင် နိုင်ငံတော်ရဲ့ဆုံးရှုံးမှုပဲ။ နိုင်ငံတော်အ နေနဲ့ဆုံးရှုံးတာတွေက ဖော်မပြနိုင်လောက်အောင်ဖြစ် နေတာ အခုလက်ရှိအခြေအနေက တချို့ အလုပ် ကောင်းတယ်။ ကောင်းတယ်ဆိုတာက ှနခအသမ လေး နည်းနည်းလေးတွေဖြစ်နေတာ။ တော်တော်များများ က လုပ်ငန်းရှင် (၁၀ဝ)ယောက်မေးရင် (၉၉)ယောက် က မကောင်းဘူးဖြေတယ်။ လုပ်ငန်းရှင်တိုင်းငြီးတယ်။ လုပ်လို့မကောင်းဘူး။ အဲဒီလိုဟာမျိုးဖြစ်နေတဲ့အ တွက်ကြောင့်မို့လို့ အဲဒီလိုဟာတွေ ပြင်သင့်တယ်။ နောက်တစ်ခုကကျတော့ ဝန်ထမ်းတွေရဲ့အဂတိ အရမ်းများလာတယ်။ ပေါ်ပေါ်ထင်ထင်ဖြစ်လာတယ်။ အတောင်းအရမ်းကြမ်းလာတယ်။ လုပ်ပိုင်ခွင့်ကို သူတို့ရပိုင်ခွင့်အနေနဲ့အသုံးချနေတာတွေ အများကြီးဖြစ် လာတယ်။ ဒီလိုကျပ်တည်းတဲ့ ပေါ်လစီတွေအပေါ်မှာ ပေါ့နော်။ ဒါတွေကလည်း နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုယန္တ ရား ယိုယွင်းလာရင် သမ္မတကြီးအနေနဲ့ ဘယ်လောက် ပဲဦးဆောင် ဦးဆောင် နောက်က ယန္တရားကြီးက ပါမ လာရင်လည်း နိုင်ငံတော်အတွက်ဆုံးရှုံးတာပဲ။ နောက် တစ်ခုကကျတော့ လူတွေ စားဝတ်နေရေးကျပ်တည်း လာတယ်ဆိုရင် နောက်ကွယ်ကဂယက်တွေကလည်း အရမ်းကြီးတယ်။ အဲဒီသက်ရောက်မှုတွေကလည်း နောက်ထပ် ထပ်ပြီး ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်။ စီးပွားရေးအရ အရမ်းအရေးကြီးတယ်။ အရမ်းအရေး ကြီးနေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုအခြေအနေက စီးပွားရေးပြုပြင်ပြောင်းလဲရေးဝန်ကြီးတွေထားပြီး လုပ်ရမှာ။ နောက်တစ်ခုက အဲဒါနဲ့တူတူ ဗျူရိုကရေ စီယန္တရားကြီးကလည်း ပျက်လာတဲ့အနေအထားဖြစ် လာတယ်။  ဗျူရိုကရေစီယန္တရားကိုလည်း အစိုးရက ပြုပြင်ပြောင်းလဲရေး အမြန်ဆုံးလုပ်သင့်တဲ့ကာလကို ရောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါမှလည်း လူထုက ထောက်ခံချက်ပိုများလာမယ်။ စီးပွားရေး လည်း ချောင်လည်လာမယ်။ ဗျူရိုကရေစီယန္တရား ပြောင်းလဲရေးလုပ်လာမှသာလျှင် ဒီနိုင်ငံရဲ့ဥစ္စာက ဖြစ်လာမှာ။ နောက်တစ်ခုက လုပ်ကိုလုပ်ရမယ့်အချိန် ဖြစ်လာပြီ။ ပြုပြင်ပြောင်းလဲရေးဆိုတာက အခုလုပ် ငန်းရှင်တွေက စောင့်ကြည့်နေတာ။ ဘာတွေဖြစ်လာ မလဲ ဖြစ်လာမလဲနဲ့။ နောက်ဆုံးမဖြစ်လာလို့ အလုပ်မ လုပ်လည်း ဆုံးရှုံးမှုမရှိဘူး။ အလုပ်လုပ်ရင်တောင် ဆုံးရှုံးသေးတယ်။ အလုပ်မလုပ်ဘဲ ငါ့ဘာသာ ဘဏ် ထဲမှာ သိန်းတစ်သိန်းလောက်ပစ်ထားပြီး ဘဏ်တိုးပဲ စားမယ်ဆိုတဲ့လူမျိုး၊ နောက်တစ်ခုကကျတော့ မြေ တွေပဲဝယ်ထားမယ်ဆိုတဲ့လူမျိုး။ အဲဒီအတွေးအခေါ် တွေများလာရင် လူတွေရဲ့စိတ်ဓာတ်ယိုယွင်းသွားရင် တိုင်းပြည်ပြန်ထူထောင်ဖို့အတွက်က ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ အောက်ခြေမှာ လူကြီးဆီ သတင်း တွေမရောက်အောင်လုပ်ထားတယ်ဆိုတာ ကျိန်းသေ တယ်။ (၁၀ဝ)ရာခိုင်နှုန်း မရောက်နိုင်ဘူးဆိုတာက ကျန်တဲ့ Level  မပြောနဲ့။့ UMFCCI  လိုမျိုးတောင်မှ အောက်မှာရှိတဲ့အဖွဲ့တွေ ဥက္ကဋ္ဌကိုတင်ပြတယ်။့ UMFCCI  ဥက္ကဋ္ဌက ဆက်ပြီးမတင်ပြရဲတော့ဘူးဆို တဲ့အခြေအနေ ဖြစ်နေတာပေါ့။ ဒါက အရပ်ဘက်အဖွဲ့ အစည်းတောင် အဲဒီလိုဖြစ်နေရင် အစိုးရဌာနက သူ့ ဆီ လုံးဝမတင်ပြရဲတော့ဘူး အခြေအမှန်ကို။ အဲဒါက တော့ လက်ရှိအခြေအနေပဲ။ အဲဒါတွေကိုမပြောင်းလဲ ဘူးဆိုရင် အကြီးကြီးကို မျှော်မှန်းလို့မရဘူးနော်။ 

မေး။ ။ ပြည်တွင်းလုပ်ငန်းရှင်တွေထဲမှာ ပြည်ပကိုရင်း နှီးမြှုပ်နှံတဲ့လုပ်ငန်းရှင်ကလွဲရင် လုံးဝရပ်နားလိုက်ရ တဲ့လုပ်ငန်းတွေရှိလား။ ဘယ်ဟာတွေလဲရှင့်။

ဖြေ။ ။ Import  ၊ Export  ဆိုရင် ရပ်သွားတာကြာလှပြီ။ ဒေါ်လာတို့၊ ပါမစ်တို့ ကန့်သတ်ကတည်းက ရပ်ကုန် ပြီ။ အဲဒီဟာတွေကလည်း လုပ်ငန်း အများကြီးရှိတာ၊ နောက်တစ်ခါ ဆောက်လုပ်ရေးသမား အတော်များ များလည်း ရပ်ကုန်တာရှိတယ်။ နောက်တစ်ခါ ကုန် ထုတ်လုပ်ငန်း၊ သွင်းကုန်တွေမရလို့ရပ်သွားတာရှိ တယ်။ အခုဆို နောက်ဆုံးကြပ်ထားတာ CMP တွေ တောင် ပါမစ်မရဘူးဆိုတဲ့ စလစ်။ CMP ဆိုတာက  လက်ခစားတွေ ဒီဘက်ပစ္စည်းလာတယ်။ ပြန်ထွက် သွားမယ့်လူတောင် ဒီဒေါ်လာဝယ်တာတို့ FESC တင်ရတယ်ဆိုတဲ့ဟာဖြစ်လာတယ်ဆိုတာ သူတို့ လည်း ရပ်သွားတာ။ အထည်ချုပ်တွေလည်း အများ ကြီးရှိတယ်။ အဲဒါကိုယ်တိုင်ကလွဲနေပြီ ပေါ်လစီက။ လူကြီးက တစ်ခုပြောလိုက်ရင် အောက်ခြေမှာက အဲဒီ ထက်ပိုပြီးလုပ်ပစ်လိုက်တာချည်းပဲဖြစ်တဲ့အတွက် လုပ်လို့မရဘူး။ တကယ်က နိုင်ငံခြားမှာဆိုရင် အစိုးရ တွေက ပံ့ပိုးပေးတယ်ဆိုတာက တကယ်အောက်ခြေ ကြီးကိုပံ့ပိုးပေးတာ။ လုပ်ငန်းတွေရဲ့ လိုအပ်ချက်ကြိုး နီတွေကိုဖြေလျှော့ပေးတာ။ ဒီနိုင်ငံမှာလိုအပ်နေတာ က ကြိုးနီတွေကိုအကုန်ဖြည်ပါ။ စီးပွားရေးနဲ့ပတ်သက် တဲ့ကြိုးနီတွေကို အဲဒီထဲမှာ မသမာမှုလုပ်ရင် မသမာ မှုလုပ်တဲ့လူကိုအ‌ရေးယူပါ။ ထိထိရောက်ရောက်။ အဲ ဒီအချိန်ကျမှ မသမာတဲ့လူက ငါ့အမျိုးမို့လို့ ငါနဲ့ပတ် သက်လို့ အရေးမယူတာမျိုးတော့မလုပ်ဘဲနဲ့ Sector  ကြီးတစ်ခုလုံးကို ပိုကျပ်တဲ့ဟာမျိုးတော့ မလုပ်မိစေနဲ့ အကုန်ဒုက္ခရောက်လိမ့်မယ်။ အဓိက ဒီနိုင်ငံမှာဖြစ်နေ တဲ့ဟာကြီးက ဒီ Sector  တစ်ခုမှာ ဒီလူတစ်ယောက် ကမှားသွားတယ်။ မှားသွားတယ်ဆိုရင် အဲဒီလူကိုအ ရေးယူတာမဟုတ်ဘဲနဲ့  ဒီ Sector  ကြီးတစ်ခုမှာရှိ တဲ့လူတွေကို ဒီလိုလုပ်လို့မရဘူးလို့ထိန်းချုပ်လိုက် တော့ ကျန်တဲ့လုပ်ငန်းတွေက လုပ်မရတော့ဘူး။ အဲ ဒါတွေက ဥပဒေတွေ၊ စည်းမျဉ်းတွေဖြစ်ဖြစ်လာတာ။ တကယ်ကမဟုတ်ဘူး။ ဒီလူမကောင်းရင် ဒီလူကို အ ရေးယူပစ်လိုက်။ ဘယ်လိုပတ်သက်ပတ်သက် ထိထိ‌ ရောက်ရောက်အရေးယူ။ အဲဒါဆိုရင် အဲဒါမျိုးကိုမလုပ် နိုင်ဘူး။ အစိုးရအနေနဲ့လည်း အများကြီး ကြိုးနီတွေနဲ့ လိုက်ထိန်းစရာမလိုဘူး။ ကြိုးနီစနစ်တွေအကုန် ဖြေ လျှော့ပေး၊ ဖြေလျှော့ပေးရင် စီးပွားရေးသမားက စီး ပွားရေးကို အာရုံစိုက်ပြီးလုပ်လာလိမ့်မယ်။ အဲဒီလို မလုပ်တဲ့အခါကျတော့ Online Scam လုပ်တာမှ ကောင်းသေးတယ်ကွာဆိုတဲ့လူမျိုးတောင် ပေါ်နေပြီ။ ဒါက အရမ်းစိုးရိမ်ဖို့ကောင်းတဲ့အနေအထားတွေ။ 

မေး။ ။ လက်ရှိမှာ ပါမစ်တွေ ဘယ်လောက်ချထားပေး တယ်။ တကယ်‌ကော ပါမစ်တွေက မြေပြင်ကို ရောက် ပါသလား။ 

ဖြေ။ ။ သူတို့ကိုမေးရင် စီးကူးရဲ့ထုံးစံရှိတယ်။ သူတို့ ဆီမှာ ပါမစ်က သံဆိုရင် ပါမစ်ဘယ်နှတန်ထုတ်ထားလဲ လို့လူကြီးတွေကမေးရင်တော့ ကျောက်ပြားဆို ဘယ် နှတန်ထုတ်ပေးထားပါတယ်လို့။ အိမ်သာတို့၊ ဘိုထိုင် တို့ ဆက်စပ်ပစ္စည်းဘယ်လောက်ထုတ်ထားပေးပါ တယ်လို့ အလူမီနီယံတွေ၊ မှန်တွေဆို ဘယ်လောက် ထုတ်ထားပေးပါတယ်လို့ အဲဒီလိုအမြဲပြောတယ် တင် ပြတယ်။ ဟုတ်ပြီ အဲဒီလောက်ထုတ်ထားပေးပြီးတော့ အဲဒီပစ္စည်းတွေက ရောက်ပြီလားဆိုတဲ့ဟာ သူတို့ ပြန် မကြည့်ဘူး။ အဲဒီပါမစ်တွေက သက်တမ်းတိုးနဲ့ ပြန် ရောင်းနေကြတာအဆင့်ဆင့်။ တကယ်လုပ်မယ့်လုပ် ငန်းရှင်ဆီမှာမရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒီ ပစ္စည်းတွေက ပြည်တွင်းကိုဝင်လာလားဆိုရင် တ ကယ်မရောက်ဘူး။ အဲဒါဆိုရင် ပါမစ်ပေးတာကမှား နေပြီလေ။ တကယ်သွင်းမယ့်လူဆီ ရောက်နေတာ မဟုတ်ဘူးဆိုတာ ကျိန်းသေနေပြီလေ။ အဲဒါမျိုးရင် ဒါတွေက စိစစ်အရေးယူပြီးတော့ တကယ်သွင်းမယ့်လူ တွေကို ချပေးလိုက်ရမှာ။ အဲဒီလိုမချပေးတဲ့အခါကျ တော့ အဲဒီပစ္စည်းတွေကမရောက်ဘူး။ ဆေးဆို ပိုဆိုး တယ်။ အိမ်သုတ်ဆေး လုံးဝမရှိဘူး။ ‌ဈေးကွက်ထဲမှာ တချို့တွေဆိုရင် တစ်ဂါလန်ပုံး၊ နှစ်ဂါလန်ပုံးနဲ့ နယ် စပ်ကနေ လှမ်းပြီးသွင်းတဲ့လူတောင်ရှိတယ်။ ပြီးမှ စုပုံ ပြီးတော့ စစ်ဆေးရေးလွတ်တဲ့နေရာလောက်ကနေ ပြီးတော့မှ ပြန်သယ်တာတို့ အဲဒီလိုမျိုးဖြစ်ကုန်တာ။ အဲဒါမျိုးတွေ ပြည်တွင်းမှာမထွက်ဘူး။ ဆေးဆိုလည်း ဆေးစက်ရုံတွေရှိတယ်။ ဒါပေမဲ့ ဆေးစက်ရုံတွေအ တွက် ကုန်ကြမ်းပစ္စည်းတွေ သွင်းမရဘူးပြောတယ်။ အဲဒီဘတ်ဂျက်ခွဲထားတဲ့အထဲမှာသွားနေရတယ် ပြော တယ်။ အဲဒီလိုဟာမျိုးတွေကတော့ တကယ်ပြင်သင့်ပြီ ပေါ့နော်။ နောက် မွေးမြူရေးဆိုလည်းဒီလိုပဲ။ ကြက်ဥ ဈေးကြီးတာရယ်၊ အခြေခံက တိရစ္ဆာန်အစားအစာ အလုံအလောက်သွင်းခွင့်မရဘူး။ မရတဲ့အခါကျတော့ ကြက်တွေက မဥနိုင်ဘူး။ အဲဒီတော့ ပြည်တွင်းမှာ တိရစ္ဆာန်အစာလုပ်လို့ရပါတယ်ဆိုတာ။ ကဲဟုတ်ပြီ လုံလုံလောက်လောက်လုပ်နိုင်လား၊ နည်းပညာရှိပြီ လား အဲဒီတော့ စောနကပြောသလို Sector တွေရွေး ထုတ်ရမှာ။ ဘယ် Sector ကို အစိုးရသည် အထူးအား ပေးမယ်။ ကျန်တဲ့ဟာတွေပုံမှန်ထား ပြည်တွင်းမှာ ထုတ်လုပ်လို့ရအောင်လို့ ဘယ်ဟာလေးတွေတော့ အရင် ရွေးချယ်မယ်။ အဲဒါရွေးချယ်ပြီး အဲဒါကိုအား ထည့်ပြီးတော့ ဖိဖိစည်းစည်းလုပ်၊ ပြည်တွင်းမှာထုတ် နိုင်အောင် တစ်ပြိုင်နက်တည်းလုပ်နိုင်အောင် ဟို ဘက်မှာကျန်တဲ့ဟာတွေလွှတ်ထားပေး။ ဒီပစ္စည်းတွေ သုံးလို့ရအောင်ထုတ်လို့ရသွားပြီ အမြဲတမ်းပြောတယ်။ ဘယ်နှနှစ်မှာ ဒီပစ္စည်းပေးမသွင်းဘူးဆို အဲဒီရင်းနှီး မြှုပ်နှံမှုကျိန်းသေလုပ်ရလိမ့်မယ် မြတ်မှာကိုး။ အလုပ်လုပ်ပြီးမြတ်မှာ။ အကယ်၍ အဲဒီပစ္စည်းတွေ ပြည်တွင်း မှာထုတ်ခိုင်းတယ်။ ဟိုကလည်း အလျင်းသင့်သလို ပေးသွင်းမယ်ဆိုရင် ပြည်ပက ဈေးသက်သာတဲ့အ တွက်ကြောင့်မိုလို့ ဒီကထုတ်ကုန်တွေက မယှဉ်နိုင် ဘူး။ ဘယ်သူမှလုပ်မှာမဟုတ်ဘူး။ ပြည်တွင်းမှာထုတ် တဲ့ထုတ်ကုန်က ဈေး ကြီးကိုကြီးတယ်။ တရုတ်ကိုယှဉ် နိုင်တဲ့နိုင်ငံ ဘယ်သူမှမရှိဘူး။ တရုတ်က တစ်ကျပ် ပေးမယ်ဆိုရင် တစ်ကျပ်နဲ့ရတဲ့ပစ္စည်းထုတ်ပေးနိုင်တယ်၊ ငါးမူးပဲတတ်နိုင်တယ်ဆိုရင် ငါးမူးနဲ့တန်တဲ့  ပစ္စည်းကိုပဲရအောင်ထုတ်ပေးနိုင်တယ်။ သူတို့ဆီမှာ အဲဒီလိုထုတ်ပေးနိုင်တဲ့ စီးပွားရေး၊ ရေခံ၊ မြေခံ ရှိပြီး သား။ ကျွန်တော်တို့ဆီမှာက ရေခံ၊ မြေခံရှိတယ်။ လုပ် နိုင်တဲ့ပတ်ဝန်းကျင်နဲ့အခွင့်အလမ်းကို သက်ဆိုင်ရာ ကမဖန်တီးပေးဘူး အဲဒါပြဿနာ။ လွတ်လပ်တာTrade လုပ်တာမှာ Free မဖြစ်ရင် လုပ်လို့မရဘူး။ စီးပွားရေးက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိမှပဲ လုပ်လို့ရတာ။ စီးပွားရေးဆိုတာ အဲဒါစီးပွားရေး သမားပဲနားလည်တာ အဲဒါသည် တခြားကလူတွေ လည်းနားမလည်ဘူး။ ကျန်တဲ့လူတွေပြောပြလို့လည်း ကျန်တဲ့လူတွေအမြင်မှာ ပြောလို့မရဘူး။ ဟိုတစ်လော ကဆိုရင် ဦးဆက်အောင်ဝေဖန်တာ မှန်တယ်။ ပြည် တွင်းလုပ်ငန်းရှင်တွေက လွတ်လွတ်လပ်လပ်ပါမစ် တောင်းတယ်။ ဒါလည်း တစ်စိတ်တစ်ဒေသ။ ဒါက ဆေးမီးတိုမှန်တယ်၊ စောနကပြောတဲ့ Sector ရွေးပြီး တော့ ပြုစုပျိုးထောင်တာက အရင်းခံ Root Cause အဲဒါမျိုးလုပ်ပေးမှ နှစ်ခုလုံးတွဲလုပ်မှရမှာ။ ဒါပြီးမှဒါ လုပ်မယ်လို့မရဘူး။ အားလုံးကဆက်စပ်နေတာ။ နောက်ဆုံးပြန်သုံးသပ်ရင် နိုင်ငံတကာကုန်သွယ်မှု လုပ်ဖို့လိုတယ်။ နိုင်ငံတကာရဲ့ ရှိပြီးသားစည်းမျဉ်း စည်းကမ်းတွေကို လွတ်လွတ်လပ်လပ်လုပ်ဖို့လိုတယ်။ စောနကပြောသလို မှောင်ခိုမဟုတ်ဘဲနဲ့ အရေးယူတဲ့ နိုင်ငံမျိုးဖြစ်နေရင် သိပ်အဆင်မပြေဘူး။ ကြိုရောက် လာတော့ဘာဖြစ်လဲ ဘာဆုံးရှုံးသွားလဲ။ ဂိုဒေါင်ခ တောင်ရဦးမယ်။ ဂိုဒေါင်မလောက်ဘူး၊ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေဆောက်မယ်။ နောက် ထပ်ဆောက်လာရင် နိုင်ငံတော်ကအခွန်ရမယ်။ နောက်တစ်ခုက အခွန်၊ စီးပွားရေးခ။ လုပ်ငန်းရှင်တွေ အခက်တွေ့နေတဲ့အထဲမှာ အခွန်လည်း နံပါတ်တစ် ထဲမှာပါတယ်။ ပြဿနာက အခွန်ကဘာလဲဆိုတော့ နမူနာလေးတစ်ခုပြောမယ်။  အိမ်ခြံမြေနဲ့ပဲပြောပြမယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုကြုံတွေ့နေရ တဲ့ ပြသာနာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ အ ဆောက်အအုံတစ်ခုဆောက်တယ်။ တိုက်ခန်းရောင်း တယ်ဆိုကြပါစို့၊ အဲဒီတိုက်ခန်းရဲ့ဈေးက ရာဖြတ်‌‌ဈေး။ ရာဖြတ်ဈေးက (၈‌)သောင်း သတ်မှတ်တယ်ဆိုကြပါစို့။ အဲဒီ (၈)‌သောင်းနဲ့ဝယ်တဲ့လူကကျတော့ အခွန်သွား ဆောင်ရင် အဲဒီ (၈)‌သောင်းနဲ့ဈေးဖြတ်လိုက်တယ်။ ရောင်းတဲ့လူကျတော့ ပေါက်တဲ့ဈေးနဲ့ဖြတ်တယ်ဆိုတာရှိတယ်။ အမှန်က ဒီ(၈)သောင်းထဲမှာတင် Con­flict  ဖြစ်နေ ပြီ။ အစောကြီးထဲကပေါက်ဈေးကို     ပေါက်ဈေးအတိုင်းဖြတ်ခိုင်းရမှာမဟုတ်ဘူးလား။ ရာ ဖြတ်ဈေးနှုန်းဆိုတာ တစ်ခုထပ်ထွက်လာတယ်။ အဲဒီ တော့ ဆိုလိုချင်တာက ကျွန်တော်တို့က ရာဖြတ်ဈေး နှုန်းကို အရင်တုန်းက ရာဖြတ်‌ဈေးနှုန်းထက်ကျော်ပြီး အခွန်ဆောင်ရင် လက်မခံဘူး။ လက်မခံတဲ့အခါကျ တော့ ကုမ္ပဏီအများစုက တိုက်ခန်းတွေ‌ရောင်းပြီး သွားလို့ အနှစ်ချုပ်စာရင်းဆွဲတဲ့အခါမှာ အဲဒီရာဖြတ်ဈေးနှုန်းနဲ့အခြေခံပြီးအကုန်ဆွဲကြတယ်။ စာရင်း ဇယားကိုဆွဲတဲ့ဟာကိုလက်မခံဘူး။ လက်မခံဘဲနဲ့  နောက်ကျမှပြန်လာပြီး‌တော့ ပေါက်ဈေးနဲ့မဆောင်လို့ ဆိုပြီးတော့ ပေါက်ဈေးနဲ့လည်းဆောင်ခိုင်းတယ်။ အဲဒီပေါ်မှာလည်း ဒဏ်ငွေကို သိန်း(၁၀ဝဝ)ကျော်ရင် (၁၅)ရာခိုင်နှုန်းနဲ့ဆောင်ခိုင်းတယ်။ ဆိုတော့ လုပ်ငန်း လုပ်ရတာမခက်ဘူးလား။ ဒါက အခွန်ရဲ့ မှားယွင်းတဲ့ ဥစ္စာ။ သူတို့ဝန်ကြီးဌာနကမှားယွင်းနေတဲ့ဟာကို အား လုံး ဒဏ်ငွေ (၇၅)ရာခိုင်နှုန်းနဲ့ လုပ်ငန်းရှင်တွေပေါ် မှာ လာပြီးတည်တယ်။ တည်တော့ လုပ်ငန်းရှင်တွေက အကုန် ဒုက္ခရောက်ကုန်ရော။ အမှန်က အခွန်ကိုစနစ် တကျကောက်ဖို့ဆိုရင် အစောကြီးက တစ်သိန်းခွဲတန် တဲ့ဟာကို မင်း တစ်သိန်းခွဲနဲ့ပဲရေးလို့ပြောလေ ပွင့် ပွင့်လင်းလင်း။ အဲဒီမှာလျှော့ပြောရင် အရေးယူ။ အဲဒီမှာဆောင်ရင် (၃)ရာခိုင်နှုန်းပဲဆောင်ရမယ့်ဟာက ဟိုမှာ (၃)ရာခိုင်နှုန်း + (၇၅)ရာခိုင်နှုန်းဆိုတော့ (၇၈)ရာခိုင်နှုန်းမဆောင်ရဘူးလား။ ဆောင်ရတဲ့အ တွက်ကြောင့် လူတွေဒုက္ခရောက်ကုန်တယ်။ အဲဒီလို မဖြစ်သင့်ဘူး။ အခွန်သည် တိုးကောက်တယ်။ ဒုဝန် ကြီးကတော့ လွှတ်တော်မှာဖြေသွားတယ်။ အခွန်အ ခြေကိုချဲ့တယ်ဆိုတာ။ တကယ်တွေ့ရတာက အခွန် အခြေကိုချဲ့ရတာမဟုတ်ဘဲနဲ့ ဆောင်နေတဲ့လူတွေကို ပဲ လည်ပင်းညှစ်ပြီးကောက်နေတာ။ အခွန်တိုးရတယ် ဆိုတာ ကျွန်တော်တို့အမြင်တော့ အဲဒီလိုဖြစ်နေပြီ။အခုလက်ရှိမှာ လုပ်ငန်းရှင်တော်တော်များများ။ ဆောက်လုပ်ရေး Sector နဲ့ယှဉ်ပြတာနော်။ ကျန်တဲ့ Sector တွေအကုန် အဲဒီအတိုင်းဖြစ်နေတာ။ ဖြစ် နေတာက အခွန်က ဆောင်ပြီးသွားရင် နောက်(၃)၊ (၄)နှစ်ဟာကိုပြန်ယူပြီးတော့ ပြန်ပြီးစာရင်းသွားရှင်းတဲ့အချိန်ကျရင် အပြင်ပေါက်‌‌‌ဈေးက ဘယ်လောက် ဖြစ်နေတာ ဒီမှာတင်ထားတာ ဒီဈေးဖြစ်နေတယ်ဆို တော့ အဲဒီတော့ ရာဖြတ်တန်ဖိုးထားလဲ ကားဆိုရင် ရာဖြတ်တန်ဖိုးအတိုင်းစနစ်ဖြစ်သွားပြီ။ ဒါပေမဲ့ ဆောက်လုပ်ရေး ဆောက်ရောင်းတဲ့လူတွေမှာ အဲဒီ လိုမဖြစ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ ကုမ္ပဏီတွေအ နေနဲ့မလုပ်ကြတော့ဘူး။ ဥပမာ Private  အင်ဂျင်နီယာနဲ့လည်းဆောက်လို့ရတယ်။ လိုင်စင်က ကန်ထ ရိုက်တာ။ လိုင်စင်ယူထားတယ်။ အဲဒါဆို ဒီအခွန်ရုံး ကြီးထဲသွားစရာမလိုဘူး မြို့နယ်အခွန်ရုံးနဲ့ ညှိပြီး ဆောင်လို့ရတယ်။ တစ်ခါတလေ စာရင်းဖျောက်သွား လို့ရတယ်။ ကုမ္ပဏီတောင်ထောင်ပြီး အလုပ်လုပ်မယ့် လူက ဆောက်လုပ်ရေးမလုပ်ချင်တော့ဘူး။ ဘာဖြစ် လို့လဲဆိုတော့ စောနကပြောတဲ့ဟာနဲ့လာပြီးလည် ပင်းညှစ်တယ်။ တစ်ခါပြန်ပြီးတော့ အစောကြီးတည်း က ရာဖြတ်နှုန်းဆိုတာ မသတ်မှတ်နဲ့လေ။ ဒါအခွန် ဝန်ကြီးဌာနအတွင်းမှာဖြစ်နေတဲ့ Conflict  သူ့ဝန်ကြီး ဌာနရဲ့ပြဿနာ အဲဒါကို။ ရာဖြတ်တန်ဖိုးလည်း သတ် မှတ်သေးတယ်။ ရာဖြတ်တန်ဖိုးအတိုင်း စာရင်းဆွဲ လိုက်ရင်လည်း မဟုတ်ဘူး။ ကာလပေါက်‌ဈေးနဲ့ ရောင်းတဲ့ဟာကို ကုမ္ပဏီက ဆောင်ရမယ်ဆိုတော့ နိုင်ငံသားရဲ့ Right  ဆိုတာရှိတယ်။ အခြေခံနိုင်ငံသား တိုင်းက တန်းတူညီမျှအခွင့်အရေးရမယ်ဆိုတာ ဝယ် တဲ့လူက (၈)‌သောင်းနဲ့ဆောင်လို့ရပြီးတော့ ရောင်း တဲ့လူက နိုင်ငံသားမဟုတ်ဘူးလား။ ‌ရောင်းတဲ့လူက အဲဒီအခွင့်အရေးမရှိဘူးလား။ တကယ်အခွန်ဆောင် ပြီးအလုပ်လုပ်တဲ့လူကို လည်ပင်းညှစ်တဲ့ပြဿနာ တွေဖြစ်မနေဘူးလား။ အဲဒါမျိုးတွေလည်း မူဝါဒတွေ ပြင်ရမှာတွေရှိတယ်။ စီးပွားရေးက  အများကြီးပြင်ရ မယ်။ အခွန်မူဝါဒ ပြင်ကိုပြင်ရမယ်။ အခုဒါပြောတာ တွေက ဝေဖန်နေတာမဟုတ်ဘူး။ အကြံပြုနေတာ။ ပြင်ရမယ့်ဟာတွေကို အချက်အလက်တွေပါ အကုန် ထုတ်ပေးထားတာ။ ကျွန်တော်တို့နိုင်ငံမှာ များသော အားဖြင့် ဝေဖန်တာပဲများတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာမပြောဘူး။ ကျွန်တော်ပြောတာရှင်းတယ်။ အခွန်ဆိုရင် ရာဖြတ်ဈေးမထားနဲ့တော့ အခွန်ရာခိုင် နှုန်းကိုလျှော့။ လျှော့ပြီးတော့ ကာလပေါက်ဈေးအ တိုင်း ဝယ်တဲ့လူရော၊ ရောင်းတဲ့လူရော ဆောင်။ ဒါဆို ရှင်းတယ်။ စာရင်းဆွဲရတာ စောနကပြောတဲ့ဟာမှာ လည်း စီးပွားရေးမှာလည်း Sector ခွဲထုတ်လိုက် ခွဲ ထုတ်လိုက်ပြီးတာ့ အားပေးရမယ်။ အဓိက မဖြစ်မနေ ပြည်တွင်းမှာလုပ်ရမယ့်Sectorကို ပြည်တွင်းမှာထုတ် နိုင်အောင် (၃)နှစ်အတွင်းမှာ ဒါကိုအပြီးလုပ်မလား။ (၅)နှစ်အတွင်းမှာ အပြီးလုပ်မလား။ ရေတိုရေရှည်နဲ့ သွားရတယ်။ သံကို ပြည်တွင်းမှာထုတ်စေချင်တယ်။ အဆောက်အအုံဆောက်ရတဲ့ဟာ ငါတို့က (၅)နှစ်အ တွင်းမှာ ပြည်တွင်းမှာ ထုတ်နိုင်အောင်လုပ်မယ်။ အ ဆောက်အအုံတွေမှာသုံးနိုင်အောင်ထုတ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးရှိပြီးလား။ အဲဒီလို Target  လည်း မရှိသေးဘဲနဲ့ ဒါတွေလည်း Limit လုပ်တယ်ဆိုရင် မဟုတ်ဘူး။ စောနကပြောတဲ့‌ ဆောက်လုပ်ရေးသုံး လုပ်ငန်းပစ္စည်းတွေ အလူမီနီယံတို့၊ ဆေးတို့ ဓာတ် လှေကားတို့ ပြည်တွင်းမှာထွက်နေပြီလား။ ရေချိုးခန်း သုံးတို့ မထွက်ဘူးဆိုရင် ဒါတွေကပေးရမယ်။ အဲဒီထဲ မှာ ဒါတွေကတော့ စက်ရုံ ဘယ်နှနှစ်အတွင်းထွက်လာ နိုင်သလဲ ပြန်ခွဲမလား။ ပြန်ခွဲပြီးတော့ စက်ရုံဆောက်တဲ့ အချိန်မှာလည်း ပြီးရမယ်နော်။ ပြည်တွင်းကသွင်းတဲ့ ဟာက ဥပမာ ‌ဒေါ်လာ(၅)သန်းဖိုးရှိရင် ဒေါ်လာ(၁)သန်းဖိုးတော့ ပြည်တွင်းမှာထုတ်နိုင်အောင် ဘယ်နှနှစ်အတွင်းလုပ်မယ်ဆိုတဲ့ဟာမျိုး ရှိပြီလား။ ဗျူရိုက ရေစီယန္တရားကို ကျော်လို့မရဘူး။ ကျော်လို့မရဘဲနဲ့ ဘာအလုပ်မှလုပ်လို့မရဘူး။ အဲဒါမျိုးပြုပြင်မှသာ လွတ် လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးလိုက်မှသာ ငါတို့က    နိုင်ငံတော်မူဝါဒအတိုင်းသွားမှာလား။ အမှန်က နိုင်ငံ တော်ကအခွန်ကောက်တဲ့မူဝါဒတစ်ခုပဲ သေချာသွား ရမှာ။ ဥပမာ ဂျပန်နိုင်ငံမှာဆိုရင် Supplement တွေ ဆိုတာရှိတယ်။ Supplement  ဆိုတာ အားဆေးလို ဟာမျိုးရှိတယ်။ အဲဒီအားဆေးလိုဟာမျိုး ကော်လာ ဂျင်တို့ ဗီတာမင် D တို့ အဲဒါမျိုးတွေကို ထုတ်တဲ့စက်ရုံ တွေက FDA ကိုအကုန်တင်စရာမလိုဘူး။ FDA က ဒီစက်ရုံကြီးကို GMP  ပေးပြီးသွားပြီဆိုရင် ဒီစက်ရုံ ကထွက်တဲ့ဟာသည် ဒီစက်ရုံအပေါ်မှာတာဝန်ရှိ တယ်။ သူတို့ထုတ်တဲ့ Procedure GMP ကိုပဲစစ်တာ စစ်ပြီးသွားရင် ဆေးဆိုရင်တစ်မျိုးနော် အခုက Sup­plement ကိုပြောတာ။ Sup­plement အထိက ဒီထုတ်တဲ့ကုမ္ပဏီနဲ့စက်ရုံနဲ့ပဲ တာဝန်ခံပြီး တာဝန်ယူ ရတာ။ ဘယ်လောက်လွတ်လပ်လဲ။ ဘယ်လောက်လုပ် လို့ကောင်းလဲ။ အဲဒီမှာမှ သူတို့ထုတ်တဲ့ထုတ်ကုန် ပြသာနာတက်ရင်တော့ နောက်ဆုံးမှာ FDA  ကစိစစ် ပြီးတော့ ကုမ္ပဏီကို အရေးယူတာလုပ်တယ်။ အဲဒီ ပစ္စည်းထုတ်တဲ့ Procedure မှာ GMP ရတဲ့လူတွေ သည် စက်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရတယ်။ သူ ရဲ့ ဘာပြီးဘာလုပ်တယ်ဆိုတဲ့ Procedure  ရှိတယ်။ စက်ရုံမှန်သမျှ လွတ်လွတ်လပ်လပ်ထုတ်လို့ရတယ်။ ဘယ်လောက်လွတ်လပ်လဲ။ အဲဒီလိုမျိုး လွတ်လွတ် လပ်လပ်လုပ်လို့ရတယ်။ ဆေးကျမှသာလျှင် သူရဲ့ Composition မှန်လား၊ မမှန်လား နမူနာတွေယူပြီး လုပ်ရတာ။ အဲဒီလိုမျိုး လွတ်လွတ်လပ်လပ် လုပ်လို့ရ ရင်တစ်မျိုး အဲဒါမှတိုးတက်မှာ။ အခုဟာက ‌ဆေး ထုတ်မယ်ဆိုရင်လည်း အဲဒီ Composition အား ဆေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်  Composition ကအစ FDA မှာစစ်တာတို့ သူတို့လည်းဘာစစ်လဲ။ ဒီကရေး တင်လိုက်တဲ့ဟာကိုပဲကြည့်တာ။ ဘာမှ ပြန်ဓာတ်ခွဲတာ အသေးစိတ်ပြန်လုပ်တာမဟုတ်ဘူး။ တကယ်လုပ်ရ မယ့်ဟာကျမလုပ်ဘူး။ တကယ်လုပ်ရမယ့်ဟာက ဈေးထဲမှာသွားပြီးတော့ အစားအသောက်တွေ အန္တရာယ်ကင်းလား စိစစ်ရမယ့်အလုပ်ကျတော့ ဝန် ထမ်းမရှိလို့မစစ်နိုင်တာတို့နဲ့ တကယ်လုပ်ရမယ့်ဟာ ကိုမလုပ်ဘဲနဲ့ အလုပ်လုပ်မယ်ဆိုတဲ့လူကို လိုက်ကျပ် နေတာ။ အလုပ်လုပ်မယ်ဆိုတဲ့လူကို လွှတ်ပေးရမှာ။ ဒါမှ နည်းပညာအသစ်တွေပေါ်လာမယ်။ အကုန်လုပ် လို့ရမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာမှာ။ စီးပွား‌ရေးတိုးတက် ဖို့အတွက် စီးပွားရေး လွတ်လွတ်လပ်လပ်ရှိအောင်လို့ လုပ်ပေးမှပဲရမယ်။ 

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

" မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ ရှုမြင်ပုံ ဆောင်းပါးအမှတ်စဉ် (၃၁) " သဘောထားကွဲပြားနေသည့် အရှေ့တောင်အာရှ - ဂလိုဘယ်လိုက်ဇေးရှင်း စုစည်းမှု ပြိုကျပြီးနောက် အာဆီယံ၏ ဘုံအကျိုးစီးပွားများ စတင်လျော့နည်းလာခြင်း

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved