Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Toll Pass RFID စနစ်ကို တိုးဂိတ်(၆)ခုတွင် စမ်းသပ်နေပြီး မကြာမီအသုံးပြုနိုင်မည်

စော (NSS) - ဩဂုတ် ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် Toll Pass RFID (Radio Frequency Identification Device) စနစ်ကို  တိုးဂိတ် (၆)ခုတွင် စမ်းသပ်နေပြီး မကြာမီအသုံးပြုနိုင်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၁၁ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Telematic စနစ် တပ်ဆင်ပြီး စောင့်ကြည့်ထိန်းသိမ်းခြင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ်၊ ဇူလိုင်လအထိ ယင်းစနစ်တပ်ဆင်ထားသော ကုန်တင်ယာဉ်( ၂၅၁၄) စီး၊ ခရီးသည်တင်မှန်လုံယာဉ် (၃၁၈၄) စီးရှိကြောင်း သိရသည်။ 


ထို့ပြင် ETC စနစ်ကိုလည်း RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြုသူများအနေဖြင့် ရန်ကုန်မှ Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ရန်ကုန် - မန္တလေး လမ်းမကြီးပေါ်ရှိ တိုးဂိတ်ခြောက်ဂိတ်တွင် တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Toll Pass RFID စနစ်ပြီးစီးပါက မော်တော်ယာဉ်များ တိုးဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Free flow ဖြတ်သန်းနိုင်ခြင်း၊ အချက်အလက်များ ပိုမိုတိကျ မှန်ကန်စွာ စုဆောင်းနိုင်ပြီး ငွေသားဖြင့် ပေးဆောင်ရန်မလိုအပ်တော့သဖြင့် လေလွင့်ဆုံးရှုံးမှုများ ပပျောက်ကာ Cashless စနစ်သို့ပြောင်းလဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့်တိုးဂိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က မကြာမီရက်ပိုင်းအတွင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တိုးဂိတ်၌ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်၌ ပုံမှန်သွားလာလျက်ရှိသော ခရီးသည်တင် မှန်လုံယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် စည်းကမ်းတကျမောင်းနှင်စေရေးအတွက် Telematic စနစ်တပ်ဆင်ထားပြီး မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းသိမ်းခြင်းအခြေအနေကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခင်အသုံးပြုနေသည့် Electronic Toll Collection (ETC) စနစ်ကိုလည်း RFID (Radio Frequency Identification Device) စနစ်ဖြင့် လမ်းအသုံးပြုခ ပေးချေသည့်စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲလျက်ရှိပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန် လမ်းပိုင်း) ရှိ တိုးဂိတ်သုံးဂိတ်တွင် တပ်ဆင်စမ်းသပ်ဆောင်ရွက်မှုအခြေအနေနှင့် ၁၁၅ မိုင် (ဖြူး) တိုးဂိတ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုလံဘီယာအနောက်ပိုင်းမှာ ပြင်းအား(၇ ဒသမ ၄) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ(၁၀၀)ကျော် သေဆုံး

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved