(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
သန့်ဇင် (NSS) - ဩဂုတ် ၁၄
ယခု (၂၀၂၆) ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားကြောင်း (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် (၂၇) ကြိမ်မြောက် ပြိုင်ပွဲသည် ယခင်ကျင်းပခဲ့သည့်ပြိုင်ပွဲများ၏ ကောင်းမွန်သည့်အတွေ့အကြုံများကိုအခြေခံပြီး ပိုမိုစနစ်ကျနစွာဖြင့် အရည်အသွေးရှိရှိ ကျင်းပနိုင်ရေးကို ရည်မှန်းထားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဆိုသည်။
ထို့ပြင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတိကျစွာ ချမှတ်ဆောင်ရွက်ရန်၊ အကဲဖြတ်မှုများကို မျှတပွင့်လင်းပြီး ပညာရှင်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြိုင်ပွဲဝင်များ၏အရည်အချင်းကို မှန်ကန်စွာ သုံးသပ်အကဲဖြတ်နိုင်ရန် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးရေး၊ အနုပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ယဉ် ကျေးမှုကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူစွာ ဖော်ဆောင်နိုင်ရေးတို့အတွက် အစဉ်တစိုက်အားပေးမြှင့်တင်လျက်ရှိကြောင်းလည်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဆိုသည်။
ထို့ကြောင့် ယခုကျင်းပမည့် ပြိုင်ပွဲကိုလည်း အမျိုးသားစည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် မြန်မာ့အနုပညာအစဉ်အလာများကို ပိုမိုထင်ဟပ်ဖော်ဆောင်ပြီး အောင်မြင်သည့် ပြိုင်ပွဲတစ်ရပ်ဖြစ်လာစေရေးအတွက် အားလုံးကစိတ်ရင်းစေတနာအပြည့်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကောင်းမွန်သည့်စီစဉ်ဆောင်ရွက်မှုများ၊ လိုအပ်သည့်ကြိုတင်ပြင်ဆင် ကြိုးပမ်းအားထုတ်မှုများနှင့် ကျင်းပဆောင်ရွက်နိုင်ရန်သာမက ဗဟိုအဆင့်ကျင်းပသည့် ယခုပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံသားများ၏ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန်အတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
RELATED POSTS
05 Sep 2026 | အနုပညာ,နိုင်ငံတကာ
02 Sep 2026 | အနုပညာ,နိုင်ငံတကာ
