အစိုးရကျောင်းများ၌ ကျောင်းမတက်ဘဲ ကျောင်းခေါ်ချိန်ယူ၍ နိုင်ငံတကာကျောင်းများတွင် တက်ရောက်မှုများ ရှိနေ
စော (NSS) - မေ ၂၃
အစိုးရကျောင်းများ၌ ကျောင်းမတက်ဘဲ ကျောင်းခေါ်ချိန်(Enroll)လုပ်၍ ကျောင်းသားများက နိုင်ငံတကာကျောင်း များတွင် သွားတက်ရောက်နေကြောင်း ပညာရေးနှင့်နီးစပ်သည့် ကျောင်းအုပ်ဆရာတစ်ဦးကကို ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် KGမှ Grade 12 အထိ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များနှင့် အခြားကျောင်းသုံးပစ္စည်းများကို စာသင်နှစ်အလိုက် ထောက်ပံ့ပေးကာ ကျောင်းအပ်နှံရေးလုပ်ငန်းများ ကို မတ်လ (၂၂) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပြီး ဇွန်လ (၁)ရက်နေ့မှ စတင်ကာ ကျောင်းများ စတင်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် စားဝတ်နေရေးက ကုန်ဈေးနှုန်းတက်နေတာဆိုတော့ မိဘတွေက တော်တော်ကို အခက်အခဲဖြစ်နေတဲ့ အချိန်မှာ သူတို့ကဘာလဲဆိုရင် ခုနကလို မတော်လောဘပေါ့။ ကျောင်းမှာကျတော့ ဆရာမတွေက စာမသင်။ သူတို့အိမ်တွေမှာကျတော့ ဝိုင်းတွေဖွဲ့၊ ကျူရှင်တွေသင် အဲဒီလိုတွေလုပ်နေကြတယ်။ မိဘတွေမှာကွာ မနိုင်တဲ့ဝန်တွေထမ်း၊ စရိတ်တွေ ပိုကုန်နေတာပေါ့။ နိုင်ငံတော်အနေနဲ့ပြောမယ်ဆိုရင်ကွာ ဖတ်စာအုပ်တွေ အလကားပေးတယ်။ ကျောင်းဝင်ကြေးတွေ မပေးရဘူး။ ကျောင်းလခတွေမပေးရဘူး။ သက်သာနေ သော်များလည်း တစ်ဖက်ကနေပြီးတော့ ဆရာမတွေက အစိုးရကျောင်းကို ဂိုဏ်းတစ်ဝင်ခံပြီးတော့ ရှင်းရှင်းပြောရင် ဘုရားပျက်ထဲက နေဟောင်နေတဲ့ ခွေးတွေလိုဖြစ်နေတယ်။ ကျောင်းအုပ်တွေကလည်း ဘာလုပ်လဲဆိုရင် Enroll ကိစ္စတွေ ဆောင်ရွက်နေကြတယ်။ကျောင်းမတက်ဘဲနဲ့ Private School တွေတက်ကြတယ်။ International Schoolတွေ သွားတက်ကြတယ်။ အဲဒါမျိုးတွေ လက်ခံပြီး လွှတ်ပေးနေတယ်။ တစ်ချို့ကျောင်းတွေ လုပ်လို့ရတယ်။ အဲဒီအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ကြပ်ကြပ်မတ် မတ်ဆောင်ရွက်ဖို့ လိုအပ်တယ်။ တော်တော် အများစုလုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ Enroll ကိစ္စမဖြစ်စေရန်အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများမှတဆင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းကာ မိမိတို့မြို့နယ်၊ ရပ်ကွက်နှင့် လမ်းများအတွင်းရှိ ဆရာ၊ ဆရာမများ၏ အစိုးရ ကျောင်းချိန်အတွင်း ကျူရှင်သင်ကြားမှုများကို စနစ်တကျ ကြပ်မတ်စစ်ဆေးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။
“အရင်က ကိုယ်ပိုင်ကျောင်းတွေကို ကြပ်မတ်လိုက်တော့ အစိုးရကျောင်းတွေမှာ ဒီလို Enrollကိစ္စတွေပေါ်လာတာ။ ရန်ကုန်တိုင်း ၊ နေပြည်တော်၊ မန္တလေး အဲဒီမြို့နယ်ပေါ့။ ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်။ နောက်တစ်ချက်က ကျူရှင်တွေ Enroll ကိစ္စ ဘယ်ကပေါ်လာလဲဆိုတော့ ကျောင်းမတက်ဘဲနေရင် ရတယ်ဆိုတာ အဓိကက တရားမဝင်ကျူရှင်တွေကို နိုပ်ကွပ်ဖို့လိုတယ်။ နိုင်ငံတော်က တရားဝင်မှုကလည်းခွင့်ပြုထားခြင်း မရှိဘူး။ ကျောင်းတွေနဲ့အချိန်တိုက်ပြီးတော့ လုပ်တယ်။သူတို့ကိုလည်း ပြန်ပြီးဆွဲဆောင်တယ်။ ကျောင်းတွေမှာမတက်ကြနဲ့ ငါတို့ကျူရှင်မှာလာတက် ငါတို့က မင်းတို့ကို အောင်ပေးမှာဆိုပြီး လုပ်ပေးမယ်ဆိုပြီး အဲဒါတွေလုပ်ပေးတာတွေ ရှိတယ်။ အဲဒါကျောင်းကဆရာ၊ ဆရာမတွေကိုယ်တိုင်လုပ်နေတာ။အဲဒီကနေလုပ်ပြီးတော့ ဘယ်ကိုသွားကြလဲဆို တော့ International School မှာသွားတက်နေကြတာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလ တန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် ပြီးခဲ့သည့် မေ ၂၂ ရက်မှ ဇွန် ၅ရက်နေ့အထိ ပိတ်ရက်မရှိအခမဲ့ ထုတ်ယူပြီး မြို့နယ်ပညာရေးမှူးရုံးများသို့ ပြန်လည်တင်သွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲနွယ်ကုန်းဒေသတွင် စစ်ရေးပဋိပက္ခကြားမှ ငွေညှစ်ခံရမှုများနှင့် စစ်ဘေးရှောင်နေအိမ်များ ဖျက်ဆီးခံနေရ
RELATED POSTS
10 Oct 2026 | ပညာရေး,ပြည်တွင်း
08 Oct 2026 | ပညာရေး,ပြည်တွင်း
07 Oct 2026 | ပညာရေး,ပြည်တွင်း
