Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံတံခါးကို ဘယ်လိုဗျူဟာတွေနဲ့ ဆွဲဖွင့်ကြမလဲ

အောင်နိုင်သူ (ဇွဲကပင်) (NSS) - သြဂုတ် ၁၁

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် သံတမန်ရေးရာခင်းကျင်းမှုများကိုလေ့လာကြည့်လျှင် မည် သည့်နိုင်ငံမဆို မိမိတို့၏ အမျိုးသားအကျိုးစီးပွား (National Interest) ကိုဗဟိုပြု၍ မဟာ ဗျူဟာ ကျကျ ကစားနေကြသည်ကိုတွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံရေးဆိုသည်မှာ နည်းဗျူဟာနှင့် ပရိယာယ်ကြွယ်ဝ ပါး နပ်စွာ ကစားနိုင်လေလေ မိမိတို့တိုင်းပြည်နှင့်ပြည်သူအတွက် အကျိုးပိုမိုဖြစ်ထွန်းလေလေ ဖြစ်ပါသည်။ နိုင်ငံရေးနှင့်သံတမန်ရေးကို လိမ္မာပါးနပ်စွာ ကစားနိုင်သောနိုင်ငံများသည် နိုင်ငံတကာဆက်ဆံရေးတွင် မျက်နှာပန်းပွင့်လာပြီး နိုင်ငံတည်ဆောက်ရေးကို များစွာအထောက်အကူပြုလျက်ရှိသည်ကို တွေ့ရှိရပါ သည်။

အပြုသဘောဆောင် နိုင်ငံရေးချဉ်းကပ်မှု၊ ဆွေးနွေးညှိနှိုင်းမှု၊ မာယာပရိယာယ်ကြွယ်ဝမှုတို့သည် နိုင်ငံရေး၏ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့်သဘောပင် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ ရေးကို ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏ဟု ပမာပြု တင်စားခိုင်းနှိုင်းလေ့ရှိကြပါ  သည်။

ထိုကဲ့သို့ မာယာပရိယာယ်များလှသော နိုင်ငံရေးကို မြန်မာ့လူ့အဖွဲ့အစည်းက နားလည်သဘော ပေါက်ကြသလို နိုင်ငံတကာ သံတမန်ရေးလောကတွင်လည်း သိရှိနားလည်ကြပါသည်။ ထိုနည်းတူ နိုင်ငံ ရေးကို လွန်စွာနူးညံ့သိမ်မွေ့သည့်ပညာရပ်တစ်ခုဟုလည်း ရှုမြင်တတ်ကြပါသည်။ နိုင်ငံရေးကို မိမိတို့ နိုင်ငံ၏အကျိုးစီးပွားအတွက် မည်သည့်မာယာ၊ မည်သည့် ပရိယာယ်၊ မည်သည့်ဗျူဟာကိုကျင့်သုံးကြ မလဲဆိုသည်ကို အစဉ်မပြတ် ထောက်ရှုလေ့လာသုံးသပ်ဆောင်ရွက်လေ့ရှိကြပါသည်။ မြန်မာတို့သည် လည်း နိုင်ငံရေးတွင် မာယာပရိယာယ်များလှသည်ကို သိကြပါသည်။ သို့သော် ယခုနှစ်ပိုင်းအတွင်း ခံစား ချက် နိုင်ငံရေးသမားများ များလာခြင်းကြောင့် နိုင်ငံရေးကို အကြမ်းပတမ်းဆန်စွာ အသုံးချလာကြသည်။ နိုင်ငံရေးနည်းလမ်းကိုကျော်လွန်ကာ လက်နက်ကိုင်လမ်းစဉ်ကိုကျင့်သုံးလာကြသဖြင့် နိုင်ငံတော်နှင့် လူထုမှာ စစ်ဒဏ်ကို အလူးအလိမ့် ခံစားခဲ့ကြရပါသည်။

