Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ နာမည်ကြီးလာနေတဲ့ ထရမ့်ရဲ့ သားမက်ကူရှနာ


ဂျန်ဇက် (NSS) - သြဂုတ်လ ၂၆

အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ အဆုံးသတ်ဖို့ တ ဖြည်းဖြည်းနီးကပ်လာနေတယ်လို့ ဆိုနိုင်ပါတယ်။အမေရိကန်မှာ ဒေါနယ်ထရမ့် သမ္မတဖြစ်လာပြီး နောက် ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကြားဝင် ကြိုးပမ်းခဲ့ရာ လက်ရှိအချိန်မှာ ဂါဇာစစ်ပွဲအဆုံးသတ် ရေးအတွက် လမ်းပြမြေပုံကိုထုတ်ပြန်နိုင်မှုနဲ့အတူ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဘက်က လက်နက်စွန့် မယ်ဆိုတာ ထပ်မံကတိပေးခဲ့ရာ ဂါဇာစစ်ပွဲအဆုံး သတ်ရေး တဖြည်းဖြည်းပိုမိုနီးကပ်လာနေတယ်လို့ ဆိုကြပါတယ်။ 

ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ဂါဇာ စစ်ပွဲအဆုံးသတ်ဖို့ သူရဲ့သားမက်ဖြစ်သူ ဂျာရက်ကူရှ နာနဲ့အတူ ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူ စတီဗီဝစ်အော့ဖ် ကို အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အထူး ကိုယ်စားလှယ်ခန့်အပ်ခဲ့ပြီးကြိုးပမ်းခဲ့ရာ ဂါဇာငြိမ်း ချမ်းရေးက အလားအလာကောင်းနေတယ်လို့ နိုင်ငံ တကာသတင်းတွေက ဖော်ပြကြပါတယ်။ သမ္မတ ထရမ့်ရဲ့သားမက်ဖြစ်သူ ဂျာရက်ကူရှနာကိုယ်တိုင် ဩဂုတ်လ ၁၇ ရက်မှာ ဟားမတ်စ် လက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေအပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ အလွန်ကောင်း မွန်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေးကြိုးပမ်းမှုတွေ အနက် သမ္မတထရမ့်ထက်စာရင် အထူးကိုယ်စား လှယ်တွေဖြစ်တဲ့ ဂျာရက်ကူရှနာနဲ့ စတီဝစ်အောဖ့်တို့ ရဲ့ကြိုးပမ်းမှုတွေ၊ ကြားဝင်ဆောင်ရွက်မှုတွေက ပိုမိုထိရောက်အောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အထူး သဖြင့် အသက် (၄၅)နှစ်အရွယ်သာရှိသေးတဲ့ ကူရှ နာရဲ့ကြိုးပမ်းမှုတွေက ပိုမိုထိရောက်အောင်မြင်ခဲ့ တယ်လို့ဆိုနိုင်ပါတယ်။ သမ္မတထရမ့်ရဲ့သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်နဲ့ (၂၀ဝ၉)ခုနှစ်မှာ တရားဝင်လက် ထပ်ထားတဲ့ ကူရှနာဟာ စွမ်းဆောင်ရည်နဲ့ လုပ်ကိုင်မှု ပုံစံ(Capabilities & Management Style) ပိုင်းမှာ လက်တွေ့ကျပြီး အကျပ်အတည်းကို ကိုင် တွယ်နိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။ အမေရိကန် အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့သားဖြစ်သလို ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်သူဖြစ်တဲ့အတွက် ကူရှနာဟာ စီးပွားရေးလုပ် ငန်းနောက်ခံကလာသူဖြစ်တာနဲ့အညီ လုပ်ငန်းတစ်ခု ကို စနစ်တကျစီမံခန့်ခွဲရာမှာ ကျွမ်းကျင်ပြီး လက်တွေ့ ဆန်တဲ့ချဉ်းကပ်မှုကိုအသုံးချတတ်သူလို့ ဆိုကြပါ တယ်။ သူဟာ သမားရိုးကျနိုင်ငံရေးသမား သို့မဟုတ် သံတမန်တစ်ဦးမဟုတ်တဲ့အတွက် အရှေ့အလယ်ပိုင်း အရေးလို ရှုပ်ထွေးပြီး သမိုင်းဝင်သဘောတူညီချက် တွေမှာ သမားရိုးကျမဟုတ်တဲ့နည်းလမ်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့တဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ ကူရှနာဟာ တိတ်တဆိတ် ကွင်း ဆင်းလုပ်ဆောင်တတ်မှုကိုဦးစားပေးသူဖြစ်ပြီး မီဒီ ယာရှေ့ထွက်ပြီး ရေပန်းစားအောင်လုပ်တာထက် နောက်ကွယ်မှာ အဓိကတာဝန်ကြီးတွေကို တိတ်တ ဆိတ်နဲ့ အာရုံစိုက်လုပ်ကိုင်တတ်တဲ့ပုံစံရှိပါတယ်။ သူဟာ အေးဆေးတည်ငြိမ်ပြီး စိတ်ရှည်မှုရှိခြင်းအပေါ် ဖိအားများတဲ့အခြေအနေတွေနဲ့ အကျပ်အတည်းတွေ ကြားမှာ တည်ငြိမ်အေးဆေးစွာ ဆုံးဖြတ်ချက်ချနိုင် စွမ်းရှိတယ်လို့ သူ့ကိုထောက်ခံသူတွေက ချီးကျူးကြ ပါတယ်။

