ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
ဂျန်ဇက်(NSS)- ဩဂုတ်၁၃
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် သြဂုတ် ၁၃ ရက် တွင် အငြင်းပွားနေသည်ဘ ရုရှားနိုင်ငံ၏ အရှေ့ဖက်စွန်းရှိ Kurilကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ရာ ဂျပန်နိုင်ငံကကန့်ကွက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
ရုရှားနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေးသည် အဆိုပါ အငြင်းပွားဖွယ်ကျွန်းများကြောင့် ကြာရှည်စွာ အကျပ်အတည်း ဖြစ်ခဲ့ရသည်။
ဂျပန်နိုင်ငံတွင်မူ ၎င်းကျွန်းများကို မြောက်ပိုင်း နယ်မြေများဟု သိကြပြီး ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုက သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရုရှားကရင်မလင်နန်းတော်က ပူတင်သည် Kurilကျွန်းစု၏ အဓိကကျွန်း ၄ ကျွန်းအနက် တစ်ကျွန်းသို့ ရောက်ရှိနေသည့် ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး၊ ရုရှားမီဒီယာများကမူ ၎င်းသည် ငါးသန့်စင်သည့် စက်ရုံတစ်ရုံသို့ သွားရောက်ခဲ့ရာ ကာဗီယာ (ငါးဥ) လက်ဆောင်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၁၀ ပြည့်နှစ်က ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ပြီးနောက် ရုရှားသမ္မတတစ်ဦး၏ ပထမဆုံး သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။
ဂျပန်နိုင်ငံတွင်မြောက်ပိုင်း နယ်မြေများဆိုသည်မှာ သမိုင်းကြောင်းအရရော နိုင်ငံတကာ ဥပဒေအရပါ ဂျပန်နိုင်ငံ၏ နယ်မြေပိုင်နက်ထဲတွင် မွေးရာပါ ပါဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်" ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကိုင်ချီ က ပြောကြားခဲ့သည်။
ပူတင်၏ ခရီးစဉ်သည် ဂျပန်ပြည်သူများ၏ စိတ်ဓာတ်ကို ထိခိုက်စေပြီး လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ပူတင်၏ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ပိုမိုခက်ခဲသွားစေသည်ဟု ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
ပူတင်သည် ရုရှားရေတပ်မှ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည့်အနီးအနားရှိ ရုရှားပိုင် ဆာခါလင် (Sakhalin) ကျွန်းသို့ သွားရောက်ခဲ့ပြီးနောက်Kuril ကျွန်းစုဘက်သို့ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။
ဆာခါလင်ကျွန်းတွင် အသက် ၇၃ နှစ်အရွယ်ရှိ ပူတင်သည် ရုရှားနိုင်ငံ၏ အရှေ့ပိုင်း နယ်စပ်ဒေသများ လုံခြုံရေးသေချာစေရေး" ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