လက်နက်ကိုင်လမ်းစဉ်ကြောင့် ဆွေးနွေး ညှိနှိုင်းမှုဒိုင်ယာလော့ယဉ်ကျေးမှု မှေးမှိန်ခဲ့ရသလို နိုင်ငံ တကာတွင်လည်း မြန်မာ့အရေးက ရှေ့ဆက်မရ ဖြစ်လာသည်ကို သတိပြုမိပါသည်။ ပို၍ ဆိုးရွားလာ သည်မှာ မြန်မာ့လူ့အဖွဲ့အစည်းသည် ဘက်နှစ်ဖက်သာရှိပြီး အစွန်းထွက်မှုများနှင့် အစွန်းရောက်မှုများ ကို မြင်တွေ့လာရခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့အနာဂတ်အတွက် မြန်မာ့နိုင်ငံရေးကို ချဉ်းကပ် ဖြေရှင်းရာတွင် နိုင်ငံရေးနှင့်သံတမန်ရေးနည်းပရိယာယ် ကြွယ်ဝစွာဖြင့် အပြုသဘောဆောင်ချဉ်းကပ် ဖြေရှင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

အပြုသဘောဆောင် နိုင်ငံရေးချဉ်းကပ်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ (၃)ရက်က ဒေါ်စုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (ICRC) ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည့်သတင်းက လူ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် သုံးရက်အလိုတွင် တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်သဖြင့် အာဆီယံနှင့် နိုင်ငံတကာအလယ် မြန်မာ အစိုးရအတွက် မျက်နှာပန်းပွင့်လာစေမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ အပြုသဘောဆောင် နိုင်ငံ ရေးချဉ်းကပ်ပုံကြောင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တင်းခံငြင်းဆန်နေသော အာဆီယံအနေဖြင့် ၎င်းတို့ ၏ဗျူဟာကို ပြန်လည်သုံးသပ်လာလိမ့်မည်ဟု ယူဆမိပါသည်။

တကယ်တော့ နိုင်ငံရေးဆိုတာ ဗျူဟာမြောက်ကစားပွဲတစ်ခုပင်ဖြစ်ပါသည်။ မည်သို့ ကစားသင့် သလဲဟုဆိုရလျှင် လူမိုက်ဗျူဟာနှင့် လူလိမ္မာဗျူဟာဟူသော ဗျူဟာ(၂)ရပ်ဖြင့်ကစားကြသည်ကိုတွေ့ရ သည်။

လူမိုက်ဗျူဟာဆိုသည်မှာ မင်းဘာလဲ ငါဘာလဲဆိုပြီး တစ်ဖက်သက်စိန်ခေါ်ပြီး တရားသေ

ပိတ်ကစားကြခြင်းဖြစ်ပါသည်။ နိုင်ငံရေးသီအိုရီစံနှုန်းများ၊ တရားသေဝါဒများပေါ်တွင်အခြေခံ၍ “တစ် ရွေးသားမျှ မလျှော့ဘူး” ဆိုသည့်စံများကို စွဲကိုင်ထားကြခြင်းပင်ဖြစ်ပါသည်။ ထိုသို့ စံနှုန်းအခြေပြု နိုင်ငံ ရေး ချဉ်းကပ်မှုကြောင့် ရှေ့တိုးမရဘဲ တိုင်းပြည်နှင့်ပြည်သူကိုသာ ထိခိုက်နစ်နာဆုံးရှုံးမှုကို ဖြစ်စေတတ် ပါ သည်။

လူလိမ္မာဗျူဟာကမူ ထိုသို့မဟုတ်ပေ။ပရိ ယာယ်ကြွယ်ဝစွာဖြင့်ကစားခြင်းကို ဆိုလိုခြင်းဖြစ် သည်။ တကယ်တော့ ပရိယာယ်ကြွယ်ဝခြင်းဆိုသည် မှာ မရိုးမသားပြုလုပ်ခြင်းမဟုတ်ဘဲ “ပြောင်းလွယ် ပြင်လွယ်ရှိခြင်း” (Flexibility) ဆိုသည့် အခြေခံအချက်ပေါ်တွင်ရပ်တည်ကာ ခေတ်စနစ်အခြေအနေ၊ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာတို့ကိုငဲ့ကွက်၍ အခြေအနေကြည့်ကာ ကစားကြခြင်းဖြစ်ပါသည်။ ထို ကဲ့သို့ ပါးနပ်သည့်ဗျူဟာဖြင့်ဆောင်ရွက်မှသာ တိုင်းပြည်ထိခိုက်မှုလည်း နည်းပါးသက်သာနိုင်မည်ဖြစ် ပါသည်။

