ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး

ဂျန်ဇက် (NSS)- ဩဂုတ် ၁၄
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြစ်သည့်TBM 930 လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ကာ ဩဂုတ် ၁၄ ရက်၊ သောကြာနေ့တွင် ထိုင်းနိုင်ငံ နခွန်ရတ်ချစီမာရှိ Wing 1 လေတပ်စခန်း သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်မောင်းနှင်လာသည့်လေယာဉ်လေယာဉ်စခန်းအနီးသို့ ချဉ်းကပ်လာစဉ် ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၃ စင်းက VIP အစောင့်အရှောက်ပျံသန်းမှုကို သရုပ်ပြမှုများလုပ်ဆောတင်ခဲ့သည်။F-16 နှစ်စင်းသည် ဝန်ကြီးချုပ်၏ လေယာဉ်၏ ဘေးတစ်ဖက်စီတွင် လိုက်ပါပျံသန်းခဲ့ပြီး တတိယမြောက် F-16 တစ်စင်းမှာ အပေါ်ဘက်မှ လိုက်ပါပျံသန်းခဲ့သည်ဟု ထိုင်းသတင်းများတွင်ဖော်ပြထားသည်။အဆိုပါလေ့ကျင့်မှုမှာ VIP တစ်ဦး အမှန်တကယ် လိုက်ပါလာသော လေယာဉ်ကို အစောင့်အရှောက်ပေးသည့် စစ်ဆင်ရေး ပုံစံကို သရုပ်ပြခြင်းဖြစ်သည်။အနုတင်မောင်းနှင်ခဲ့သည့် လေယာဉ်မှာ TBM 930 ဖြစ်ပြီး ထုတ်လုပ်သူ၏ သတ်မှတ်ချက်အရ ဂျက်လေယာဉ်မဟုတ်ဘဲ အင်ဂျင်တစ်လုံးတပ် Turboprop လေယာဉ် ဖြစ်ကြောင်းသိရသည်။လက်ရှိတွင် ဝန်ကြီးချုပ်အပြင် ပြည်ထဲရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်နေသည့် အနုတင်သည်
နံနက် ၉ နာရီခန့်တွင် Wing 1 သို့ ရောက်ရှိခဲ့ရာ ထိုင်းလေတပ်ဦးစီးချုပ်အပါအဝင် ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများက ကြိုဆိုနုတ်ဆက်ခဲ့ကြောင်းသိရသည်။လေယာဉ်ဆင်းသက်ပြီးနောက် အနုတင်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အခမ်းအနားကို စစ်ဆေးကြည့်ရှုခဲ့ပြီး F-16 သုံးစင်း၏ ကြိုဆိုပျံသန်းမှုကိုလည်း ကြည့်ရှုခဲ့သည်။ထို့အပြင် ထိုင်းဝန်ကြီးချုပ်သည် မြေပြင်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခြင်း (air-to-ground) နှင့် လေကြောင်းအတွင်း တိုက်ခိုက်ခြင်း (air-to-air) စစ်ဆင်ရေးများကိုလည်း သရုပ်ပြမှုများကို ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုင်းဝန်ကြီးချုပ်အနုတင်က Wing 1 သည် အရေးပါသော နည်းဗျူဟာမြောက် လေကြောင်းတပ်ဖွဲ့ယူနစ် တစ်ခုဖြစ်ကြောင်း နယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေများ ဖြစ်ပေါ်သည့်အချိန်တွင် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တိုက်လေယာဉ်များဖြင့် ဆောင်ရွက်နေသည့်စစ်ဆင်ရေးများအပါအဝင် လေတပ်၏ အသင့်အနေအထား ကို ချီးကျူးကြောင်း ပြောဆိုခဲ့သည်။၎င်းကနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးခြင်းနှင့် ပြည်သူများ ယုံကြည်စိတ်ချမှု ရရှိစေရန်အတွက် စွန့်လွှတ်အနစ်နာခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြသော တပ်မှူးများ၊ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူအားလုံးကို ချီးကျူးဂုဏ်ပြုလိုကြောင်း ပြောဆိုခဲ့သည်။
လေတပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ အထူးသဖြင့် တိုက်လေယာဉ် စစ်ဆင်ရေးစွမ်းရည်ကို တိုးတက်ကောင်းမွန်စေခြင်းသည် အရေးကြီးသော
တာဝန်တစ်ရပ် ဖြစ်ပြီးလေတပ်၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအဆင့်တွင် ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောသည်။
ကမ္ဘာတဝှမ်းရှိ လက်ရှိတာဝန်ယူနေသည့် ဝန်ကြီးချုပ်များ၊ သမ္မတများအနက် ထိုင်းဝန်ကြီးချုပ်အနုတင်သည် လေယာဉ်ကို ကိုယ်တိုင်မောင်းနိုင်စွမ်းရှိနေသည်ခြင်းက ထူးခြားသည့်စွမ်းရည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း
သုံးသပ်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တော်လှန်ရေး သူတောင်းစားဖြစ်လာတဲ့ NUG နဲ့ မြန်မာတွေကို လက်ဖြန့်နည်း သင်ပေးတဲ့ EU ၊ ဒုဋ္ဌဝတီမြစ်ဘေးက အပန်းဖြေစခန်း (၁၅) ခုမှာ (၂) ခုသာ လိုင်စင်ရှိ၊ လျှပ်စစ် Smart မီတာ အနိမ့်ဆုံး ငွေ (၂) သိန်းခွဲနဲ့ စမယ့်ကိစ္စ၊ ရွှေတိဂုံစေတီတော်ကြီးမှာ CCTV အလုံး (၆၅၀) ကျော် တပ်မယ်(၁၄-၈-၂၀၂၆)
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
