ပုသိမ်-ကြံခင်း(အစုန်၊အဆန်) ရထားခရီးစဥ်ပြေးဆွဲမှု ယာယီရပ်ဆိုင်းထား
သားပု (NSS) - ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရထားလမ်းပိုင်းအချို့ ရေကျော်မှုဖြစ်စဥ်ကြောင့် ပုသိမ်-ကြံခင်း (အစုန်၊အဆန်) ရထားခရီးစဥ်ပြေးဆွဲမှု ယာယီရပ်ဆိုင်း ထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှဘူတာ နှင့် ဒိုက်ပျက်ဘူတာကြား ရထားလမ်းပိုင်း၌ မိုးရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ ရေကျော်လွန်စီးဆင်းလျက်ရှိကြောင်း တိုင်းအစိုးရ အဖွဲ့ က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ပုသိမ် - ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားခရီးစဉ်များအား ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားရှိကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကျော်ဝင်ရောက်ခြင်းများ တားဆီးနိုင်ရေးအတွက် ရေကာ၊ ရေတားနံရံများ တည်ဆောက်ခြင်းလုပ်ငန်းများကို လူအင်အား(၃၈၀)ဦးဖြင့် အချိန်ပြည့်ဆောင်ရွက်နေ
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