ကူရှနာဟာ အစိုးရပိုင်းဆိုင်ရာအတွေ့အ ကြုံမရှိဘဲနဲ့ သမ္မတရဲ့သားမက်တစ်ဦးအနေနဲ့ အိမ်ဖြူ တော်မှာ အဓိကရာထူးကြီးကြီးနဲ့ ဩဇာလွှမ်းမိုးမှုကြီး မားခဲ့တာကြောင့် အကျပ်အတည်းကာလတွေမှာ အကျိုးစီးပွားပဋိပက္ခ(Conflict of interest)  ဖြစ် နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ဂျရက် ကူရှနာကို (၁၉၈၁)ခုနှစ်က အမေရိကန်နိုင်ငံ နယူး ဂျာစီပြည်နယ်မှာမွေးဖွားခဲ့ကာ နာမည်ကြီး အိမ်ခြံမြေ လုပ်ငန်းရှင် ချားလ်စ်ကူရှနာ (Charles Kushner)  ရဲ့သားကြီးဖြစ်ပြီး ဂျူးလူမျိုး (Orthodox Jewish)  မိသားစုကနေဆင်းသက်လာသူ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်က နယူးဂျာစီပြည်နယ်မှာ အခြေခံပညာသင် ကြားခဲ့ပြီး ဟားဗတ်တက္ကသိုလ်ကနေဘွဲ့ရရှိခဲ့သလို နယူးယောက်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ (J.D.) နဲ့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့(MBA)တို့ကို ရရှိခဲ့ သူဖြစ်ပါတယ်။

ကူရှနာဟာ ဘွဲ့ရပြီးနောက် မိသားစု စီးပွား ရေးလုပ်ငန်းတွေကို ပါဝင်လုပ်ကိုင်ခဲ့ကာ ဖခင်ဖြစ်သူ ရဲ့ကုမ္ပဏီဖြစ်တဲ့ Kushner Companies ကို ဆက်ခံ ခဲ့ပြီး နယူးယောက်မြို့နဲ့အမေရိကန်နိုင်ငံအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ခဲ့ပါတယ်။ ဒါ့ပြင် ကူရှနာဟာ အိမ်ခြံ မြေလုပ်ငန်းကိုပါဝင်လုပ်ကိုင်မှုအပြင် (၂၀ဝ၆)ခုနှစ် မှာ နယူးယောက်မြို့အခြေစိုက် သတင်းစာတစ်စောင် ဖြစ်တဲ့ The New York Observer ကိုဝယ်ယူခဲ့ ပြီး မီဒီယာလောကထဲကိုဝင်ရောက်ခဲ့ဖူးပါတယ်။ 

