Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ


သန့်မင်းအိမ်(NSS) - ဩဂုတ် ၁၄ 

လွန်ခဲ့သည့် (၁၉၄၇) ခုနှစ်က အိန္ဒိယနိုင်ငံ နယ်မြေပိုင်းခြားစဉ်ကာလအတွင်း ခံစားခဲ့ရသည့် သန်းပေါင်းများစွာသော ပြည်သူများအား လေးနက်စွာ ဂုဏ်ပြုသောအားဖြင့် နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ယနေ့ (ဩဂုတ်လ ၁၄ ရက်) ညနေ (၄)နာရီခန့်က ရန်ကုန်မြို့ရှိ  ဆွာမီဝိဝေကာနန္ဒ ယဉ်ကျေးမှုဗဟိုဌာန၌ ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ မြန်မာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ မီဒီယာများနှင့် မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားများ အပါအဝင် ဧည့်သည်တော် (၁၅၀) ကျော် တက်ရောက်ခဲ့ပြီး အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘေး သာကူးရ် (Shri Abhay Thakur) က မိန့်ခွန်းပြောကြားခဲ့သည်။

နယ်မြေပိုင်းခြားမှု၏ ဘေးဒုက္ခခံစားခဲ့ရသူများကို အောက်မေ့သတိရခြင်းသည် ငြိမ်းချမ်းရေးနှင့် အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းရန်နှင့် သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရန် စုပေါင်းတာဝန်ဝတ္တရားကို ပြန်လည်အတည်ပြုခြင်း ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ 

“ယနေ့တွင်၊ လူသားသမိုင်းတွင် အကြီးမားဆုံးနှင့် အထိခိုက်ရဆုံးသော ဇာတိရပ်ရွာစွန့်ခွာ ပြောင်းရွှေ့ရမှုကြီးကြောင့် ဘဝများ ရစရာမရှိအောင် ပျက်စီးခဲ့ရသည့် သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များကို ယနေ့တွင် ကျွန်ုပ်တို့အနေဖြင့် အလှိုက်လှဲဆုံး ဂါရဝပြုအပ်ပါတယ်။ ဟိန္ဒူ၊ ဆစ်ခ် နှင့် မွတ်စလင် ၁၅ သန်းခန့်သည် နယ်စပ်၏  တစ်ဖက်မှ အခြားတစ်ဖက်သို့ ပြောင်းရွှေ့ခဲ့ကြရပြီး လူပေါင်း သိန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ကျနော်တို့၏ အိန္ဒိယတိုက်ငယ် သမိုင်းကြောင်း၏ ဤဝမ်းနည်းဖွယ်ရာ အခန်းကဏ္ဍတွင် အသက်ဇီဝိန် ကြွေလွင့်ခဲ့ရသူများ၊ ဘိုးဘွားပိုင်အိမ်များနှင့် ဝမ်းစာရှာဖွေရေးလုပ်ငန်းများကို ညတွင်းချင်း စွန့်ခွာခဲ့ကြရသူများ၊ မကွဲကွာသင့်ဘဲ ကွဲကွာခဲ့ကြရသည့် မိသားစုများ၊ နှင့် ဖော်ပြနိုင်စွမ်းမရှိသော ခက်ခဲပင်ပန်းမှုများကို ကြံ့ကြံ့ခံခဲ့ကြရသည့် ရေတွက်၍မရနိုင်သော ပုဂ္ဂိုလ်များအားလုံးကို ကျွန်ုပ်တို့ ဂုဏ်ပြုအောက်မေ့ကြပါတယ်”ဟု အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘေး သာကူးရ် ကပြောသည်။

ထို့ပြင် NSPNC ၏ ဦးဆောင်မှုအောက်တွင် အိန္ဒိယကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့အရေး ပါဝင်ပတ်သက်သူများအကြား အခြေခံဥပဒေရေးရာနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ (၅) ကြိမ် ကျင်းပခဲ့ပြီး အိန္ဒိယ၏ ဖက်ဒရယ်စနစ် ကျင့်သုံးမှု အတွေ့အကြုံများကို မျှဝေခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ 

အဆိုပါ အထိမ်းအမှတ်နေ့ကို အိန္ဒိယအစိုးရက (၂၀၂၁) ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လူ့သမိုင်းတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် လူသားတို့၏ ဆင်းရဲဒုက္ခများ၊ အသက်အိုးအိမ် ဆုံးရှုံးမှုများကို သတိရစေရန်နှင့် ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်မှ လွတ်မြောက်ကာ ဘဝများကို ပြန်လည်ထူထောင်နိုင်ခဲ့သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သတ္တိကို ဂုဏ်ပြုရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

“အိန္ဒိယအစိုးရမှ ၂၀၂၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သော နယ်မြေပိုင်းခြားမှုအတွက်ဝမ်းနည်းထိပ်လန့်မှုများအား အောက်မေ့ဖွယ်နေ့ သည် ဒုက္ခသည်များနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် အမျိုးသားအဆင့် ဂါရဝပြုမှုတစ်ခု ဖြစ်ရုံမျှမက၊ လူမျိုးရေး/ဘာသာရေး မုန်းတီးမှုများ၊ အလျော့မပေးသော ဂိုဏ်းဂဏဝါဒီ တောင်းဆိုမှုများနှင့် လူ့အဖွဲ့အစည်း စိတ္တဇပြိုကွဲမှုများ၏ ဖျက်ဆီးတတ်သော အကျိုးဆက်များကို ထာဝရသတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ နယ်မြေပိုင်းခြားမှုသည် တောင်အာရှ၏ ပထဝီဝင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင် နက်ရှိုင်းပြီး ထာဝရကျန်ရစ်မည့် ဒဏ်ရာဒဏ်ချက်များကို ချန်ထားခဲ့ကာ အဆိုပါ ဒဏ်ရာများသည် မျိုးဆက်များစွာတိုင်အောင် ဆက်လက်နာကျင်နေရဆဲ ဖြစ်ပါတယ်”ဟု အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘေး သာကူးရ် ကပြောသည်။

အဆိုပါ အခမ်းအနားနှင့်အတူ အိန္ဒိယစင်တာ၌ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံနှင့် စာရွက်စာတမ်းဆိုင်ရာ ပြပွဲတစ်ခုကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ပြည်သူများ အိုးအိမ်စွန့်ခွာခဲ့ရမှု၊ ဆုံးရှုံးမှုများနှင့် အမျိုးသားပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို သရုပ်ဖော်ထားသည့် ရှားပါး ဓာတ်ပုံများနှင့် မှတ်တမ်းများကို ခင်းကျင်းပြသခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved