ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
ပုံစာ - ရန်ကုန်တွင် သောက်သုံးရေကို စစ်ဆေးနေသည့် မြင်ကွင်း
သုတကျော် (NSS) - ဩဂုတ် ၁၄
ရန်ကုန်တိုင်း အတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံနှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးပစ္စည်း စုဆောင်းထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ နန္ဒာဝင်းက ပြောကြားထားသည်။
လက်ရှိ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မှတ်တမ်းတင်စနစ်များ အသုံးပြုကာ တောက်လျှောက် တောက်လှမ်း ကြည့်ရှု့ ရာ၌ လသာမြို့နယ် နှင့် လမ်းမတော် မြို့နယ် တို့ တွင် ဖြစ်ပွားမှု များသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
“လမ်းမတော်မြို့နယ် (၁) လမ်းကနေ (၂၄) လမ်းကြားမှာတင် ဒီလူနာတွေက စိပ်လာတာကို အံ့ဩဖွယ်ရာ တွေ့ရတယ်။ ဒီနေရာကလည်း ရန်ကုန်မြို့ရဲ့ China Town ရှိတဲ့နေရာ ဖြစ်နေတယ်။ အားလုံးရဲ့စားသောက်မှုကို ကြည့်တဲ့အခါမှာ အားလုံးသည် အလွယ်တကူရတဲ့ ပြင်ပအစားအစာတွေကိုပဲ မှာယူစားသောက်နေတာကို တွေ့ရတယ်။ အစားအသောက်မှာ သုံးနေတဲ့ရေတွေကို လိုက်စစ်ရပါတယ်။ လမ်းဘေးမှာရှိတဲ့ ဆိုင်တွေက ရောက်တဲ့နေရာကနေ ရေပုံးလေးတွေနဲ့ခပ်ပြီး သေချာမဆေးကြောတဲ့အခါ ရေပုံးကနေ ရေအညစ်အကြေး ကပ်နေတဲ့ ရေကိုသုံးတဲ့အခါမှာ အဆင်မပြေတာမျိုးလည်းရှိတယ်” ဟု ၎င်းက ဆိုုသည်။

ရောက်လာသော လူနာများ အသက်မဆုံးရှုံးစေရန်အတွက်လည်း ကုသရေးဦးစီးဌာနက ဆရာဝန်များ၊ ဆေးရုံကြီးများက ကြိုးစားဆောင်ရွက်နေကြောင်း ပြောသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ (၆၅) ရုံမှာအားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ ဆေးဝါးကုသမှု ခံယူနေသော လူနာများ ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေး က ဩဂုတ်လ (၁၃) ရက်တွင် ပြောသည်။
“လူနာတွေရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့ဆိုရင်လည်း ဆေးရုံဆင်းမယ့်လူနာတွေ ရှိပါတယ်။ မနေ့ကလည်း ဆေးရုံဆင်းတဲ့လူနာတွေရှိပါတယ်။ ရောဂါ မဖြစ်ပွားအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ သုံးပွင့်ဆိုင်ဆိုတာရှိတယ်။ ရောဂါဖြစ်စေတဲ့ပိုး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်၊ သောက်သုံးရေသန့်ရှင်းရေး လုပ်ငန်းတွေအပေါ်မူတည်ပါတယ်။ ခုခံအား ကျဆင်းနေသူတွေ၊ အသက်ကြီးသူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
RELATED POSTS
11 Sep 2026 | ကျန်းမာရေး,နိုင်ငံတကာ
10 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
09 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
08 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
