အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
Pika (NSS) - သြဂုတ်လ ၁၄
လာမယ့်အမေရိကန်-တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်နဲ့တောင်ကိုရီးယားတို့က ပြီးခဲ့တဲ့နှစ်ကထက်စာရင်ပိုပြီးရန်လိုလာနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်-ဂျပန်-တောင်ကိုရီးယားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေက နျူကလီးယားမိတ်ဖက်တွေအဖြစ် ပြောင်းလဲနေပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်မှုအဆင့်သစ်တစ်ခုကို တားဆီးမှုအဆင့်သစ်တစ်ခုနဲ့ တုံ့ပြန်သွားမယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ဩဂုတ်လ(၁၇)ရက်ကနေ (၂၇)ရက်အထိ နှစ်ပတ်လည် Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့တိုးတက်ပြောင်းလဲနေတဲ့စွမ်းရည်တွေကို လိုက်လျောညီထွေဖြစ်စေဖို့အတွက် ဒရုန်းတွေ၊ ဂျီပီအက်စ်နှောင့်ယှက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တန်ပြန်မယ့်လေ့ကျင့်ခန်းတွေ ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တင်းမာမှုတွေကိုမြင့်တက်စေတဲ့ရန်လိုမှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရက ပုံမှန်ပြစ်တင်ရှုတ်ချလေ့ရှိတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် နျူကလီးယားတားဆီးဟန့်တားရေးကိုလည်း ပိုမိုအားကောင်းအောင်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားကပြောကြားခဲ့ပြီး နျူကလီးယားလက်နက်တွေအသုံးပြုမှုကို လျှော့ချပေးကာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို နျူကလီးယားစစ်ပွဲအစွန်းဆီတွန်းပို့နိုင်တဲ့ နျူကလီးယားဗျူဟာအသစ်ကို အမေရိကန်ကလိုက်စားနေတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပြီးတော့ ကိုရီးယားကျွန်းဆွယ်က အမေရိကန်လိုက်စားနေတဲ့ နျူကလီးယားဗျူဟာအသစ်ရဲ့ ဦးစားပေးပစ်မှတ်တစ်ခုဖြစ်လာနိုင်တယ်လို့လည်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
