ကနေဒါနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးလူသားဘောလုံးပွဲကို စီစဉ်ခဲ့ကာ ဂင်းနစ်စံချိန်သစ်တင်
Pika (NSS) - ဇွန် ၁၄
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Ontario Lottery and Gaming Corp ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး လူသားဘောလုံးပွဲကို စီစဉ်ခဲ့ကာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

Etobicoke မြို့ Humber Polytechnic Lakeshore Campus West တွင်ကျင်းပသော ကမ္ဘာ့အကြီးဆုံးလူသားဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင် သူ(၂၅၄)ဦးက ကြီးမားသောအလျားလိုက်သံတန်းများကို အတန်းလိုက်ကိုင်ဆောင်ခဲ့ကာ ဘောလုံးတစ်လုံးကို ဂိုးပေါက် အကြီးကြီးထဲသို့ကန်ရန်ကြိုးစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အွန်တာရီယိုပြည်နယ်အားကစားဝန်ကြီးနေးလ်စ်လူဒန်က ‘ဘောလုံးဆိုတာ အဖွဲ့လိုက်လုပ် ဆောင်မှု၊ စွမ်းအင်နဲ့ မျှဝေထားတဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုးကမ္ဘာ့အကြီးဆုံးလူသား ဘောလုံးပွဲကြီးကို ဂင်းနစ်စံချိန် မှတ်တမ်း ဝင်ဖို့ ကြိုးစားမှုက အရမ်းကိုပျော်စရာကောင်းပြီး မေ့ဖျောက် လို့မရတဲ့ကစားပွဲတစ်ခုဖြစ်ခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။

ထို့ပြင် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ တာဝန်ရှိသူများကလည်း Etobicoke မြို့တွင်ကျင်းပခဲ့သော ဘောလုံးပွဲကို ကမ္ဘာ့အကြီးဆုံးလူသားဘောလုံးပွဲအဖြစ် အရည်အချင်းပြည့်မီကြောင်း သတ်မှတ်ပေးခဲ့ကာ ဂင်းနစ်စံချိန်သစ်အဖြစ် အတည်ပြုပေးခဲ့ကြောင်း သိရသည်။ အဆိုပါကမ္ဘာ့အကြီးဆုံးလူသားဘောလုံးပွဲသည် ဘားတချို့နှင့်ကလပ်များတွင် တစ်ခါတစ်ရံ တွေ့ရလေ့ရှိသော ဘောလုံးဂိမ်းကစားကွင်းအသေးလေးပုံစံမျိုးကို အတုယူကာဖန်တီးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအတွက် ဒုံးကျည်များထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေပြီဟု အိန္ဒိယအခြေစိုက် BrahMos Aerospace ကုမ္ပဏီပြော
RELATED POSTS
28 Sep 2026 | ဗဟုသုတ,ပြည်တွင်း
27 Sep 2026 | ဗဟုသုတ,နိုင်ငံတကာ
30 Aug 2026 | ဗဟုသုတ,နိုင်ငံတကာ
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
