PDF ထိန်းချုပ်ဒေသမှ ကလေးငယ်များ (၆)နှစ်ကြာသည်အထိ ကျောင်းပြန်တက်ရန် မျှော်လင့်ချက်မဲ့နေဆဲဖြစ်
သန့်ဇင် (NSS) - မေ ၂၆
(၂၀၂၁)ခုနှစ်မှစတင်ကာ လက်ရှိအချိန် (၆) နှစ်ဝန်းကျင်ကာလအထိ ပညာရေးဆုံးရှုံးမှုရှိနေသော PDF ထိန်းချုပ်ဒေသမှ ကလေးငယ်များစွာသည် ကျောင်းပြန်တက်ရန် မျှော်လင့်ချက်မဲ့ နေဆဲဖြစ် ကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့် PDF ထိန်းချုပ်ဒေသမှ ကျောင်းသားမိဘများထံ ဆက်သွယ်မေးမြန်း ထားချက်အရ သိရသည်။
လာမည့် ဇွန်လ (၁) ရက်ကစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအပါအဝင် PDF ထိန်းချုပ်ဒေသမှ ကလေးငယ်များအတွက် အခြေခံပညာသင်ကြားနိုင်မည့်အခွင့်အရေးမှာ အလှမ်း ဝေးနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းမှ PDF ထိန်းချုပ် ဒေသများတွင်နေထိုင်သည့် ကလေးငယ်များသည် ပြီးခဲ့သည့် (၅) နှစ်ကျော်ကာလအတွင်း NUG ပညာ ရေးကျောင်းများတွင်သာ သင်ကြားခဲ့ကြရသည့်အတွက် ဒေသခံများမှာ ၎င်းတို့ကလေးငယ်များကို အစိုးရ ပညာရေးကျောင်းများသို့ ပြောင်းလဲသင်ကြားစေလိုနေကြောင်း သိရသည်။
“ဒီပဲယင်းဒေသတွင်းက ကလေးတွေကို PDF က NUG ကျောင်းတွေမှာ မတက်မနေရဆိုပြီး ကလေးတွေကိုတက်ခိုင်းတယ်။ ကျောင်းသား မိဘတွေကတော့ မထားချင်ကြဘူး။ မထားချင်တော့ မိဘ တွေကို သူတို့က အမျိုးမျိုးခြိမ်းခြောက်ပြီးထားခိုင်းတယ်။ ဘေးထွက်ပြီးတော့ နီးစပ်ရာမြို့လေးတွေကို သွားထားပြန်တော့လည်း သူတို့က ပြဿနာရှာတာပေါ့။ တချို့ကလည်း ကိုယ်နဲ့နီးစပ်တဲ့ မန္တလေး၊ ပြင်ဦး လွင်၊ ရန်ကုန်နဲ့ မုံရွာပေါ့။ အဲဒီလိုဆွေမျိုးနီးစပ်ရှိရာတွေကို။ သားသမီးကလည်း အရွယ်ရောက်လာပြီ (၈) တန်း (၉) တန်းကလေးတွေဆိုတော့ ပညာရေးဆုံးခန်းတိုင်အောင်ထားချင်ကြတာပေါ့။ ဒါပေမဲ့လည်း အမျိုးမျိုးခြိမ်းခြောက်ခံနေရတယ်။ အခုထိတော့ ပညာရေးက မျှော်လင့်ချက်မဲ့နေဆဲပဲ”ဟု ဒီပဲယင်း မြို့ နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

သို့သော်လည်း ဒေသတွင်းထိန်းချုပ်ထား သည့် PDF များအနေဖြင့် ကလေးငယ်များအား အစိုးရ ၏ အခြေခံပညာကျောင်းများသို့ပို့ဆောင် ပညာသင်ကြားခွင့်မပေးဘဲ သိရှိပါက မိဘများအား ခြိမ်း ခြောက်ဖိအားပေးခြင်းများကိုလက်ရှိအချိန်အထိ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ကိုင်းနဲ့ မကွေးဘက်က မိဘတွေကို ဘာဆက်လုပ်ကြမလဲမေးတော့ သူတို့က ကျောင်းတက် ချင်ရင်တောင် ဘယ်နေရာသွားတက်ရမလဲ မသိဘူးဖြစ်နေတယ်။ အဲဒီမှာရှိတဲ့ PDF တွေက အွန်လိုင်းက နေသင်တာဆိုလား။ အခုအွန်လိုင်းကလည်း မလွယ်တော့ဘူးပေါ့။ အဲဒီတော့ ကလေးတွေက ပညာရေး က ဟသွားပြီ။ သူတို့အနာဂတ်ကိုလည်း စိုးရိမ်ရတယ်။ တာဝန်ယူမယ့်လူလည်းမရှိဘူး။ အဲဒီကလေးတွေ ပညာရေးခါးပြတ်သွားတဲ့ကိစ္စကို တခြားအစီအစဉ်လည်းမရှိဘူး။ အဲဒီကလေးတွေ နိုင်ငံခြားသွား အလုပ် လုပ်မယ်ဆိုရင် ထောက်ခံစာတွေလိုတယ်။ ထောက်ခံစာကိုလည်း အစိုးရကျောင်းက ထောက်ခံစာပဲ ပြန် တောင်းနေရတာပဲ”ဟု ကထိကတစ်ဦးက NP News သို့ပြောသည်။
ထို့ကြောင့် လက်ရှိနိုင်ငံရေးပဋိပက္ခများ အကြား ကြားညပ်နေသည့်ကလေးငယ်များ၏ အနာ ဂတ်အတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများကို လွတ်လပ်ခွင့်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။
“အဲဒီတော့ နိုင်ငံရေးကိစ္စတွေကို ခဏ ဘေးဖယ်ထားပြီး ပြည်သူနဲ့ကလေးတွေရဲ့ အနာဂတ် ကိုကြည့်ပြီးတော့ ပညာရေးနဲ့ကျန်းမာရေးကိုတော့ မဝင်ကြပါနဲ့တော့လွှတ်ထားပါတော့။ ဒါကိုတော့ တိတိလင်းလင်းပြောသင့်ပြီ။ အခုဆိုရင် ကျောင်းအပ် ရာသီရောက်လာပြီ။ အဲဒီဘက်ကလေးတွေက ခွဲခြားဆက်ဆံခံနေရတယ်။ တည်ငြိမ်အေးချမ်းတဲ့ဒေသမှာ ရှိတဲ့ကလေးတွေဆိုရင် ကျောင်းတက်နေ ကြပြီ။ အဲဒီ မငြိမ်းချမ်းတဲ့ဒေသမှာရှိတဲ့ကလေးတွေက အခုထိမျှော်လင့်ချက်မဲ့နေတုန်းပဲ။ အဲဒါကို လက်ခံရမယ်”ဟု ၎င်းကပြောသည်။
Gross Enrollment Ratio (GER) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျောင်းနေ အရွယ် ကလေး (၄၇) ရာခိုင်နှုန်းကသာ ကျောင်းတက် နေပြီး (၅၃) ရာခိုင်နှုန်းခန့်မှာ ကျောင်း မတက် နိုင်သည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
သို့သော် (၂၀၂၃) ခုနှစ်က စတင်ကာ ကျောင်းတက်ရောက်မှုနှုန်းနှင့် စာတတ်မြောက်နှုန်းမှာ ယခင် (၂၀၂၁)နှင့် (၂၀၂၂) ကာလထက်ပိုမို သိသိ သာသာ တိုးတက်လာပြီဖြစ်ကြောင်းလည်း အထက်ပါ ပညာရေးကထိက က ဆိုသည်။
“မြေပြင်စာရင်းကောက်လို့မရလို့ ဂြိုဟ်တု ကကောက်တဲ့စာရင်းဇယားအရ စာတတ်မြောက်မှု နှုန်း ကျသွားတယ်။ ကျောင်းမတက်နိုင်ဘူး။ တည်ငြိမ်အေးချမ်းတဲ့ဒေသတွေမှာတော့ စာတတ် မြောက် မှုနှုန်းနဲ့ ကျောင်းတက်နှုန်းက သိသိသာသာတိုးတက်လာတယ်။ (၂၀၂၁) မှာတော့ ကျောင်းမတက်ရဘူး ဆိုတဲ့ ဘက်ကိုပါခဲ့ကြသေးတယ်။ အခုနောက်ပိုင်း (၂၀၂၃)၊ (၂၀၂၄)၊ (၂၀၂၅)၊ (၂၀၂၆) မှာဆိုရင်လည်း ပိုများလာတယ်။ ခုနှစ် ကျောင်းအပ်ရာသီမှာလည်း ပိုများ လာမှာမို့ ပညာရေးဝန်ကြီးဌာနက စာအုပ် တွေနဲ့ ကျောင်းဝတ်စုံတွေပြင်ထားတယ်။ တည်ငြိမ်တဲ့ ဒေသအတွက်တင် မဟုတ်ဘူး။ အဲဒီမတည်ငြိမ်တဲ့ ဒေသကနေပြောင်းရွှေ့ ကျောင်းတက်မယ့်ကလေးတွေအတွက်ကို ပညာရေးဝန်ကြီးဌာနက ကြိုပြင် ထားတယ်”ဟု ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI ဓာတ်ပုံနှင့်ဗီဒီယိုများ အဆင့်မြင့်လာသောကြောင့် ရာဇဝတ်မကင်းသော အသုံးပြုခြင်းများရှိလာနိုင်
RELATED POSTS
10 Oct 2026 | ပညာရေး,ပြည်တွင်း
08 Oct 2026 | ပညာရေး,ပြည်တွင်း
07 Oct 2026 | ပညာရေး,ပြည်တွင်း