ဒါ့ပြင် သူဟာ အိမ်ဖြူတော်ကထွက်ခွာပြီး နောက် Affinity Partners အမည်ရှိ ပုဂ္ဂလိကရှယ် ယာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို ထူထောင်လုပ် ကိုင်ခဲ့ပါတယ်။ (၂၀ဝ၉) ခုနှစ်မှာ သမ္မတဒေါ်နယ်ထ ရမ့်ရဲ့သမီးဖြစ်သူ အီဗန်ကာထရမ့်နဲ့လက်ထပ်ခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ ပထမသမ္မတသက်တမ်း (၂၀၁၇ မှ ၂၀၂၁ အထိ)မှာ သမ္မတရဲ့ အကြီးတန်းအကြံပေးအ ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရပိုင်းဆိုင်ရာ အရေးပါတဲ့မဟာဗျူဟာတွေကို ကိုင်တွယ်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံနဲ့ အာရပ်နိုင်ငံများအကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် Abraham Accords သဘောတူစာချုပ် ချုပ်ဆိုရာ မှာ အဓိကကြားဝင်စေ့စပ်ပေးသူတစ်ဦးအနေနဲ့ ပါဝင် ခဲ့သူ ကူရှနာဟာ ဥပဒေပြုရေးနှင့် ပြုပြင်ပြောင်းလဲမှု များရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် ပြုပြင် ပြောင်းလဲတဲ့ Jh First Step Act  ဥပဒေကို အတည်ပြု နိုင်ရေးအတွက် အဓိကတွန်းအားပေးလုပ်ဆောင်ခဲ့ တယ်လို့သိရပါတယ်။ သူဟာ သမ္မတထရမ့်ရဲ့ ပထမ သက်တမ်းအတွင်း အစိုးရအဖွဲ့မှာပါဝင်ဖူးတဲ့ အတွေ့ ကြုံရှိတဲ့အတွက် ထရမ့် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်တာဝန်ယူချိန်မှာလည်း အိမ်ဖြူတော်အစိုးရ အဖွဲ့အတွင်း တစ်ကျော့ပြန်ပါဝင်လာခဲ့ပြီး သမ္မတရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် အဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။

USMCA ကုန်သွယ်ရေးသဘောတူစာ ချုပ်ညှိနှိုင်းမှုတွေမှာပါဝင်ခဲ့သလို၊ အစိုးရယန္တရားတွေ ကို ပိုမိုထိရောက်စေဖို့ရည်ရွယ်တဲ့ Office of Am- erican Innovation ကိုလည်းဦးဆောင်ခဲ့တဲ့ ကူရှနာ ဟာ အီရန်နိုင်ငံရဲ့နျူကလီးယားအစီအစဉ်အပြင် ယူ ကရိန်းစစ်ပွဲဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေမှာ သမ္မတ ထရမ့်ရဲ့ အကြီးတန်းကိုယ်စားလှယ်နဲ့အတူ လက်တွဲ လုပ်ဆောင်ခဲ့ပါတယ်။ ကူရှနာဟာ (၂၀၂၆)ခုနှစ် ဖေ ဖော်ဝါရီလမှာ သမ္မတဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးဆိုင် ရာအထူးကိုယ်စားလှယ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပြီး နောက် အစိုးရရဲ့ နိုင်ငံတကာ ကြားဝင်စေ့စပ်ရေးကြိုး ပမ်းမှုတွေမှာ တရားဝင်အခန်းကဏ္ဍတစ်ခုကို ပေး အပ်ခံခဲ့ရသူဖြစ်ပါတယ်။

