အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
ထိုက်စံ(NSS)-ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့် ကာလအနည်းငယ်ကြာမြင့်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယမန်နေ့(ဩဂုတ်လ ၁၃ ရက်)တွင် အမရပူရမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာလျက်ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့နည်းစေရေးကို အဓိကဆောင်ရွက်ကြရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ယခုရေဘေးသင့်ဒေသတွင် နှစ်စဉ် ရေလွှမ်းမိုးလေ့ရှိသည့်အတွက် ဒေသနေပြည်သူများအနေဖြင့် အတွေ့အကြုံအထိုက် အလျောက် ရှိပြီး ကြိုတင်ပြင်ဆင်မှုအသင့်ရှိသောကြောင့် အသက်ဆုံးရှုံးမှုများ မရှိရခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုနေသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ အနည်းငယ်ကြာမြင့် နိုင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ရေကြီးရေလျှံမှုနှင့် ဆက်စပ်၍ ကြုံတွေ့ရလေ့ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ ရောဂါ အန္တရာယ်များ မဖြစ်စေရေး တစ်ဦးတစ်ယောက်ခြင်းနှင့် တာဝန်ရှိသူအားလုံးက အထူးသတိပြု ဆောင်ရွက်ကြစေ လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် ရေဘေးသင့် အိမ်ထောင် စု (၂၉၅) စု၊ လူဦးရေ (၉၅၀) ဦးအတွက် ငွေကျပ် (၇၈) သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
RELATED POSTS
11 Sep 2026 | ကျန်းမာရေး,နိုင်ငံတကာ
10 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
09 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
08 Sep 2026 | ကျန်းမာရေး,ပြည်တွင်း
