ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
Pika (NSS) - သြဂုတ်လ ၁၄
ယူကရိန်းက ဆောင်းရာသီကိုဖြတ်သန်းဖို့အတွက် အမေရိကန်နိုင်ငံရဲ့ ပက်ထရီယော့ကြားဖြတ်ဒုံးကျည်တွေရဲ့(၅)ရာခိုင်နှုန်းကို လိုအပ်ပြီး ရုရှားရဲ့ပဲ့ထိန်းဒုံးကျည်အားလုံးကို ဖျက်ဆီးပစ်နိုင်ဖို့အတွက် (၁၀)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ မကြာသေးခင်အချိန်အတွင်း ယူကရိန်းမြို့တော်ကိယက်ဗ်ကို တစ်ပတ်လျှင်တစ်ကြိမ်ခန့် ဒုံးကျည်တွေနဲ့အစုလိုက်အပြုံလိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိနေချိန်မှာပဲ ဇီလန်စကီးရဲ့တောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတစ်ခုအတွင်း ယူကရိန်းက ရုရှားရဲ့ပဲ့ထိန်းဒုံးကျည်(၂၈)စင်းကို ကြားဖြတ်ဟန့်တားနိုင်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
(၂၀၂၆)ခုနှစ်မှာယူကရိန်းရဲ့ ကြားဖြတ်ဟန့်တားနိုင်တဲ့ဒုံးကျည်အရေအတွက်က (၂၀၂၅)ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆခွဲလောက်လျော့နည်းခဲ့တယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။

ဇီလန်စကီးက”ရုရှားကတော့အရင်ကထက်စာရင် တစ်လကိုပဲ့ထိန်းဒုံးကျည်အရေအတွက်က (၂)ဆလောက်ပိုများလာနေပါတယ်။ဒီနှစ်အတွင်းမှာ အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတွေကို သူတို့ဆီမှာရှိတဲ့ဒုံးကျည်တွေရဲ့(၅)ရာခိုင်နှုန်းကို ရောင်းချပေးဖို့ ကျွန်တော်တို့တောင်းဆိုထားပါတယ်။သူတို့ကသာ ကျွန်တော်တို့ကို(၅)ရာခိုင်နှုန်းရောင်းမယ်ဆိုရင် ဆောင်းရာသီကိုဖြတ်သန်းနိုင်ပြီး လူတွေရဲ့အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။သူတို့ကသာ(၁၀)ရာခိုင်နှုန်းရောင်းချပေးမယ်ဆိုရင်တော့ ရုရှားရဲ့ပဲ့ထိန်းဒုံးကျည်တွေအားလုံးကို ကျွန်တော်တို့ဖျက်ဆီးပစ်နိုင်ပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ယူကရိန်းက ပက်ထရီယော့ဒုံးကျည်တွေပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေဟာ ပိုမြန်ပြီး မတ်စောက်တဲ့လမ်းကြောင်းတွေအတိုင်း သွားတာကြောင့် ခရုဇ်ဒုံးကျည်တွေ ဒါမှမဟုတ် ဒရုန်းတွေထက်စာရင် ကြားဖြတ်ဟန့်တားဖို့ ပိုမိုခက်ခဲတယ်လို့လည်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
