မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရန် မျိုး၊ မြေ၊ ရေနှင့် စိုက်ပျိုးစနစ်များ ပြုပြင်ရန်လိုအပ်
စော (NSS) - သြဂုတ် ၂၇
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရန် မျိုး၊ မြေ၊ ရေ နှင့်စိုက်ပျိုးစနစ်များပြုပြင်ရန်လိုအပ်ကြောင်း အဆိုပါ အကြောင်းကိုသိရှိသည့် စိုက်ပျိုးရေးပညာရှင်တစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ပြည်တွင်းဓာတ်မြေဩဇာ စက်ရုံများထုတ်လုပ်နိုင် သည့်ပမာဏမှာ တန်ချိန် (၁)သိန်းခွဲဖြစ်ပြီး မြန်မာနိုင် ငံ၏ နှစ်စဉ် ဓာတ်မြေဩဇာလိုအပ်ချက်ပေါ်မူတည်၍ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ အရှေ့အ လယ်ပိုင်းနိုင်ငံများ စသည့်နိုင်ငံများမှ တန်ချိန် (၁ ဒသမ ၅)သန်းခန့် တင်သွင်းနေရကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာစိုက်တဲ့မျိုးတွေက ဓာတ်မြေဩဇာအများကြီး ဘယ်လောက်ပဲကျွေးကျွေး ထိုင်းတို့ တခြားနိုင်ငံမှာ စိုက်သလောက်မရဘူး။ သူတို့မျိုးရိုးဗီဇက ဒီလောက် Limit ပဲရှိတာ မျိုးပြင်မှရမယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ မျိုးပြင်ရမယ်။ မြေပြင်ရမယ်။ စိုက်စနစ်ပြင်ရမယ်။ ဒါတွေကတော့ အချိန်တစ်ခုလိုတယ်။ အဲဒါကြောင့် တန်ချိန်တစ်သန်းခွဲပဲလိုတဲ့အဓိပ္ပာယ်ပဲ။ တကယ် အဲ ဒီထက်မက လိုအပ်ချက်ရှိတယ်။ စိုက်ဧကနဲ့တွက်မယ် ဆိုဗျာ။ တကယ်ဆို ဓာတ်မြေဩဇာလိုအပ်ချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်တဲ့အခါကျရင် စိုက်ဧကနဲ့ တစ်ဧကဘယ်လောက်လိုမှာလဲ တွက်လို့ မရဘူး။ စိုက်တဲ့သီးနှံနဲ့စိုက်တဲ့မျိုးတွေနဲ့ကွာတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံနှင့် စိုက်ပျိုးနည်းစနစ် ကွာခြား သည့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ဓာတ် မြေဩဇာလိုအပ်ချက်မှာ မြန်မာနိုင်ငံထက် (၇)ဆခန့် ရှိပြီး ဗီယက်နမ်နိုင်ငံတွင်လည်း (၆)ဆခန့်ရှိကြောင်း သိရသည်။ “မျိုးတွေနဲ့ဆိုင်တယ်။ မျိုးပြင်ဖို့လိုတယ်။မြေပြင်ဖို့လိုတယ်။ ရေရရှိရေး အများကြီးဆိုင်တယ်။ ထိုင်းကျတော့ ဘူမိဘောလက်ထက်ကတည်းက ရေပေးဝေရေးစနစ်တွေ ဆည်တွေ၊ တာတွေလုပ်ထားတော့ ဒီမျိုးတွေအကုန် သူတို့က ပြင်ထားပြီးသားဆိုတော့ သူတို့ရဲ့ဓာတ်မြေဩဇာ Con-sumption မြင့်တာပေါ့။ ဘာနဲ့တူလဲဆိုတော့ နော်ဝေးနိုင်ငံသား ကလေးလေးကို အမဲသားကျွေး၊ ဂျင်တွေဆော့ခိုင်းနဲ့ အကြီးကြီးဖြစ်လာတာပေါ့။ မြန်မာကလေးလေးတစ်ယောက်ကို နော်ဝေးနိုင်ငံသားလောက်ကျွေးရင် နော်ဝေးနိုင်ငံသားလောက်ဖြစ်မလာဘူး။ စိုက်ပျိုးရေမှာ လည်းထိုနည်းတူစွာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အရွယ်အစားကြီးပြီး အသားပိုပြည့်သော ဘယ်လာရုစ်အာလူးမျိုးကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးနေကာ ပြန်လည်ဖြန့်ဝေနိုင်ပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစိုက်ပျိုးရေးကုမ္ပဏီအချို့မှ ဝန်ထမ်းများကိုလည်း ဘယ်လာရုစ်သို့ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သင်ကြားရန်အတွက် ပညာတော်သင်အဖြစ် စေလွှတ်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာနည်းပညာကဏ္ဍများတွင် ကုန်သွယ်မှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နေရာတွင် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်းအတွက် ဝါဂွမ်းစိုက်ပျိုးခြင်းနည်းပညာများကို ဘယ်လာရုစ်ထံ မှရယူရန်တို့လည်းပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ဗီယက်နမ်လွှတ်တော်ကော်မတီချင်းဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာ စသည့်ကဏ္ဍများတွင် ပူးပေါင်းလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော
RELATED POSTS
09 Nov 2026 | စီးပွားရေး,ပြည်တွင်း
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
