ဒဂုံတက္ကသိုလ်သို့ မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေး ကျောင်းသားများ မျှော်လင့်နေ
စော (NSS) - သြဂုတ် ၁ဝ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်အတွင်း မီးရထား ပြန် လည်ပြေးဆွဲနိုင်ရေး ကျောင်းသား၊ ကျောင်းသူများမျှော်လင့်နေကြောင်း NP News မှ စုံစမ်းထားချက် များအရသိရသည်။
ဒဂုံတက္ကသိုလ်သို့ မီးရထားဖြင့် တိုက်ရိုက် သွားရောက်နိုင်သည့် ရထားခရီးစဉ်ရှိခဲ့သော်လည်း ကိုဗစ်နောက်ပိုင်းမှစတင်ကာ ပြေးဆွဲခြင်းရပ်တန့် သွားခဲ့၍ ယခုအချိန်တွင် (၆)နှစ်ဝန်းကျင်ရှိလာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
သို့သော် လက်ရှိတွင် ရန်ကုန်ဘူတာကြီးမှ ဒဂုံတက္ကသိုလ်ဘူတာသို့ ပညာသင်ကြားသည့်ကျောင်း သား၊ ကျောင်းသူများ မီးရထားဖြင့်သွားလာနိုင်စေရေးအတွက် တက္ကသိုလ်မှတာဝန်ရှိသူများနှင့် Dagon University Information Center တို့ ပူးပေါင်းကာ စစ်တမ်းကောက်ယူနေကြောင်းသိရ သည်။
“ဆွဲပေးဖို့ကို စစ်တမ်းကောက်တဲ့သဘော မျိုးပဲရှိသေးတာ။ စစ်တမ်းက အဝေးသင်ကို စနေနေ့ ဩဂုတ်လ (၈)ရက်မှာ ထပ်ကောက်တယ်။ ကောက်ကြည့်တာ။ သူက အင်အားဘယ်လောက်ရှိလဲသိချင် တာ။ သိတဲ့အခါကျမှ သူတို့တစ်နေ့ကို ဘယ်နှခေါက်ဆွဲမလဲကို တွက်ရတာထင်ပါရဲ့ ကြည့်ရတာ”ဟု သိရှိ သူတစ်ဦးက NP News ကိုပြောသည်။

ဒဂုံတက္ကသိုလ်တွင် နေ့သင်တန်းတက်ရောက်သူ (၅၀ဝဝ)ကျော်ရှိပြီး အဆောင်နေသူ (၈၀ဝ) ခန့် ရှိ၍ ကျန်ကျောင်းသား၊ ကျောင်းသူဦးရေ (၄၂၀ဝ)ဝန်းကျင်သည် နေ့စဉ် ကျောင်းအသွား၊ အပြန်လုပ်နေရ ကြောင်းသိရသည်။ “ရထားပြန်ပြီး ပြေး ဆွဲမည်ဆိုရင် ပိုကောင်းတာပေါ့။ ကျောင်းကို ရထားနဲ့ လာ မတက်ဖူးဘူး။ ဘာလို့လဲဆိုရင် ကျောင်းသားဘဝရဲ့အနှစ်သာရကို (၂၀၁၉) ခုနှစ် ပထမ နှစ်ဝက်လောက် အထိပဲ ကောင်းကောင်းခံစားလိုက်ရတာလေ။ နောက်ပြီး YBS စီးလာရတာလည်း အဆင်မပြေဘူး။ ကျွန်မလမ်းကြောဆိုရင် ကျောင်းကို တိုက်ရိုက်ရောက်တာ ယာဉ်လိုင်းတစ်လိုင်းပဲရှိတယ်။ အဲဒီတော့ တစ်စီးနဲ့တစ်စီးကို နာရီဝက်ကျော်စောင့်ရတယ်။ ပြေးဆွဲတဲ့ယာဉ်တွေကလည်း လျော့ကျလာတယ်လေ။ ကိုယ်တွေလိုပဲ YBS စီးရတာ အဆင်မပြေတဲ့ကျောင်းသားတွေရှိကြတယ်”ဟု ဒဂုံတက္ကသိုလ်မှ ကျောင်း သူတစ်ဦးကပြောသည်။
လက်ရှိတွင် ဒဂုံတက္ကသိုလ်သို့ ကျောင်းတက်ရောက်ရန်အတွက် YBS ယာဉ်များကိုသာအားထား နေရ၍ မီးရထားပြန်လည်ပြေးဆွဲမည့်အရေးကို ကျောင်းသား၊ ကျောင်းသူများကမျှော်လင့်နေကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီတိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များက ငွေကျပ် (၂၃) ဘီလျံကျော် လှူဒါန်းထား
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
