ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
Pika(NSS)_ ဇွန် ၅
တောင်ကိုရီးယားဒရမ်မာဇာတ်ကားဖြစ်သော ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲသည် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးလျက်ရှိကြောင်းသိရသည်။ဇွန်လ(၁)ရက်နေ့တွင် TVING နှင့် tvNတို့တွင် တစ်ပြိုင်နက်တည်းထုတ်လွှင့်ခဲ့သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ၏ အပိုင်း(၇)တွင် စစ်ဘက်စားဖိုမှူး ကန်ဆောင်ဂျေးက ချက်ပြုတ်မှု၏ စွမ်းအားကို ထပ်မံပြသခဲ့ပြီး ၎င်းကိုမကြိုက်နှစ်သက်ခဲ့သည့် တွဲဖက်စားဖိုမှူးကို ယုံကြည်စိတ်ချရသည့် မိတ်ဖက်တစ်ဦးအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်မေလ(၁၂)ရက်နေ့တွင် စတင်ပြသခဲ့ပြီးနောက်ပိုင်းတည်းက ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲသည် TVINGတွင် အခကြေးငွေပေးသွင်းရသည့် subscriberပံ့ပိုးမှုစာရင်းတွင် အဆင့်(၁)နေရာမှာ သီတင်းပတ်(၃)ပတ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီး ပထမသီတင်းပတ်အတွင်းတွင်ပင် ကြည့်ရှုမှု(၁၂၁ဒသမ၂၆)သန်းကျော်သွားခဲ့ကာ လူကြိုက်များမှုများ မြင့်တက်လာခဲ့ကြောင်းသိရသည်။
Nielsen Korea၏အဆိုအရ ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ၏ အပိုင်း(၇)သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှအဆင့်သတ်မှတ်ချက်(၇ဒသမ၂)ရာခိုင်နှုန်းရရှိခဲ့ပြီး (၈ဒသမ၉)ရာခိုင်နှုန်းအထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
RELATED POSTS
15 Oct 2026 | အနုပညာ,ပြည်တွင်း
08 Oct 2026 | အနုပညာ,နိုင်ငံတကာ
