ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
ပုလဲ (NSS) - ဇွန် ၅
ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့ (ဇွန်လ ၅ ရက်) က အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအောင်လံမြိုနယ် မိုးဖုံးအုပ်စုဗဟန်းကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝရဉာဏအား ကုန်းဘောင်ခေတ်သတ္တုစပ်ပြား (၃၂၈) ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ကြေး (၂၅) ပိဿာအတွက် ကာလပေါက်ဈေး တန်ဖိုးငွေကျပ် (၃,၇၅၀,၀၀၀)၊ ခေတ်ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၅၀) ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁,၈၇၅,၀၀၀) စုစုပေါင်း ဆုကြေးငွေကျပ် (၅,၆၂၅,၀၀၀) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြိုနယ် (၅၈) လမ်း၊ (၁၂၅ x ၁၂၆) လမ်းကြား(စ)ဈေးနေ ဦးဝင်းကိုကို မောင်အားပျူခေတ်ငွေဒင်္ဂါး (၃၃၃) ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ငွေဒင်္ဂါး (၃၃၃) ပြား၏ အလေးချိန်အရ ကာလတန်ဖိုးငွေကျပ် (၁၅,၆၅၅,၆၄၀)၊ ခေတ် ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၈၀) ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁၂,၅၂၄,၅၁၂)၊ ခေတ်လက်ရာ ဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၈၀) ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁၂,၅၂၄,၅၁၂)၊ ရှားပါးလက်ရာ ထပ်ဆောင်း ဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၅၀) ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၇,၈၂၇,၈၂၀) စုစုပေါင်း ဆုကြေး ငွေကျပ် (၄၈,၅၃၂,၄၈၄) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ (၃၁၄၄)၊ ငွေ (၈၅၃)၊ ကြေး (၉၄၉)၊ အခြား (၂၈၆၆၉) စုစုပေါင်း (၃၃၆၁၅) ခုကို ဆုကြေးချီးမြှင့်ငွေကျပ် (၅၉၈,၆၇၉,၀၇၂) ကို ရှေးဟောင်း ဝတ္ထုပစ္စည်းအပ်နှံသူ (၄၅၉) ဦး ထံသို ဆုကြေးများပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
RELATED POSTS
16 Nov 2026 | အထွေထွေ,ပြည်တွင်း
15 Nov 2026 | အထွေထွေ,ပြည်တွင်း
15 Nov 2026 | အထွေထွေ,ပြည်တွင်း
14 Nov 2026 | အထွေထွေ,ပြည်တွင်း
