Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းတောင်တွင် ကမ္ဘောဇစံပြကျေးရွာ( ခေါင်းနွဲ့ )ရွာတွင် မူလွန်စာသင်ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ရေးနှင့် မိုးကြိုးထိမှန်သေဆုံးခဲ့သည့် နွားအကောင်(၅၀)အတွက် ထောက်ပံ့မည့်ကိစ္စများ ဆွေးနွေး


စော(NP News)- မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်ရှိ ကမ္ဘောဇစံပြကျေးရွာ( ခေါင်းနွဲ့ )ရွာတွင် မူလွန်စာသင်ကျောင်းဆောင်သစ် ဖွင့်လှစ်မည့်ကိစ္စများနှင့်ပတ်သက်၍ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် နှင့် KBZ FOUNDATION တို့မှ တာဝန်ရှိသူများက  ယမန်နေ့ (မေလ ၂၃ရက်)က ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်

မိုးရာသီ သစ်ပင်စိုက်ပျိုးရန် နေရာဒေသများ ချမှတ်ခြင်း၊ ရေစုပ်အပင်မျိုးများ မစိုက်ပျိုးစေရေး စသည်တို့ကိုလည်းကောင်း၊ ကမ္ဘာနှင့်အဝှမ်း ရာသီဥတုဖောက်ပြန်မှုကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခံစားနေကြရသည်ကို နေ့စဥ်သတင်းများကဖော်ပြနေကြောင်း ဦးဆောင်နာယက ဦးအောင်ကိုဝင်း က ပြောကြားခဲ့သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရေး ကိစ္စရပ်များအတွက် ကဏ္ဍပေါင်းစုံမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးအတွက် ၎င်းက ဆက်လက်ဆွေးနွေးညွန်ကြား ခဲ့သည်။ 

ထို့ပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ၊ကောင်ဝါးတောင်ရွာ ၌ မိုးကြိုးထိမှန်၍ ခိုင်းနွားအကောင် (၅၀) ခန့် သေဆုံးသွားသည်ကို သိရှိသည့်အချိန်တွင် မြေပြင်ထိ အချက်အလက်ကောက်ယူပြီး ထိထိရောက်ရောက် ထောက်ပံ့နိုင်စေရေး ညွန်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း အချက်အလက်များ ရယူခဲ့ကြရာ အိမ်ထောင်စု ( ၁၇ )စု ပိုင်ဆိုင်သော နွားထီး ( ၁၄ )ကောင် ၊နွားမ (၃၆)ကောင် စုစုပေါင်း နွားကောင်ရေ အကြီး၊အငယ်(၅၀) ဆုံးရှုံးခဲ့ရကာ ဦးခွန်ဗလသည် နွား (၁၂) ကောင်ကို  အများဆုံး ဆုံးရှုံးခဲ့ပြီး ဦးဥတ္တမသည် နွား (၆)ကောင်ကို ဒုတိယအများဆုံး ဆုံးရှုံးခဲ့ကြောင်း  သိရသည်။  

 ထို့နောက် ကျေးရွာတာဝန်ခံများမှ နွားများ မိုးကြိုးစက်ကွင်းမိ သေဆုံးခဲ့သည့် စားကျက် မြေနေရာသို့ လိုက်လံပြသခဲ့ပြီး ကောင်ဝါးတောင်ကျေးရွာသည် အိမ်ခြေ ( ၁၇၅ )အိမ်ရှိပြီး လူဦးရေ ( ၁၁၉၃ )ဦး ရှိကြောင်း သိရသည်။

အလားတူ KBZ Bank မှ လှုဒါန်းထားသော ကမ္ဘောဇစံပြကျေးရွာ( ခေါင်းနွဲ့ )ရွာတွင် မူလွန်စာသင်ကျောင်းဆောင်သစ် ဖွင့်လှစ်မည့်ကိစ္စရပ်များ၊ အင်းလေးဒေသ သောက်ရေသန့်စက်များ ထပ်မံ တပ်ဆင်လှုဒါန်းရေးကိစွ များ နှင့် KBZ Center Mandalay ကိစ္စရပ်များ စသည့် အထွေထွေ ကိစ္စရပ်များ ကို လုပ်ငန်းစီမံ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ မေလ(၂၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ

RELATED POSTS
RECENT POSTS
ကမ္ဘောဒီးယားတွင် တည်ဆောက်နေသည့် Power Plant အတွက် မြန်မာအစိုးရဆွေးနွေး
17 Nov 2026
အာဆီယံအနေဖြင့် မြန်မာ၏တိုးတက်မှုများကို အသိအမှတ်ပြုသင့်ဟု မလေးရှားဝန်ကြီးချုပ် ပြော
17 Nov 2026
နိုင်ငံတော်သမ္မတ နိုဝင်ဘာ ၁၈ မနက် (၁၀) နာရီမှာ မိန့်ခွန်းပြောမယ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ရှိ-မရှိ၊ ဝန်းသို-ကောလင်း- ကျွန်းလှ-ကန့်ဘလူ လမ်းပိုင်း ပြန်ပွင့်တော့မလား၊ (၂၅) ရာခိုင်နှုန်းကိစ္စ ILO ဝင်ရှုပ်တော့မယ်၊ ကား လောက သတင်း သုံးခု (၁၇-၁၁-၂ဝ၂၆)
17 Nov 2026
ယနေ့ နိုဝင်ဘာလ(၁၇)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
17 Nov 2026
အစိုးရ (၅) နှစ်တာကာလအတွင်း ပညာရေးဘတ်ဂျက်ကို (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထား
17 Nov 2026
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှ မြန်မာနိုင်ငံသား (၇၅) ဦးကို မနက်ဖြန် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မည်
17 Nov 2026
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တယ်လို့အတိုက်အခံခေါင်းဆောင်တွေ စွပ်စွဲပြောဆို
17 Nov 2026
ထိုင်းနယ်စပ်ဘက်မှ တရားမဝင်ဟု ယူဆရသောကုန်ကားများ အစီး (၅၀ဝ) ခန့် နေ့စဉ် ဝင်ရောက်နေဟု ဆို
17 Nov 2026
SKD စက်ရုံထုတ်ကားများကို ပြင်ပပေါက်ဈေးအတိုင်း အခွန်ဆောင်ခိုင်း
17 Nov 2026
ရခိုင်ရိုးမ အဆင်းက ပဒါန်း နှင့် ရိုးမ ထိစပ်ဒေသက ဓားပြဆန်လာသော PDF များ (အင်တာဗျူး)
17 Nov 2026
နှစ်တို ငှားရမ်းမည့် တောင်ဒဂုံစက်မှုဇုန်ရှိ မြေ (၃.၄၁)ဧကကို စိတ်ဝင်စားသူလုပ်ငန်းရှင် များပြားနေ
17 Nov 2026
ကမ်းလွန်ရေနံလုပ်ကွက်သစ်များကို ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံပါက ကျွမ်းကျင်လုပ်သား အင်အားရှိနှင့်ပြီးဖြစ်၍ အခက်အခဲမရှိနိုင်ဟုဆို
17 Nov 2026
YBS များကို EV စနစ်ပြောင်းလဲပါက ယာဉ်ပိုင်ရှင်များ အရင်းကျေရန်အခက်အခဲရှိနိုင်ဟု ဆို
17 Nov 2026
အဝတ်ချိတ်များကို အဝတ်လှန်းကြိုးပေါ်တွင် ချိတ်ပြပြီး ဂင်းနစ်စံချိန်သစ်တင်ခဲ့သည့် ခွေးလေး
17 Nov 2026
အဆုံးသတ်သို့ရောက်ရှိလာသည့် မြန်မာရင်ဆိုင်နေရသော ICJ အမှုကို ခြေရာပြန်ကောက်ခြင်း
17 Nov 2026
ကိုယ်တိုင်ချေးယူခဲ့ခြင်း မရှိသည့် ကြွေးမြီများအတွက် နေ့စဉ် ဒေါ်လာ တစ်သန်းနီးပါး ပြန်ဆပ်နေရ သော မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်အစီရင်ခံစာကို အဓိပ္ပာယ်ကောက်လွဲစေမည့် ရေးသားမှုများ
17 Nov 2026
AI ကြောင့် ကလေးသူငယ်တွေအ‌ပေါ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုလုပ်မှုဆိုင်ရာ တိုင်ကြားစာတွေ (၈,၄၀၀)ရာခိုင်နှုန်းအထိ မြင့်တက်လာ
17 Nov 2026
ချမ်းအေးသာစံတွင် ပညာရေးကောလိပ်အတွင်းရှိ အဆောက်အဦအား ဖြိုဖျက်စဉ် ပေ(၁၀၀) ခန့်ရှိ သစ်သားထုတ်တန်း ပြုတ်ကျရာမှ တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရ
17 Nov 2026
ကရင်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံဖြိုးစေရေးအတွက် ထိုင်းခရီးသွားများကို Entry Permit ဖြင့် ဘားအံမြို့အထိ ဝင်ရောက်လည်ပတ်ခွင့် ရရှိရန်စီစဉ်နေ
17 Nov 2026
အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်ရာမှ ကားတစ်စီး ပက်လက်လန်တိမ်းမှောက်
17 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved