သမိုင်းကြောင်းများဖြင့် နာမည်ကျော်သော သီပေါဟော်နန်းကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်
သုတကျော် (NSS) - ဇူလိုင်လ ၂၆
ရှမ်းပြည်နယ် သီပေါမြို့ရှိ နောက်ဆုံးစော် ဘွားစဝ်ကြာဆိုင်နေထိုင်ခဲ့ရာ သီပေါဟော်နန်းကို ရှေးဟောင်း အဆောက်အအုံဖြစ် ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ် လိုက်ကြောင်းသိရသည်။
သီပေါဟော်နန်းကို (၁၉၂၄)ခုနှစ်တွင် စော်ဘွား ဆာစောချယ်လက်ထက် ကျမိုင်း စဝ်အုံ ကြာက အနောက်တိုင်း ဗိသုကာပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၃)ရက်တွင် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေအရ ရှမ်းပြည်နယ်ရှိ နှစ်ပေါင်း (၁၀ဝ)နှင့်အ ထက်သက်တမ်းရှိသော သီပေါဟော်နန်းကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ညနေ လွှတ်တော်အပြီး ဆရာရေတဲ့ ဆရာတင်ပြထားတဲ့ သီပေါဟော်ကို နိုင်ငံတော်က ရှေးဟောင်းအမွေ အနှစ်အဖြစ် သတ်မှတ်လိုက်ပြီတဲ့။ အဲဒီသတင်းကြားကြားချင်း ပျော်ရွှင်ရပါတယ်။ ဝိုင်း ဝန်းထိန်းသိမ်းစောင့်ရှောက်ခဲ့ သူများနှင့် ကျွန်တော့်ကို ဝိုင်းဝန်းအကြုံပြုကူညီခဲ့သူများအားလုံးကို ကျေး ဇူးတင်ရှိလျက်ပါ။ အားလုံးရဲ့ကြိုးစားမှုကြောင့် အရာ ထင်ခဲ့လေပြီ”ဟု သီပေါမြို့နယ်မဲဆန္ဒမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးစိုင်းကောင်းသက်စံက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသား ထားသည်။
သီပေါဟော်နန်းသည် ခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး ယင်းဟော်တွင် ဗုဒ္ဓကောလိပ်ဖွင့် လှစ်ရန်အတွက် သီပေါစော်ဘွား၏ ဆွေတော်မျိုးတော်လှူဒါန်းသည့် ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားကို ယခုနှစ် ဇွန်လ(၂၉)ရက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်ဈေး နှစ် (၁၀၀) ပြည့် ပွဲတော်ကို လာမည့် အောက်တိုဘာလတွင် (၅)ရက်တိုင်တိုင် ကျင်းပမည်
RELATED POSTS
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
21 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
19 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
14 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
