ထိုင်းနိုင်ငံတွင် ပထမဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူအတွက် နောက်ထပ် မင်္ဂလာပွဲတစ်ခုကို ဦးဆောင်ကျင်းပပေး
ဂျန်ဇက် (NSS) – မေ ၁၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ CHAIYAPHUM ပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ခု သည် ထိုင်းအင်တာနက်လောကတွင် လူစိတ်ဝင်စားသည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဘာကြောင့်လဲဆိုလျှင် အဆိုပါမင်္ဂလာပွဲကို ဦးဆောင်စီစဉ်ကျင်းပခဲ့သူသည် မင်္ဂလာဆောင် သတိုးသား၏ ဇနီး အကြီး (သို့မဟုတ်) ပထမဇနီး က ဦးဆောင်ကျင်းပခဲ့သည့်အတွက် လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မင်္ဂလာပွဲကို မေလ (၁၅)ရက်က Ban Nong Phai ရှိ အိမ်တစ်အိမ်တွင် ကျင်းပခဲ့ပြီး ကားအစီးရေ (၁၀) စီးကျော်နှင့် ဆိုင်ကယ်စီးနင်းသူ အများအပြား မင်္ဂလာပွဲတက်ရောက်ခဲ့ပြီး စည်ကားသော မင်္ဂလာလှည့်လည်ပွဲ တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
ပထမဇနီးဖြစ်သူ Yupin Thadthai က မင်္ဂလာပွဲကို အဓိကစီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒုတိယဇနီးဖြစ်လာမည့် Onuma Chanpheng ကို ကြိုဆိုရန် Witsanu Prangchaiyaphum ၏ တောင်းရမ်းစေ့စပ်ပွဲလှည့်လည်မှုကို ဦးဆောင်ခဲ့ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ သတို့သားဖြစ်သူ Witsanu Prangchaiyaphumသည် သတို့သမီးဘက်သို့ တင်တောင်းငွေအဖြစ် ထိုင်းဘတ် (၃၀၀,၀၀၀) နှင့် ရွှေများကိုလည်း တင်တောင်းခဲ့ပြီး မင်္ဂလာအခမ်းအနားကို မင်္ဂလာရှိသော အချိန်ဖြစ်သည့် မနက် (၉) နာရီ (၉) မိနစ်တွင် ကျင်းပခဲ့သည်။

အဆိုပါမင်္ဂလာပွဲတွင် သတိုးသားဖြစ်သူ Mr Witsanu နှင့် မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးခဲ့သည့် ပထမဇနီး Ms Yupin တို့သည် အိမ်ထောင်သက် (၂၀) ကျော်ရှိပြီး ကလေးတစ်ဦး ရှိကြသည်။ အဆိုပါ မင်္ဂလာပွဲအစီအစဉ်သည် နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
သတိုးသားဖြစ်သူ Mr Witsanu သည် ဒေသတွင်း sound system လုပ်ငန်း၊ online စီးပွားရေးလုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ အဆိုပါ အခမ်းအနားသည် အွန်လိုင်းတွင် အထူးအာရုံစိုက်ခံ ရပြီးလူအများ၏ တုံ့ပြန်မှုများ အမျိုးမျိုးရှိနေခဲ့ပြီး အချို့က အံ့အားသင့်ခြင်းရှိနေသလိုအချို့ကလည်း မိသားစု၏ ပွင့်လင်းမှုနှင့် ညီညွတ်မှုကို ချီးကျူးခြင်းအထိ အမျိုးမျိုး ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူနန်ပြည်နယ်ရှိ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံမှ မြန်မာအလုပ်သမား (၁၀၀) ကျော် ဖမ်းဆီးခံရဟု ဆို
RELATED POSTS
07 Aug 2026 | လူမှုရေး,ပြည်တွင်း
09 Jun 2026 | လူမှုရေး,ပြည်တွင်း
16 May 2026 | လူမှုရေး,နိုင်ငံတကာ
12 May 2026 | လူမှုရေး,ပြည်တွင်း