ကူရှနာဟာ ယခင်က စီးပွားရေးလုပ်ငန်း တွေမှာပါဝင်လုပ်ကိုင်ဖူးခဲ့ပေမယ့် ယောက္ခမဖြစ်သူရဲ့ အရှိန်ကြောင့် နိုင်ငံရေးလောကမှာ နေရာတစ်ခုရရှိ လာပြီး ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအမျိုးမျိုးကို ပေါင်းစပ်ကာ သံတမန်ရေးလုပ်ငန်းတွေကို အရင်က ထက် ရလဒ်ကောင်းအောင်ရယူနိုင်ခဲ့တယ်လို့ ဆိုကြ ပါတယ်။

အရင်က အစိုးရပိုင်းမှာ အတွေ့အကြုံမရှိ ပေမယ့် ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု၊ ကုန်သွယ်ရေးမူဝါဒ၊ အစိုးရယန္တရား ခေတ်မီရေးနဲ့အရှေ့အလယ်ပိုင်း သံတမန်ရေးရာ ကိစ္စရပ်တွေအပါအဝင် လုပ်ငန်းတာဝန်ကြီးများစွာကို ပေးအပ်ခြင်းခံခဲ့ရတဲ့အထိ ယောက္ခမဖြစ်သူရဲ့ အား ကိုးရခြင်းကို တဖြည်းဖြည်းရရှိလာခဲ့သူဖြစ်ပါတယ်။

ကူရှနာဟာ ရုရှားနိုင်ငံနဲ့ ဆက်နွယ်မှုများ ရှိခဲ့ပြီး (၂၀၁၆) ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှား နိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ရှိမရှိနဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တွေက ရုရှားအရာရှိများ သို့မဟုတ် ကြားခံပုဂ္ဂိုလ်များနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ ခြင်း ရှိမရှိတို့ကို စုံစမ်းစစ်ဆေးတဲ့မူလာရဲ့အစီရင်ခံ စာထဲမှာ ဂျရက်ကူရှနာဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ကူရှနာဟာ အမေရိကန်ရွေးကောက်ပွဲကို ရုရှားက ကြားဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးသူများရဲ့ မေးမြန်းခြင်းကို ခံခဲ့ရကာ ရုရှားကြားခံပုဂ္ဂိုလ်များနဲ့တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ အစီရင်ခံစာမှာ အကြိမ်ကြိမ်ဖော်ပြခံခဲ့ရပေမယ့် ဘယ်ရာဇဝတ်မှုဖြင့်မျှ တရားစွဲဆိုခြင်း မခံခဲ့ရဘူးလို့ သိရပါတယ်။

အစိုးရပိုင်းမှာကူရှနာရဲ့ အရေးအကြီးဆုံး အောင်မြင်မှုတစ်ခုမှာ အစ္စရေးနိုင်ငံနဲ့ အာရပ်နိုင်ငံ အချို့(ယူအေအီးနှင့် ဘာရိန်းအပါအဝင်) တို့အကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေခဲ့တဲ့ အေဘရာဟမ် သဘောတူညီချက်များ(Abraham Accords) မှာ သူရဲ့ပါဝင်ဆောင်ရွက်မှုပင် ဖြစ်ပါတယ်။ ထောက်ခံ သူများက ကူရှနာကိုဒေသတွင်း သံတမန်ရေးရာများ ကို ပြန်လည်ပုံဖော်ရာမှာကူညီပေးခဲ့သူအဖြစ် အသိ အမှတ်ပြုကြပေမယ့် ဝေဖန်သူများကမူ အဆိုပါ သ ဘောတူညီချက်များရဲ့ရေရှည်အကျိုးသက်ရောက်မှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ကူရှနာဟာ လက်ရှိ အချိန်မှာ သမ္မတနဲ့နီးကပ်တဲ့မိသားစုဆက်နွှယ်မှုတို့ဟာပြိုင်ဘက်များရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။ သူရဲ့ လုပ်ဆောင်ချက်များဟာ ပြည်သူ့ဝန်ထမ်းလုပ်ငန်းနဲ့မိသားစုသစ္စာစောင့်သိမှုကြားက မျဉ်းကြောင်းကို ဝေဝါးစေခဲ့တယ်လို့ဝေဖန်သူများက ဆိုကြပါတယ်။

ကူရှနာရဲ့ဖခင် ဟာချားလ်စ်ဟာ (၂၀ဝ၄)ခုနှစ်မှာ အခွန်ရှောင်မှုအပြင် တရားမဝင်ရွေးကောက် ပွဲ ရန်ပုံငွေထည့်ဝင်မှုများအတွက် ထောင်ဒဏ် (၂)နှစ် ကျခံခဲ့ရပြီးနောက် ထရမ့်ရဲ့ပထမသက်တမ်း အဆုံးမှာ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့ပါ တယ်။ (၂၀၂၁) ခုနှစ်မှာ ထရမ့် သမ္မတသက်တမ်း က အနားယူပြီးနောက် သားမက်ဖြစ်သူ ကူရှနာ ဟာ လည်း အိမ်ဖြူတော်အစိုးရအဖွဲ့က အနားယူခဲ့ရကာ စီးပွားရေးလုပ်ငန်းများ ပြန်လုပ်ကိုင်ခဲ့ပါတယ်။

(၂၀၂၁) ခုနှစ်မှာ အစိုးရတာဝန်ကနေ ထွက်ခွာပြီးနောက် ဂျရက်ကူရှနာဟာ အမေရိကန်၊ အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသများမှာ ရင်းနှီးမြှုပ်နှံ မှုများကို အဓိကထားတဲ့ Affinity Partners အမည် ရှိ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို တည် ထောင်ခဲ့ပါတယ်။ ကူရှနာရဲ့ အဆိုပါ ကုမ္ပဏီဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံ ငွေ (Public Investment Fund)  ထံကနေ ကြီး မားတဲ့ ထောက်ပံ့မှုများရရှိခဲ့ပြီးနောက် အာရုံစိုက်မှု များစွာ ခံခဲ့ရပါတယ်။ ကူရှနာဟာ ယနေ့တိုင်အောင် နိုင်ငံရေးနဲ့နိုင်ငံတကာစီးပွားရေးလောကမှာ ဩဇာရှိ တဲ့ပုဂ္ဂိုလ်အဖြစ်အသိမှတ်ပြုခံထားရသူဖြစ်ပြီး သမ္မတ ထရမ့်ရဲ့နိုင်ငံရေး မဲဆွယ်စည်းရုံးမှုများမှာတိုက်ရိုက်ပါဝင်ခြင်း မရှိပေမယ့် ထရမ့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး နဲ့အရှေ့အလယ်ပိုင်းဒေသမှာ သူရဲ့ကျယ်ပြန့်တဲ့ ဆက်သွယ်မှုများက သူ့ကိုကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင် ရှားသူတစ်ဦးအဖြစ်ဆက်လက်တည်ရှိနေစေခဲ့ပါ တယ်။ မည်သို့ပင်ဆိုနေစေကာမှု အစ္စရေးနဲ့ ဟား မက်စ် လက်နက်ကိုင်အဖွဲ့ကြားအလုံးစုံ ငြိမ်းချမ်းရေး ရရှိပြီး ဂါဇာစစ်ပွဲအဆုံးသတ်မယ်ဆိုရင် ကူရှနာရဲ့ သမိုင်းက ပိုမိုကြီးမားလာဖွယ်ရှိနေပါတယ်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရန် မျိုး၊ မြေ၊ ရေနှင့် စိုက်ပျိုးစနစ်များ ပြုပြင်ရန်လိုအပ်

RELATED POSTS
RECENT POSTS
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved