မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
Pika(NSS)_ဇွန် ၅
စုဆောင်းခြင်းကိုဝါသနာပါသော အိန္ဒိယအမျိုးသားတစ်ဦးသည် မတူညီသောစက္ကူခွက်ပေါင်း(၈၅၈)ခွက်ကို စုဆောင်းခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။အသက်(၅၇)နှစ်အရွယ် ဆူနေးလ်ဂျိုးဆက်ဆိုသည့်အမျိုးသားက ၎င်း၏စုဆောင်းတတ်သောအလေ့အကျင့်သည် ငယ်စဉ်တည်းက တံဆိပ်ခေါင်းများ၊ဒင်္ဂါးပြားများနှင့် မီးခြစ်ဆံဘူးခွံပေါ်ရှိစတစ်ကာများကို စုဆောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆူနေးလ်ဂျိုးဆက်က”ဒီလိုမျိုး စူးစမ်းလိုစိတ်က တစ်သက်တာ စိတ်အားထက်သန်မှုအဖြစ် ပြောင်းလဲလာခဲ့ပြီးတော့ ကော်ဖီခွက်တွေနဲ့ လက်ဖက်ရည်အိတ်တွေအထိ အမျိုးမျိုးသော စုဆောင်းမှုတွေကို လုပ်ဆောင်ဖို့ဦးတည်စေခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
ဆူးနေလ်ဂျိုးဆက်သည် (၂၀၁၄)ခုနှစ်တွင် ဖုန်းကတ်(၅၉၈၆)ကတ်အထိ စုဆောင်းခဲ့မှုအတွက် ၎င်း၏ပထမဆုံးဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းလည်းသိရသည်။
ဆူနေးလ်ဂျိုးဆက်က”ကျွန်တော့်ရဲ့ ပထမဆုံးဂင်းနစ်စံချိန်ဖြစ်တဲ့ ဖုန်းကတ်တွေစုဆောင်းမှုက (၁၉၉၇)ခုနှစ်မှာ စတင်ခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ရေတပ်မှာအလုပ်လုပ်နေတဲ့ ကျွန်တော်အစ်ကို့ရဲ့ပိုက်ဆံအိတ်ထဲကနေ ယူအေအီးဖုန်းကတ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ဒီဇိုင်းကလည်း ထူးခြားနေတာမလို့ ကမ္ဘာ့အနှံ့အပြားကဖုန်းကတ်တွေကို ရှာဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။”ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
RELATED POSTS
15 Oct 2026 | အနုပညာ,ပြည်တွင်း
08 Oct 2026 | အနုပညာ,နိုင်ငံတကာ