ဗျူဟာမြောက် ပရိယာယ်ကြွယ်ဝမှုနှင့်ပတ်သက်၍ ရှေးဗမာကြီးများသည် အလွန်တော်ကြပါ သည်။ သူတို့သည် “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ”ဆိုသည့် နည်းလမ်း၊ “မြွေမသေ တုတ် မကျိုး” ဆိုသည့် နိုင်ငံရေးသံတမန်ရေးရာ စကားပုံအယူအဆများကို ပညာရှိဆန်စွာ ချန်ထားခဲ့ကြပါ သည်။ ယနေ့အစိုးရ၏ နိုင်ငံရေးချဉ်းကပ်ပုံသည်လည်း အပြုသဘောဘက်သို့ တဖြည်းဖြည်း ဦးတည် လာသည်ဟု မြင်မိပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာနှင့် အာဆီယံဘက်က တင်းခံထားသည့်ဗျူဟာများကို လည်း ပြန်လည်သုံးသပ်လာစေရန် မိမိတို့ဘက်က ပါးနပ်စွာ အကွက်ချဆောင်ရွက်ရရန်လိုအပ်ပါသည်။ အထူးသဖြင့် တစ်ဆင့်ချင်းစီ တဖြည်းဖြည်းကူးပြောင်းနေသော မြန်မာ့ဒီမိုကရေစီကို အာဆီယံနှင့် နိုင်ငံ တကာက နားလည်သဘောပေါက်လာစေရေး ကြိုးပမ်းရမည်ဖြစ်ပါသည်။

နိုင်ငံရေးသိပ္ပံပညာရှင် ဟယ်တင်တန် (Samuel P. Huntington) က ဒီမိုကရေစီ အသွင် ကူး ပြောင်းမှု (၅)မျိုးကို သုတေသနပြု ဖော်ထုတ်ထားခဲ့ဖူးသည်။ ၎င်းတို့မှာ -

(၁) Transformation (ပြုပြင်ပြောင်းလဲခြင်း)

(၂) Replacement (အစားထိုးကူးပြောင်းခြင်း)

(၃) Transplacement (ပူးပေါင်းအစားထိုးခြင်း သို့မဟုတ် ကိုင်းဆက်ကူးပြောင်းခြင်း)

(၄) Intervention (ပြည်ပနိုင်ငံများ၏တိုက်ခိုက်မှုကြောင့် ကူးပြောင်းရခြင်း)နှင့်

(၅) Collapse (အာဏာစနစ်ပြိုကျခြင်း)တို့ ဖြစ်ကြသည်။


ဤအသွင်ကူးပြောင်းမှုအမျိုးအစားများအနက် တိုင်းပြည်အတွက် အထိခိုက်ဆုံးနှင့် အန္တရာယ် အတိုင်းအတာအကြီးမားဆုံးနည်းလမ်းများမှာ အာဏာစနစ်ပြိုကျခြင်း သို့မဟုတ် ပြည်ပစွက်ဖက်မှု ကြောင့် စနစ်ပြိုလဲခြင်းများပင်ဖြစ်သည်ကို အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ပထဝီနိုင်ငံရေး ရေမြေအခြေအနေအရ Transfor­ mation ခေါ် တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲသွားသည့် နည်းလမ်းကသာလျှင် တိုင်းပြည်အတွက် အ ကောင်းဆုံးဖြစ်သဖြင့် မြန်မာ့နိုင်ငံရေးကို စိတ်ရှည်သည်းခံမှုများဖြင့် ချဉ်းကပ်ကြရန်လိုအပ်ပါသည်။

ပြုပြင်ပြောင်းလဲမှုတိုင်းသည် အကောင်းရော အဆိုးပါ ဒွန်တွဲပါလာတတ်သဖြင့် ဦးသိန်းစိန် ခေတ်ကကဲ့သို့ သတိမထားဘဲ အလွန်အကျွံ နိုင်ငံရေးလွတ်လပ်ခွင့်ပေခြင်းမျိုးမဖြစ်စေရန်လည်း သတိ ပြုရမည်ဖြစ်ပါသည်။ အသွင်ကူးပြောင်းမှုကို စနစ်တကျထိန်းကျောင်းရင်း ပရိယာယ်ကြွယ်ဝသော မဟာ ဗျူဟာကျကျ ကစားပွဲမျိုးကို သတိရှိရှိ ကစားကြရမည်ဖြစ်ပါသည်။

ထိုသို့ ပြည်တွင်း၌ မဟာဗျူဟာကျကျ ပြုပြင်ပြောင်းလဲနေချိန်တွင် ပြည်ပသံတမန်ရေးရာ၊ အထူးသဖြင့် ဒေသတွင်းရှိ အာဆီယံနိုင်ငံများ၏အခန်းကဏ္ဍကလည်း အလွန်အရေးပါ ပါသည်။ မှန်ရာ ကိုပြောရလျှင်  အာဆီယံ၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံပုံလုပ်ရပ်များကို မကျေနပ်သဖြင့် “အာဆီယံမှ နုတ်ထွက်မည်” ဟု သံတမန်ရေးအရ ကြေညာကြည့်ပါက အာဆီယံဘက်က မည်သို့တုံ့ပြန် လာမည် နည်းဆိုသည်ကို စိတ်ဝင်စားခဲ့ဖူးပါသည်။

တကယ်တော့ မိမိတို့၏ အချုပ်အခြာအာဏာအတွက် “မင်းဘာလဲ၊ ငါဘာလဲ” ဟု ပြင်းပြင်း ထန် ထန် ပြန်လည်တုံ့ပြန်လိုက်ချင်သော်လည်း၊ ဤသို့ပြုလုပ်ခြင်းသည် ရေရှည်တွင် “အပျက်ပျက် နှင့် နှာ ခေါင်းသွေးထွက်” ကာ တိုင်းပြည်အတွက် ဆိုးကျိုးပိုများနိုင်သဖြင့် နည်းဗျူဟာကောင်းတစ်ခု မဟုတ် သည်မှာ အမှန်ပင်ဖြစ်သည်။

လက်တွေ့ကျကျစဉ်းစားကြည့်ပါက မြန်မာနိုင်ငံတွင် De Facto အရ မြေပြင်၌ လက်တွေ့ကျကျ အုပ်ချုပ်နိုင်စွမ်းရှိသည့် အစိုးရတစ်ရပ်ဖြစ်နေပါလျက်၊ အာဆီယံက ထိုင်ခုံပေးရန် ငြင်းဆန်တင်းခံနေ ခြင်းမှာ သဘာဝမကျပေ။ သမိုင်းကိုပြန်ကြည့်လျှင် စစ်အေးတိုက်ပွဲအပြီး ကွန်မြူနစ်တစ္ဆေ အခြောက်ခံရ သည့်အငွေ့အသက်များ မကုန်သေးသော (၁၉၉၇) ခုနှစ်တုန်းကပင် မြန်မာကို အာဆီယံထဲ အလွယ် တကူ ဝင်ခွင့်ပြုခဲ့သည်။

ထိုအချိန်က နဝတအစိုးရသည် ရွေးကောက်ခံအစိုးရပင်မဟုတ်သေးသော်လည်း အာဆီယံက မြန်မာနိုင်ငံကို လက်ကမ်းကြိုဆိုခဲ့ကြသေးသည် မဟုတ်ပါလား။ ထိုစဉ်ကပင်လက်ခံခဲ့လျှင် ယခုအချိန် တွင် လက်ခံပေး၍ရသည့်အကြောင်းတရားများနှင့် အခြေအနေများစွာရှိနေပါလျက် ဘာကြောင့် အာဆီ ယံက တင်းခံနေရသနည်းဆိုသည်မှာ ဆန်းစစ်စရာ ဖြစ်လာမိပါသည်။

စာရေးသူ၏ လေ့လာမိသလောက် ပြောရလျှင် အာဆီယံနိုင်ငံအချို့(အထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်)တို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ “အကျိုးစီးပွားတစ္ဆေ အ ခြောက် ခံနေရခြင်း” ကြောင့်ဟုမြင်မိပါသည်။ ဆရာ မိုးတင့်ဆွေပြောသလိုပင် မြန်မာနိုင်ငံ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်သွားပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဖော်ဆောင်မည့် BRI (Belt and Road Initiative) စီမံကိန်းကြီးသာအောင်မြင်သွားခဲ့ပါက ဒေသတွင်း စီးပွားရေးလမ်းကြောင်းများ ပြောင်းလဲသွားမည်ဖြစ် ပါသည်။ စင် ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စသည့် နိုင်ငံများမှပြည်သူများသည်ပင် မြန်မာ နိုင်ငံသို့အလုပ်လာလုပ်ကြရမည့် စီးပွားရေးအပြောင်းအလဲကြီး ဖြစ်လာမည်ကိုစိုးရိမ်သဖြင့် မြန်မာကို ဒီအတိုင်းလေးပဲ မတည်မငြိမ် ဆက်လက်ထားရှိချင်သည့်သဘောဟု ယူဆမိပါသည်။

အခြားတစ်ဖက်တွင်လည်း ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက်အုပ်စုများသည် အာဆီယံ၊ ကုလ သမဂ္ဂ (UN) နှင့် နိုင်ငံတကာအလယ်တွင် တရားဝင်အစိုးရ၏ Legitimacy (တရားဝင်မှု) အားကောင်း သွာမည်ကို လုံးဝမလိုလားကြပေ။ ထိုသူများသည် အာဏာနိုင်ငံရေးသမားများဖြစ်ကြသဖြင့် တိုင်းပြည် ကောင်းစားရေးထက် သူတို့ မအုပ်ချုပ်ရသရွေ့ တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး ပျက်စီးစေချင်သည့် အ ဖျက်သမားစိတ်ဓာတ်များ အားကောင်းနေကြခြင်းကြောင့်ဖြစ်ပါသည်။ ဤဖိအားများနှင့်အနှောင့် အ ယှက်များကို အစိုးရအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် ရင်ဆိုင်ကျော်ဖြတ်ရမည်ဖြစ်ပါသည်။

ပိတ်ထားသော အာဆီယံတံခါးများ ပွင့်သွားစေရန်အတွက် စိတ်ရှည်သည်းခံမှုများနှင့်အတူ နူးညံ့ ပျော့ပျောင်းသည့်ဗျူဟာများဖြင့်သာ တုံ့ပြန်သင့်ပါသည်။ နိုင်ငံရေးနှင့်သံတမန်ရေးဆိုသည်မှာ အလွန် ပင် နူးညံ့ပျော့ပျောင်းလှသလို ပရိယာယ် မာယာများ ရန်လည်းလိုအပ်ပေသည်။ သံတမန်စကားဆိုသည် မှာလည်း ရှေ့မှောက်တွင် “ဟုတ်ကဲ့၊ လုပ်ပေးပါမည်”ဟု အပြုသဘောပြထားသော်လည်း နောက်ကွယ် တွင် မိမိတို့အမျိုးသားအကျိုးစီးပွား လိုအပ်ချက်အတိုင်း ပါးနပ်စွာဆောင်ရွက်ကြခြင်းပင် ဖြစ်ပါသည်။ ပြုလုပ်လိုက်သည့် လုပ်ဆောင်ချက်တိုင်းသည် အတွင်းအနှစ်သာရ အပြည့်အဝမပါဝင်သေးသည့်တိုင် အပြင်အသွင်သဏ္ဌာန်အားဖြင့် ကြည့်ကောင်းနေရန် သံတမန်ရေးအရ လိုအပ်ပါသည်။

ဤနေရာတွင် လွန်ခဲ့သော နဝတ၊ နယက ခေတ်ကအတွေ့အကြုံတစ်ခုကို သတိရမိသည်။ နိုင်ငံ တကာ ဖိအားများပြင်းထန်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ခေါ်ထုတ် ကာ နေ့လယ်စာ အတူလက်ဆုံစားသုံးစေခဲ့ သည်။ ထိုသို့ ရင်းနှီးနွေးထွေးသည့်တွေ့ဆုံမှုမှတ်တမ်း ဓာတ် ပုံများကို နိုင်ငံပိုင် ရုပ်သံနှင့်သတင်းစာများမှတစ်ဆင့် နိုင်ငံတကာသို့ ထုတ်ပြန်ပြသလေ့ရှိပါသည်။ တကယ်တမ်း လက်တွေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကြောင်းပြောလာသည့်အခါ အခြားစကားများဖြင့် လမ်းကြောင်းလွှဲပစ်သည့် ဗျူဟာကိုကျင့်သုံးခဲ့ကြပါသည်။ ထို့ပြင် ဆက်ဆံရေး ဝန် ကြီးတစ်ဦးကို သီးသန့်ခန့်အပ်ကာ နိုင်ငံတကာ ဖိအားများကို ဆယ်စုနှစ်တစ်ခုကျော်မျှ မဟာဗျူဟာ ကျ ကျ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်ကိုတွေ့ရသည်။

ယခုအခါတွင်လည်း ထိုကဲ့သို့သော ဗျူဟာများကို ပုံတူပြန်လည်ကျင့်သုံးသင့်သည်ဟု မဆိုလိုပါ။ သို့သော် အာဆီယံတံခါးနှင့် UN တံခါးများ ပွင့်လာစေရန်အတွက်မူ သံတမန်ရေးရာ “ဗျူဟာသော့” များ တွင် ပရိယာယ်နှင့်မာယာများပါဝင်ရန်လိုအပ်မည်ဟု ထင်မြင်မိပါသည်။ ဤတံခါးနှစ်ချပ် ပွင့်သွားခဲ့ပါက အစိုးရအတွက်သာမက မြန်မာနိုင်ငံပါ နိုင်ငံတကာအလယ်တွင် မျက်နှာပန်းပွင့်သွားမည်ဖြစ်ပြီး၊ မိမိတို့ လိုလားမျှော်မှန်းသည့် နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက်ဖော်ဆောင်ရာတွင် ပိုမိုချောမွေ့သွား မည်လည်း ဖြစ်ပါသည်။

အာဆီယံနိုင်ငံများကိုလေ့လာကြည့်လျှင် အာဆီယံဒေသတွင်း (၁၁)နိုင်ငံအနက် (၇)နိုင်ငံ ခန့်မှာ ပဒေသရာဇ်နှင့် အာဏာရှင်စနစ်ပုံစံများသာ ဖြစ်ကြပါသည်။ သို့ဖြစ်ရာ ၎င်းတို့၏ မြန်မာနိုင်ငံအပေါ်

နည်းလမ်းမကျသော တင်းခံဆန့်ကျင်မှုများသည် ရေရှည်တွင် ဆက်လက်ဆွဲကိုင်ထားရန်မဖြစ်နိုင်ပေ။ မိမိတို့ဘက်က သံတမန်ရေးရာ “သော့ကောင်းကောင်း” သာရှိမည်ဆိုလျှင် ဤတံခါးများသည် မုချဧကန် လွယ်ကူစွာ ပွင့်သွားနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ပြည်တွင်း၌ တရားသေဝါဒများကိုစွန့်လွှတ်၍ Transformation ခေါ် စနစ်တကျ ပြုပြင်ပြောင်းလဲမှုဗျူဟာဖြင့်သွားမှသာ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပန်းတိုင် ကို ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ထိုနည်းတူ နိုင်ငံတကာဆက်ဆံရေးတွင်လည်း အာဆီယံနှင့် UN တို့ကို သံတမန်ရေးရာ ပရိယာယ်ကြွယ်ဝသော နည်းဗျူဟာများဖြင့် စနစ်တကျ ချဉ်းကပ်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါသည်။ သို့မှသာလျှင် တိုင်းပြည်ထိခိုက်မှု အနည်းဆုံး၊ အသက်သာဆုံးသော မဟာဗျူဟာဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုလိုက်ရ ပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Game တစ်ခုထက်ပိုတဲ့ မြန်မာ Esport လောကရဲ့ကမ္ဘာ့အလယ်က ဂုဏ်ယူစရာများ

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved