ဗိုလ်ချုပ်ဈေး နှစ် (၁၀၀) ပြည့် ပွဲတော်ကို လာမည့် အောက်တိုဘာလတွင် (၅)ရက်တိုင်တိုင် ကျင်းပမည်
စိမ့်စမ်းရေ (NSS) - ဇူလိုင် ၂၆
ရန်ကုန်မြို့၏ သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းစျေး၏ နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကြီးကို လာမည့် အောက်တိုဘာလ (၇) ရက်မှ (၁၁) ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းစျေးအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ရာပြည့်ပွဲတော်ကို ၁၉၂၆ ခုနှစ်က စတင်တည်ရှိခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းစျေး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် အနုပညာလက်ရာများကို ခေတ်လူငယ်များ တန်ဖိုးထားသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ပွဲကတော့လေ နှစ် (၁၀၀) ပြည့်ပေါ့နော်။ လွန်ခဲ့တဲ့ ၁၉၂၆ ကရှိခဲ့တဲ့ ဗိုလ်ချုပ်ဈေးကြီးရဲ့ Architect ပေါ့။ ဥပမာလေ သူ့ရဲယဉ်ကျေးမှုအနုပညာလက်ရာတွေပေါ့နော် အဲဒါတွေကို ဒီဘက်ခေတ်က လူငယ်တွေပေါ့နော် တန်ဖိုးထားတတ်အောင်ပေါ့ ကျင်းပတဲ့ရည်ရွယ်ချက်က” ဟု ၎င်းက NSS သို့ ပြောသည်။
အဆိုပါ ရာပြည့်ပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်းစျေး၏ သမိုင်းကြောင်းကို ပြသမည့် History World အစီအစဉ်၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပုံစံများကို ၁၉၃၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်အထိ မော်ဒယ် (၉) ဦးဖြင့် ပြသမည့် အစီအစဉ်များ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာအဝတ်အစားများ ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များအပြင် ခေတ်ဟောင်းမြန်မာ့ဂီတနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် ဆိုင်ခန်းပေါင်း (၁၁၁) ခန်းဖြင့် ပြသသွားမည်ဖြစ်ပြီး CSR အစီအစဉ်အဖြစ် ရှားပါးလက်မှုပညာများကို လက်တွေ့ပြသပေးမည့် အစီအစဉ်များ၊ မသန်စွမ်းအဖွဲ့အစည်းများ ပါဝင်နိုင်ရန်အတွက်လည်း နေရာများ စီစဉ်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေသအလိုက် ရိုးရာအစားအသောက်များသည် ပြည်ပခရီးသွားများ၏ ခရီးစဉ်ရွေးချယ်မှုတွင် အရေးပါနေ
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
